မားမားရေ...
မားမားမရှိတော့တာကိုခုထိသမီးလက်မခံနိုင်သေးဘူးမားမားရယ်။မနက်မိုးလင်းလို့မျက်လုံးဖွင့်မယ်ပြင်တိုင်း
မှာမားမားငယ်ငယ်ကတည်းကအကျင့်လုပ်ပေးထားခဲ့တဲ့သရဏဂုံသုံးပါးကိုအရင်ရွတ်ရတယ်နော်။ဒီအခါတိုင်း
မှာမားမားကိုသိပ်လွမ်းမိတယ်။အရည်တစ်ခုခုသောက်တိုင်း၊အစားအစာတစ်ခုခုစားတိုင်းမှာသရဏံသုံးပါးကို
ရွတ်မိလေတိုင်း၊ဒီလိုအကျင့်ဖြစ်လာအောင်သင်ကြားပေးခဲ့တဲ့မားမားကိုသိပ်သတိရမိလို့သမီးဘာအစာကိုမှ
ကောင်းကောင်းမစားချင်ဘူးမားမားရယ်။သိပ်ကိုစိတ်ဓာတ်ခိုင်မာတဲ့၊ဆိုးဆိုးဝါးဝါးကင်ဆာရောဂါကြောင့်နာ
ကျင်မှုတွေကိုတောင်တစ်ချက်မှမငြီးတတ်တဲ့မားမားလိုမိခင်တစ်ယောက်နဲ့တူတဲ့သမီးတစ်ယောက်သမီးဖြစ်
အောင်ကြိုးစားနေပေမဲ့၊ယိုင်လဲမသွားအောင်ကျင့်ကြံအားထုတ်ခဲ့တဲ့တရားသာရှိနေခဲ့လို့ပါ။သမီးမားမားကို
သိပ်လွမ်းတယ်မားမားရေ။
ဒီနေ့အဖေနေ့တဲ့မားမားရယ်။ငယ်ငယ်ကတည်းကပါးပါးသမီး၊ပါးပါးကိုပဲချစ်တယ်၊မားမားကိုပါးပါးလောက်မ
ချစ်ပါဘူးလို့အမြဲပြောတတ်တဲ့သမီးလေ၊ခုတော့မျက်ရည်တွေနဲ့၊ဘယ်တော့မှပြန်မလာနိုင်တော့တဲ့မားမားကို
မားမားကိုသိပ်ချစ်တယ်မားမားလို့အရူးတစ်ယောက်လိုမားမားကြားအောင်ပြောချင်မိတယ်။(၃)နှစ်လောက်
မတွေ့ရတဲ့သမီးတစ်ယောက်ဟာကင်ဆာကြောင့်ဆရာဝန်ကမရတော့ပါဘူးလို့ပြောနေတဲ့ကြားကပဲ၊မားမား
ကိုသမီးကသေချာမပြုစုပေးနိုင်ခဲ့ဘူးနော်။နောက်ဆုံးသမီးတို့သားအမိတွေတွေ့ကြရတဲ့ရက်ကလေးဟာတစ်
ပတ်ကျော်ကျော်လောက်ပဲရှိပေမဲ့မားမားသမီးကိုစကားတွေအများကြီးပြောသွားခဲ့တယ်နော်။ပြောသမျှစကား
တွေမှာလဲနိုင်ငံအတွက်ဘာသာ၊သာသနာအတွက်သယ်ပိုးဆောင်ရွက်စေချင်တာတွေကြီးပဲနော်။တစ်ခါတုံးက
နင့်လမ်းကိုနင်လျှောက်ငါ့လမ်းကိုငါလျှောက်မယ်လို့မားမားပြောခဲ့တုံးကသမီးသိပ်ကိုဝမ်းနည်းကြေကွဲခဲ့ဖူးတယ်
နော်။အခုတော့တကယ်ပဲကိုယ့်လမ်းကိုကိုယ်လျှောက်ရတော့မယ်မားမားရဲ့။မားမားမရှိတော့တဲ့လမ်းဟာသိပ်ကို
ပူပြင်းနေတယ်။
သမီးစိတ်တွေ၊သမီးရဲ့ကြေကွဲဝမ်းနည်းမှုတွေကိုပုံမှန်ဖြစ်အောင်ပြန်ကြိုးစားနေပါတယ်။အားကိုးစရာမြတ်စွာ
ဘုရားရှင်ရဲ့တရားတော်တွေကိုအားထုတ်ရင်း၊ကြေကွဲမှုတွေကိုဖြေဖျောက်မိတိုင်းမှာသမီးဟာစိတ်ဓာတ်ပျော့ညံ့
တဲ့သမီးလားလို့ခပ်မာမာမေးတတ်တဲ့မားမားစကားသံကိုကြားယောင်လာမိတယ်။မြတ်စွာဘုရားရုပ်ပွားတော်မှ
ပင့်ယူမလာရရင်၊နိုင်ငံခြားကိုမလာဘူးဆိုပြီးခေါင်းမာတဲ့သမီးဆန္ဒကိုဖြည့်ပေးပြီးရအောင်ပင့်ပေးလာခဲ့တဲ့မားမား
ရဲ့ကျေးဇူးကြောင့်သမီးဟာမြတ်စွာဘုရားရှင်ကိုကန်တော့ခွင့်ရနေခဲ့ရတယ်။ဘုရားရှိခိုးပြီးရင်ကြေးစည်ကိုထုပြီးမှ
