Sunday, March 09, 2008

ရန်သူများနဲ.သူ







ငါလုပ်တိုင်းဖြစ်၊ငါသတ်တိုင်းသေ
ငါ..ငါလုပ်သမျှ၊ ဖြစ်သဗျလို.
တွေးပြီးယစ်မူး၊အာဏာရုးကြီး။


သင်သိစေရာ၊ပြောလိုက်မှာကား
သင့်သားမယား၊မိတ်ဆွေများကား
သင့်အားနွားပမာ၊စိတ်မှာထားလျက်
သင့်တွက်မတွေး၊သင့်ဘေးမပူ
သူတို.လိုရာ၊သူတို.ယူလျက်
ဖြစ်သမျှဒဏ်၊သင်ခံတော့လေ
သူတို.မျှော်တွေး၊ပျော်နေသေး၏။

နိုင်ငံတ၀ှန်း၊သတ်ချင်နေမှန်း
သင့်သားမယား၊သိသော်ငြားလည်း
ရပ်ပါ့အဖေ၊ကံကြီးတွေလို.
ဘယ်သူပြောတုံး၊သင်စဉ်းစားဦး။

အဆုံးတစ်ရက်၊ရောက်သည့်နေ.၀ယ်
သံဃာကိုသတ်၊ဘာသာဖျက်လို.
လုပ်သမျှကံ၊ခံရမည်မှာ
သင့်ဘာသာမှန်း၊သန်းရွှေလူမိုက်
သင်သိထိုက်ပြီ၊အချိန်မနှောင်းမီ။

1 comment:

  1. ကဗျာလေးကကောင်းတယ်
    သန်းရွှေကသိမှာမဟုတ်ဘူး
    မိုက်မှာပဲ

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်