အမျှဝေတတ်တဲ့သမီးကိုကြေးစည်အကြီးကြီးသယ်လာပေးတတ်တဲ့မားမားကြောင့်သမီးဒီကြေးစည်လေးကိုထုပြီး
အမျှဝေခွင့်ရခဲ့တယ်နော်။ကြေးစည်သံကြားရတိုင်းမှာစီးကျလာတဲ့မျက်ရည်ကိုတော့သမီးမထိန်းနိုင်သေးဘူးမားမား
ရဲ့။
တစ်နေ့တော့သမီးစိတ်ကိုသေချာထိန်းနိုင်ပြီးမားမားဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးကိုဖြည့်ပေးမှာပါမားမားရယ်။
သမီးပြန်လာရင်ဘိုးဘွားရိပ်သာကိုသေချာလုပ်မယ်လို့ပြောတတ်တဲ့မားမားဆန္ဒကိုသမီးဘယ်တော့မှမမေ့ပါဘူး။
တစ်နေ့မှာမားမားဖြစ်စေချင်တဲ့ဘာသာ၊သာသနာအကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်တဲ့သမီးတစ်ယောက်ဖြစ်လာ
အောင်သမီးကြိုးစားမယ်လို့မားမားကိုဂတိပေးပါတယ်။
မားမားရောက်ရာဘ၀မှာငြိမ်းချမ်းပါစေ။
(မားမားရဲ့တစ်လပြည့်ရက်လေးမှာကျွန်မရင်ထဲမှာခံစားနေရတဲ့အပူတွေ၊ကျွန်မအမေနဲ့စကားသေချာမပြော
လိုက်ရတဲ့အတွက်ရင်နင့်နေအောင်ကြေကွဲခဲ့ရတဲ့ကျွန်မရဲ့ဝမ်းနည်းမှုတွေကိုပြေပျောက်လေမလားရယ်လို့
ကျွန်မမေမေကိုကျွန်မပြောချင်တာလေးတွေကိုကျွန်မလွတ်လပ်စွာလွမ်းခွင့်ရမဲ့ကျွန်မရဲ့ဘလော့လေးကနေ
လွမ်းလိုက်ပါတယ်)
Sunday, June 15, 2008
မားမားတစ်လပြည့်အမှတ်တရ
Wednesday, June 11, 2008
ချစ်တဲ့တိုင်းပြည်နှင့်ချစ်ရသောပန်းပွင့်ကလေးများ
ရွာလေးနာမည်ကပဒဲကောရွာတဲ့။
မုန်တိုင်းမလာခင်ကတော့ဒီရွာကလေးမှာဒေါ်ရှမ်းမဆိုတဲ့ငွေကြေးချောင်လည်တဲ့အမျိုးသမီးကြီးက
ညဘက်ဆိုရင်လမ်းမီးတွေထိန်နေအောင်ထွန်းပေးထားပြီး၊ကာရာအိုကေ၊ဖဲဝိုင်း၊အရက်ဝိုင်းစုံနေအောင်
ရှိတဲ့စည်ကားတဲ့ရွာကြီးတစ်ရွာရယ်လို့ဆိုကြပါတယ်။အခုတော့လည်းကျိုးတိုးကျဲတဲအမိုးအကာမရှိတဲ့အိမ်
ကလေးတွေနဲ့နွမ်းလျနေတဲ့ရွာသူရွာသားတွေကိုပဲတွေ့နေရပြီး၊တချိန်ကစည်ကားတဲ့ရွာကလေးဆိုတာမယုံ
နိုင်လောက်အောင်ပါပဲ။
ပဲ့တောင်ကြီးပေါ်ကနေဆင်းလိုက်ပြီးပြီးခြင်းမှာကျွန်မလှမ်းတွေ့ရတာကတော့၊မုန်တိုင်းကြောင့်အသက်မ
သေပဲကျန်ခဲ့တဲ့သူတို့တွေကိုပါပဲ။ဖိုးကံကောင်းတွေပဲဓာတ်ပုံရိုက်ကြလို့ပြောသံတွေကြားရပေမဲ့ခရီးလမ်း
တစ်လျှောက်လုံးမှာဘာဓာတ်ပုံကိုမှကျွန်မမရိုက်နိုင်ခဲ့ပါဘူး။ကျွန်မမောင်လေးသူငယ်ချင်းလေးကသာ
ဓာတ်ပုံတွေကိုဂရုတစိုက်မရိုက်ပေးခဲ့ရင်ဘာမှတ်တမ်းမှလဲကျွန်မလက်ထဲမှာရှိနေမှာမဟုတ်ပါဘူး။ဓာတ်ပုံ
တွေကိုရိုက်တဲ့သူကရိုက်ပေးပေမဲ့လည်းပုံလေးတွေကိုပြန်ကြည့်လိုက်တိုင်းမှာရင်ထဲမှာဆို့နင့်နေတာကြောင့်
ပုံတွေကိုကျွန်မဘလော့မှာများများစားစားမတင်ဖြစ်ခဲ့တာပါ။ကျွန်မမြင်ခဲ့ရတဲ့သူတို့တွေရဲ့အပူမျက်နှာ၊သောက
မျက်နှာတွေဟာကျွန်မကိုယ်ကျွန်မမှန်ထဲမှာပြန်ပြန်မြင်နေရသလိုပါပဲ။လောလောလတ်လတ်အမေတစ်ယောက်
ကိုဆုံးရှုံးထားခဲ့ရတဲ့ကျွန်မဟာသူတို့တွေရဲ့သောကတွေကိုကျွန်မရင်ထဲကိုအလုံးအရင်းနဲ့ကြေကွဲဝမ်းနည်းစေ
ပါတယ်။
မထင်မှတ်ပဲကလေးအုပ်စုတွေတန်းစီနေတဲ့ကြားမှာအသက်(၆)နှစ်လောက်ရှိမဲ့ကောင်မလေးတစ်ယောက်ကို
တွေ့လိုက်ရပါတယ်။ကလေးလေးတွေကိုအ၀တ်အစားတွေပေးရင်ကျွန်မကဆိုဒ်မျိုးစုံပါတဲ့အ၀တ်တွေကိုမွှေ
နှောက်ပြီး၊ကလေးတွေနဲ့တော်နိုင်လောက်တဲ့အ၀တ်လေးတွေကိုရွေးယူဖြစ်ပါတယ်။ကောင်မလေးအတွက်
ဂါဝန်လေးတွေ၊အနွေးထည်လေးတွေ၊စကပ်လေးတွေကိုသေချာရွေးပြီးသူလေးလက်ထဲကိုထည့်ပေးလိုက်
တော့ကလေးလေးကအမှတ်မထင်မြေကြီးပေါ်ထိုင်ပြီးကန်တော့ပါတော့တယ်။ရွာတွေမှာသွားလှူတိုင်းကိုယ့်
ထက်ငယ်သူတွေ၊ကြီးသူတွေကဒီလိုပဲထိုင်ထိုင်ကန်တော့ကြတာကိုတွေ့ရတတ်ပါတယ်။တွေ့ရတိုင်းမှာလဲ
ကျွန်မရင်တွေသိပ်နာကျင်မိပါတယ်။မရှိရှာလို့တောင်းစားနေကြရတဲ့ကျွန်မသိပ်ချစ်တဲ့၊ကျွန်မသိပ်မြတ်နိုးတဲ့
မြန်မာပြည်သူပြည်သားတွေကိုတွေ့လိုက်ရတိုင်းမှာ၊ကျွန်မဟာနာနာကြည်းကြည်းခံစားမိရတတ်ပါတယ်။
ကလေးမလေးကိုကျွန်မကမြေကြီးပေါ်ကဆွဲထူပေးရင်းကညီမလေးအားမငယ်နဲ့နော်လို့သူ့လက်ကလေးကို
ကိုင်ပြီးအားပေးနေမိပါတယ်။သူကလေးကတော့ကျွန်မကိုစိုက်ကြည့်ပြီးကျွန်မလုံးဝမထင်မှတ်ထားတဲ့မေးခွန်း
ကိုမေးခဲ့ပါတယ်။ဆရာမ..ဆရာမ..သမီးအမေတကယ်သေသွားတာလားတဲ့။ဒီမေးခွန်းကိုကျွန်မမေမေဆုံး
မှန်းသိရချိန်မှာ၊ကျွန်မဟာအရူးတစ်ယောက်လို့ပဲအထပ်ထပ်မေးခဲ့တာပါ။အခုလိုဖြုန်းကနဲမှာကလေးလေးတစ်
ယောက်ကမျက်ရည်တွေနဲ့မေးလာတော့ကျွန်မကလေးမလေးဘေးမှာထိုင်နေရက်ကတအားငိုမိတာပါပဲ။ဘေးက
ရွာသူရွာသားတွေရော၊ကျွန်မတို့နဲ့ပါလာသူတွေပါအလန့်တကြားဖြစ်သွားကြတာပါပဲ။ကလေးမလေးကိုကြည့်ပြီး
သိပ်သနားရလွန်းလို့ဒီကလေးအကြောင်းကိုသေချာမေးမိပါတယ်။သူ့မိသားစုအားလုံးသေသွားပြီးကလေးမလေး
ကတော့ကောက်ရိုးပုံလေးပေါ်တင်ကျန်ခဲ့တဲ့ကံကောင်းသူလေးပါ။သူကလေးလိုပဲမိဘနှစ်ပါးလုံးမရှိတော့တဲ့က
လေးလေးတွေ၊အမိမဲ့သွားတဲ့၊အဖမဲ့သွားတဲ့ကလေးလေးတွေများစွာကိုကျွန်မတွေ့ရတိုင်းမှာသူတို့တွေအတွက်
ကျွန်မတို့ဘာလုပ်ပေးရမလဲလို့တွေးမိတတ်ပါတယ်။ကလေးလေးတွေအတွက်ပါလာတဲ့အစားအသောက်၊အ၀တ်
အထည်တွေလောက်ထောက်ပံ့ပေးရုံလောက်နဲ့တော့သူတို့အနာဂတ်တွေကိုလှပလာစေမှာမဟုတ်ပါဘူး။
ကျွန်မသွားတဲ့ရွာစဉ်တွေမှာတွေ့ရတဲ့ကလေးလေးတွေဟာမိုးညိုလာရင်၊မိုးလေသံကြားရရင်သိပ်ကိုကြောက်ရှာ
တာကိုတွေ့ခဲ့ရပါတယ်။ကလေးတစ်ချို့ကတော့မိုးရွာသံကြားရင်တုန်နေအောင်ကြောက်ပြီးတစ်နေရာရာမှာငြိမ်
ကုပ်နေတတ်ကြပါတယ်။မျက်ရည်လေးတွေစိုနေတတ်တဲ့ဒီကလေးလေးတွေကိုကျွန်မတို့ဘာလုပ်ပေးကြမလဲ။
ဘိုကလေးမြို့ပေါ်မှာရှိနေတဲ့မိဘမဲ့ကလေးလေးတွေကိုစောင့်ရှောက်ပေးနေတဲ့ဘုန်းတော်ကြီးကျောင်းတစ်ချို့ကို
ကျွန်မရောက်ခဲ့ပါတယ်။လိုအပ်သမျှတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးရင်းကျွန်မစိတ်ဓာတ်ကျစွာတွေ့
ရှိရတာကတော့ကျွန်မတို့အင်အားနဲ့ဘယ်လိုမှကလေးလေးတွေရဲ့အနာဂတ်ကိုမဆိုထားနဲ့၊နေ့စဉ်စားဝတ်နေရေး
အတွက်ပြေလည်အောင်တောင်မှလုပ်မပေးနိုင်ပါဘူး။မိဘမဲ့ကလေး(၂၀၀)လောက်ကိုလက်ခံစောင့်ရှောက်ပေး
နေတဲ့ကျောင်းတစ်ကျောင်းကို၊ကလေးတွေရာပေါင်းများစွာရောက်လာတော့ဘုန်းတော်ကြီးတွေခမျာလဲမတတ်
နိုင်ကြတော့ပါဘူး။ယောင်္ကျားကလေးတွေကို၊ကိုရင်စည်းပေးထားပြီးမိန်းခလေးတွေကိုတော့သီလရှင်လေးတွေ
ဖြစ်ဝတ်ပေးထားကြတာများပါတယ်။ရွာစဉ်တွေကိုမဆိုထားဘိ၊ဘိုကလေးမြို့ပေါ်ကမိဘမဲ့ကျောင်းက၊ကလေး
လေးတွေဟာခြင်ထောင်မရှိ၊စောင်မရှိနဲ့အိပ်ကြရပါတယ်။ညမှောင်မှောင်ကြီးမှာကျွန်မတို့ရောက်သွားတော့
ကြမ်းပြင်မှာအတုံးအရုံးအိပ်ပျော်နေတဲ့ကလေးလေးတွေကိုကျွန်မစိတ်မကောင်းခြင်းကြီးစွာနဲ့တွေ့ခဲ့ရပါတယ်။
မနက်မိုးလင်းရင်တော့ဒီကလေးတွေဟာဈေးမှာ၊လမ်းပေါ်မှာသပိတ်လေးတွေ၊ဆန်တောင်းလေးတွေနဲ့လမ်းဘေး
မှာတောင်းယူနေတာကိုရင်နင့်စရာတွေ့ကြရပါတယ်။တကယ်တော့ဒီကလေးလေးတွေကိုစနစ်တကျနဲ့စောင့်
ရှောက်ပေးဖို့တကယ်လိုအပ်နေတာပါ။အရွယ်အလိုက်ကိုရင်သင်္ကန်းလေးတွေ၊စောင်တွေ၊ခြင်ထောင်တွေကို
ကျွန်မတို့နှစ်ယောက်ကိုခြင်ထောင်တစ်လုံးနှုန်းနဲ့လူစုံအောင်လှူပေးခဲ့ပါတယ်။လူစုံအောင်ဆိုလို့ကျွန်မတို့
ကျောင်းတိုင်းကလူတိုင်းစုံအောင်မပေးနိုင်ခဲ့ကြပါဘူး။
နိုင်ငံတကာသဘောင်္တွေပင်လယ်ဝမှာရောက်နေတယ်တဲ့။ဒီအချိန်တွေမှာကျွန်မတွေ့ရတဲ့သူတို့တွေဟာမျှော်
လင့်ချက်ရောင်ခြည်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ပါ။ဒုက္ခသည်တွေကိုသွားရောက်ကူညီနေတဲ့ကျွန်မတို့ကလဲ
တကယ်ပဲလာပြီးတို့ပြည်သူတွေကိုကယ်တော့မဟဲ့လို့မျှော်လင့်ထားခဲ့တာပါပဲ။ခုထိလဲနိုင်ငံတကာကသာတို့ပြည်
သူတွေကိုဝင်ပြီးကူညီရင်သိပ်ကောင်းမယ်လို့မျှော်လင့်မိတာပါပဲ။စစ်အစိုးရအနေနဲ့ဘာမှထိထိရောက်ရောက်အ
ကူအညီမပေးနိုင်လေတော့နိုင်ငံတကာများဝင်ရောက်လာရင်ကျွန်မတို့ပြည်သူတွေကိုပိုများအကူအညီပေးနိုင်
မလားရယ်ပေါ့။တကယ်တော့စစ်အစိုးရဟာနိုင်ငံတကာအကူအညီကိုဘယ်တော့မှလက်ခံဝံ့မယ်မဟုတ်ပါဘူး။
ကျွန်မတို့ရွာတွေကိုရောက်သွားတိုင်းမှာမုန်တိုင်းကိုသေချာမကြေငြာခဲ့တာတွေ၊ထိထိရောက်ရောက်သတိမပေး
ခဲ့တာတွေ၊မုန်တိုင်းပြီး(၃)ရက်လောက်ကြာမှသဘောင်္တစ်စင်းနဲ့တွေ့ကရာလူတွေကိုကောက်တင်ခေါ်သွားတာ
တွေ(မြစ်ပြင်ကျယ်ကနေခုတ်မောင်းပြီးတွေ့သလောက်လူကိုသာတင်ခေါ်သွားတာမျိုးပါ၊ဒဏ်ရာရနေသူတွေ၊အစာ
ရေစာမစားသောက်ရလို့အားအင်ချည့်နှဲ့နေသူပေါင်းများစွာဟာဒီအတိုင်းသေခဲ့ကြရပါတယ်)၊မုန်တိုင်းထပ်လာတာ
သိရက်နဲ့ဒုက္ခသည်တွေကိုသဘောင်္နဲ့အတင်းပြန်ပို့ခဲ့လို့သဘောင်္မှောက်ခဲ့ရတာတွေ၊သေနတ်ပြပြီးအနိုင်ကျင့်ခဲ့တာ
တွေ...စသည်ပေါင်းများစွာအတွက်သူတို့စိတ်မှာကြောက်လန့်နေကြတာပါပဲ။နိုင်ငံတကာက၀င်ရောက်လာခဲ့ရင်
ယုတ်မာပက်စက်တဲ့သူတို့အကြောင်းတွေဟာပိုးစိုးပက်စက်ပေါ်လာတော့မှာမို့ကြောက်လန့်တကြားဖြစ်နေခဲ့ကြ
တာပါ။စစ်အာဏာရှင်တွေဟာဘယ်တုံးကမှတရားသဖြင့်မလုပ်ခဲ့ကြပါဘူး။အခုလိုအပြစ်မဲ့တဲ့ကျွန်မတို့ညီကိုမောင်
နှမတွေသေခဲ့ရ၊ဒုက္ခတွေဝေလို့စားစရာမရှိ့ဖြစ်ပြီးသူတောင်းစားသာသာဘ၀ကိုရောက်နေတာတောင်မှသူတို့ရဲ့
အတ္တကိုဦးစားပေးနေကြတုံးပါပဲ။သူတို့ဒီလောက်ရက်စက်ကြလို့ဒုက္ခရောက်နေကြတဲ့တို့ပြည်သူတွေကများပုန်ကန်
ကြလေမလားရယ်လို့လဲမတွေးလိုက်ကြပါနဲ့။တကယ်တော့ရွာတွေမှာအတိဒုက္ခအကြီးအကျယ်ရောက်နေတဲ့ရွာသူ
ရွာသားတွေဟာစစ်အာဏာရှင်ကိုတော်လှန်ဖို့ဆိုတဲ့အတွေးကိုတွေးဖို့ဝေးလို့၊သူတို့ရဲ့စားဝတ်နေရေးအတွက်နဲ့
သေဆုံးသွားရတဲ့မိသားစုဝင်တွေအတွက်ပဲရင်တနင့်နင့်ဖြစ်နေကြရှာတာပါ။အခုဆိုရင်ပုဂ္ဂလိကအလှူရှင်တွေ
ဟာတော်တော်ပင်ပန်းနေကြပါပြီ။ငွေကြေးအရလည်းကျွန်မတို့ဘယ်လိုမှတောင့်မထားနိုင်ကြပါဘူး။လူမသိ၊သူ
မသိထပ်ထပ်သေနေတဲ့ဒုက္ခသည်တွေအတွက်ကျွန်မတို့ဘာလုပ်ပေးကြမလဲ။ပန်းပွင့်ကလေးတွေမြေပေါ်ဖြုတ်က
နဲကြွေကျသွားတိုင်းမှာကျွန်မတို့မကြွေခင်လိုက်ဖမ်းပေးနိုင်ကြပါ့မလား။ဘာမှကိုမသိတာပါဆိုပြီးငူငူကြီးတွေထိုင်
နေပြီးမျက်လုံးကြီးတွေကြောင်ပြီးကြည့်နေတတ်တဲ့အပြစ်ကင်းစင်ပြီးဖြူစင်တဲ့တောသူတောင်သားတွေကိုကျွန်မ
တို့ဘယ်လိုနည်းလမ်းတွေသုံးပြီးကယ်တင်ပေးကြမလဲလို့ကျွန်မတွေးနေမိပါတယ်။
Tuesday, June 10, 2008
ပြေးလို့ လွတ်ပါအုံးမလား ဝေဖန်မှုတွေ
တစ်ခါတုန်းက မြတ်စွာဘုရားဟာ အမျိုးသမီးတစ်ယောက်ကို သတ်ပါတယ်ဆိုပြီးစွပ်စွဲခံရပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေက ပြင်းပြင်းထန်ထန်ကို မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေကို စွပ်စွဲနေကြပါတယ်။ ဒီလိုစွပ်စွဲခံနေရတဲ့အတွက် ရှင်အာနန္ဒာက ဒီအရပ်ကို ခွာပြီး တစ်ခြားအရပ်မှာ ပြောင်းနေကြဖို့ မြတ်စွာဘုရားကို လျှောက်တယ်။
“ချစ်သား အာနန္ဒာ၊ တစ်ခြားအရပ်ကလဲ အခုလိုပဲ ဝေဖန်ကြပြန်ရင်ရော” လို့ မိန့်တော်မူတယ်။
ရှင်အာနန္ဒကလဲ နောက်ထပ်လျှောက်တင်ပြန်တယ် “အဲ့ဒီလိုဖြစ်နေပြန်ရင်လဲ နောက်တစ်နေရာ ပြောင်းကြမှာပေါ့ဘုရား”
ဒီတော့ မြတ်စွာဘုရားသခင်က “ဒီလိုဆိုရင်တော့ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးသာ ကုန်သွားမယ်။ ငါတို့တွက် နေစရာရှိတော့မှာ မဟုတ်ဘူး။ ချစ်သား အာနန္ဒာသည်းခံပါ။ ဒီပြစ်တင် ဝေဖန်မှုတွေဟာ မကြာခင် သူ့အလိုလို ရပ်သွားမှာပါ” လို့ မိန့်တော်မူတယ်။
Sunday, June 01, 2008
စစ်တပ်ကမခိုးဘူးဆိုပဲ
ကျွန်မမြန်မာပြည်မှာပထမဆုံးတွေ့ရတာကတော့အင်မတန်မှကြွားလုံးတွေထုတ်ပြီး၊မိုးလုံးပြည့်နေတဲ့မုသာ
ဝါဒပိုင်ရှင်စစ်အစိုးရလုပ်ရပ်တွေကိုပါ။စစ်အစိုးရမှကယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးသွားပါပြီဆိုတဲ့နေ့က
မှတ်မှတ်ရရကျွန်မကဘိုကလေးကိုရောက်သွားခဲ့ပါတယ်။ကျွန်မရွာတွေကိုသွားဖို့ဒီဇယ်တွေကိုဘိုကလေး
မှာရှိနေတဲ့ကျွန်မသူငယ်ချင်းကစစ်သားတွေခိုးပြီးလာရောင်းတဲ့ဒီဇယ်တွေဝယ်မိခဲ့တာပါ။ဘိုကလေးမှာစစ်
သားတွေခိုးရောင်းနေတဲ့သွပ်တွေ၊မိုးကာဖျင်စတွေ၊ဘီစကွတ်တွေကိုသူတို့လာရောင်းမိတာကကျွန်မတို့လိုပြည်
သူတွေကိုပါ။ကျွန်မကတော့ဘယ်ခိုးရာပါကိုမှလက်မခံချင်ပေမဲ့သူတို့ပြောတာကိုသေချာနားထောင်ပြီးစိတ်မ
ကောင်းပဲဖြစ်ရပါတယ်။ဘိုကလေးမှာတပ်စွဲထားတာတပ်မ(၆၆)ကဖြစ်ပါတယ်။တပ်မတော်ကြီးကိုသိက္ခာချ
တယ်ဖြစ်မှာစိုးလို့စိတ်တော့မကောင်းပါဘူး။ကျွန်မကိုယ်တိုင်လဲသူတို့မှာစားစရာမရှိလို့လာရောင်းနေတာပါလို့ နားလည်ပေးလိုက်ပါတယ်။သွပ်တွေကိုကားတွေပေါ်ညဘက်ခိုးတင်ပြီးဂိုဒေါင်ကခိုးထုတ်ရောင်းတာတွေကိုတော့
ညဘက်တွေမှာစောင့်ဖမ်းနိုင်ရင်မိနိုင်ပါရဲ့။ကားတွေနဲ့ကဲ့ပြီးတင်နေတာဖြစ်ပြီး၊ကားနံပါတ်တွေကိုလဲကျွန်မသေချာ ရထားပါတယ်။ဝယ်ထားပြီးတဲ့သူတွေကိုအင်တာဗျူးများတောင်လုပ်ချင်ရင်လက်ခံမဲ့သူများလဲရှိပါတယ်။(တပ်မ တော်ကြီးကိုမေတ္တာရှိသူများပေါပါဘိတော့)။
တကယ်တော့ဘလော့မှာဒီကိစ္စတွေကျွန်မသိပ်စိတ်ပါလက်ပါမရေးချင်ပါဘူး။တကယ်တမ်းရေးလိုက်ရင်
ဒုက္ခရောက်ရမှာကအောက်ခြေကတပ်မတော်သားတွေဖြစ်မှာမို့ကျွန်မလက်ရှောင်နေချင်တာအမှန်ပါပဲ။
ဒီနေ့ဘလော့တစ်ခုကိုမရည်ရွယ်ပဲရောက်သွားခဲ့ပြီးတပ်မတော်သားတွေခိုးရောင်းရင်ထောင်ဒဏ်နှစ်(၂၀)
လို့ရေးထားတာတွေ့တော့ကျွန်မတော်တော်စဉ်းစားသွားပါတယ်။ကျွန်မကိုယ်တိုင်ကြုံခဲ့ရတာတွေကအိမ်
မက်တစ်ခုတော့မဟုတ်ပါဘူး။စားစရာမရှိလို့ငတ်သေသွားတာပါလို့ပြောတာတွေကိုနားနဲ့သေချာကြားခဲ့
ရတာတွေ၊သူတို့စားဖို့နေလှန်းထားတဲ့ဆန်တွေဟာရေစိုနေပြီးပွနေလေတော့၊ချက်လိုက်ရင်ဝက်စာလိုဖြစ်
နေတာတွေကိုစားနေတာကိုကျွန်မမြင်ခဲ့ရတာတွေ၊ဘာအကူအညီမှမရောက်လာလို့ထဘီ၊လုံခြည်တောင်
ဝတ်စရာမရှိသူတွေ၊ဒါတွေကိုကျွန်မမျက်လုံးထဲမှာ၊ကျွန်မရင်ထဲမှာမြင်ယောင်နေမိတုန်းပါပဲ။မနက်မိုးလင်း
ပဲ့တောင်ပေါ်ပစ္စည်းတွေမတင်ခင်မှာရပ်ရွာတွေကဘုန်းကြီးဟာမျက်နှာငယ်ငယ်လေးတွေနဲ့လာရောက်ကြ
ပြီးသူတို့ရွာတွေအတွက်ပစ္စည်းတွေကိုလာရောက်အလှူခံကြပါတယ်။အင်မတန်ငယ်နေတဲ့မျက်နှာလေး
တွေနဲ့မြို့နယ်သံဃနာယကထောက်ခံစာတွေကိုယူဆောင်လာခဲ့ကြပြီး၊လျှောက်လွှာတင်ထားခဲ့ရမလားလို့
လာလာမေးတတ်ကြပါတယ်။ကျွန်မသိပ်ချစ်တဲ့မြန်မာပြည်၊သိပ်လေးစားတဲ့သာသနာ့ဝန်ထမ်းရဟန်းတွေက
အခုလိုမျက်နှာအင်မတန်ငယ်စွာနဲ့လာပြီးအလှူခံနေရတဲ့အဖြစ်ကိုကျွန်မသိပ်ကိုရင်နာရပါတယ်။တကယ်လို့
များစစ်အစိုးရကမခိုးပဲ၊မ၀ှက်ပဲ၊တိုင်းပြည်မှာတကယ်ပဲကယ်ဆယ်ရေးတွေသေချာလုပ်ပေးနေရင်၊ကိုယ်တိုင်
ပိုက်ဆံမရှိပေမဲ့နိုင်ငံတကာကိုအရှက်မဲ့ပြီးသူတောင်းစားလိုတောင်းထားတဲ့ငွေတွေနဲ့ပဲဒုက္ခသည်တွေကိုထောက်
ပံ့ပေးနေရင်၊နိုင်ငံတကာကစေတနာနဲ့လှူထားတာတွေကိုဒုက္ခရောက်နေတဲ့ပြည်သူတွေလက်ထဲကိုတကယ်
ထည့်ပေးခဲ့ရင်၊အခုလိုရင်နာစရာအဖြစ်တွေကိုမြင်ရ၊ကြားရမှာမဟုတ်ပါဘူး။ဘုန်းကြီးတွေဟာသံဃနာယကရဲ့
ထောက်ခံစာလေးကိုကိုင်ပြီး၊ရပ်မိရပ်ဖရွာလူကြီးများနဲ့ရွာပေါင်းများစွာကနေရောက်လာခဲ့ကြတာပါ။တချို့များ
တည်းခိုစရာကျောင်းမရှိလို့လှေပေါ်မှာညအိပ်ရရှာတဲ့ကိုယ်တော်တွေ၊ဆွမ်းချိန်ကျော်သွားလို့ဆွမ်းငတ်သွားရ
တဲ့ကိုယ်တော်တွေ၊ဆရာတော်ကြီးမှာအမိုးမရှိလို့ညဘက်မှာထိုင်ခုံပေါ်အိပ်ရာရှာတယ်လို့ပြောပြောငိုတဲ့ရွာလူ
ကြီးတွေကိုကျွန်မရင်နာစွာနဲ့တွေ့ခဲ့ရပါတယ်။ဒီရွာတွေကိုစာရင်းသေချာယူပြီးကျွန်မကိုယ်တိုင်ရွာတွေမှာလိုအပ်
တာတွေကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။ဒီလူတွေကိုအလှူခံအတုတွေလို့တော့ပြောကြမယ်လို့တော့မထင်ပါဘူး။
စစ်အစိုးရကကျွန်မတို့မြန်မာပြည်သူတွေအတွက်ဘာလုပ်ပေးနေပါသလဲ။ကျွန်မဟာပြည်သူတစ်ယောက်ပါ။
ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာကျွန်မတို့ညီကိုမောင်နှမတွေပါ။ကျွန်မတို့လိုစေတနာရှင်ပြည်သူတွေကသွား
ရောက်လှူဒါန်းနေတာကိုဘာကြောင့်မိုက်မိုက်ရိုင်းရိုင်းလက်မခံရတာပါလဲ။ကိုယ်တိုင်ထိထိရောက်ရောက်မကူ
ညီနိုင်ပဲမြစ်ကမ်းနဘေးမှာပေါက်နေတဲ့အပင်တွေကိုစား၊ချောင်းထဲကငါးတွေကိုရှာစားပြီးအသက်ရှင်လို့ရတယ်
ဆိုရင်တော့စစ်တပ်အကြီးအကဲအာဏာရူးသန်းရွှေနဲ့တိုင်းပြည်ကိုမချစ်တဲ့မျိုးမစစ်တပ်မတော်သားများကိုပြော
လိုက်ချင်ပါတယ်။ဒီလောက်ကောင်းတဲ့စေတနာ၊မေတ္တာတွေအတွက်တွင်းကောင်းကောင်းတူးပြီးသေဖို့သာပြင်
ထားကြပါတော့လို့ပြောလိုက်ချင်ပါဘိ။
Saturday, May 31, 2008
ကျွန်မကြုံခဲ့ရတဲ့မုန်တိုင်းရဲ့နောက်ကွယ်မှာ
တကယ်တော့စာမရေးချင်လောက်အောင်စိတ်ပင်ပန်းနေခဲ့တာပါ။သူငယ်ချင်းတီးနဲ့တွေ့လို့ကျွန်မ
ကအဖြစ်အပျက်တချို့ကိုပြောပြထားပါတယ်။သူ့ဘလော့မှာတင်လိုက်တော့စီဘောက်မှာသူ့ခမျာ
လာလာဆဲတာခံရတာကိုစိတ်မကောင်းစွာပဲတွေ့လိုက်ရပါတယ်။ဒီလိုအဖြစ်အပျက်မျိုးတွေကို
မြန်မာပြည်မှာလည်းကျွန်မတွေ့ခဲ့၊ကြုံခဲ့ရပါတယ်။အလှူပစ္စည်းတွေကိုစစ်အစိုးရဂိုဒေါင်တွေမှာ
ကိုယ်တိုင်တွေ့ခဲ့ရ၊လှူတဲ့ပစ္စည်းတွေကိုရ.ယ.ကတွေ၊ကြံ့ခိုင်ရေးတွေကကိုယ့်မျက်စိရှေ့တင်
ခိုးယူနေကြတာတွေကိုကျွန်မရင်နာစွာနဲ့တွေ့ခဲ့ရပါတယ်။အဆိုးဆုံးကတော့ဒုက္ခရောက်နေတဲ့
ရွာတွေကရ.ယ.ကတွေကိုယ်တိုင်ကရွာသားတွေကိုခွဲဝေပေးခြင်းမရှိတာတွေပါပဲ။ကျွန်မပထ
မတစ်ခေါက်ဧရာဝတီတိုင်းကိုသွားခဲ့စဉ်ကဘိုကလေးအနီးပတ်ဝန်းကျင်ရွာတစ်ချို့ကိုပဲဖြစ်ပါ
တယ်။ဒုတိယတစ်ခေါက်ကတော့ဘိုကလေးမှာ(၅)ရက်လောက်နေပြီးပဲ့တောင်ငှားပြီးပင်လယ်
ပြင်ဘက်ကခပ်ဝေးဝေးရွာတွေကိုထွက်လှူခဲ့ပါတယ်။ပဲ့တောင်ကြီးပေါ်ကိုတစ်နေ့ကိုဆန်အိတ်
၁၀၀ကျော်တင်ပြီးတခြား ဆီ၊ဆား၊မုန့်မျိုးစုံ၊ငါးပိထောင်းဗူး၊ငါးသေတ္တာ၊ခေါက်ဆွဲမျိုးစုံ၊ခြင်ထောင်
စောင်၊ရေခွက်၊စတီးပန်းကန်ဆိုက်စုံ၊ရေဗုံး၊ရေသန့်ဆေး၊ဖယောင်းတိုင်၊မီးခြစ်၊ခြင်ဆေးခွေ၊သကြား
လုံး၊မိုးကာဖျင်လိပ်၊မိုးကာဖျင်အိတ်၊ကလေးဝတ်၊လူကြီးဝတ်၊မိန်းမ၀တ်၊ထဘီ၊ပုဆိုး၊အိုးခွက်၊သကြား
စသဖြင့်အမျိုးစုံအောင်တင်ယူသွားခဲ့ပါတယ်။ရွာတစ်ရွာကိုရောက်တာနဲ့ယောကျာင်္း၊မိန်းမ၊ကလေး၊
သက်ကြီးရွယ်အိုသတ်သတ်စီနေစေပါတယ်။ပြီးရင်တော့လူတစ်ကိုယ်စာစုံလင်အောင်ဝေပေးရပါ
တယ်။ကျွန်မသွားခဲ့တဲ့ရွာတွေဟာဘိုကလေးကနေသွားရင်အနည်းဆုံးရေစုန်နဲ့သွားခဲ့တာတောင်မှ
(၄)နာရီလောက်သွားရတဲ့နေရာတွေဖြစ်ပါတယ်။ဒါကြောင့်လဲရွာတစ်ရွာထဲမှာအချိန်အကြာကြီး
ကျွန်မတို့မပေးနိုင်ခဲ့ပါဘူး။ပစ္စည်းအမျိုးကများလေတော့ဝေရတာကြန့်ကြာတဲ့ဆန်နဲ့ဆီကိုကျွန်မတို့
ကရွာသူရွာသားတွေရှေ့မှာစုပုံထားပြီးရွာလူကြီးများကိုဝေစေပါတယ်။ကျွန်မတို့ကတော့နောက်တစ်
ရွာကိုခရီးဆက်ကြပါတယ်။ဒီလိုဆုံးဖြတ်တိုင်းမှာကျွန်မလက်ကိုဖြစ်စေ၊ကျွန်မအကျီင်္စလေးကိုဖြစ်စေ
အမျိုးသမီးတစ်ချို့ကလာလာဆွဲပြီးကျွန်မတို့ကိုပစ္စည်းတွေကိုဒီလိုမထားခဲ့ပါနဲ့၊တစ်ခါတည်းဝေသွားခဲ့
ပါနော်လို့တောင်းပန်ကြပါတယ်။ဒီလိုအခါတိုင်းမှာကျွန်မရင်ထဲမှာသိပ်ကိုမွန်းကြပ်ပြီးသက်ပြင်းမော
ကြီးကိုချမိရတာပါပဲ။ကဲ..တစ်ခါတည်းဝေမယ်လို့ခပ်မြန်မြန်ဆုံးဖြတ်ပြီးကိုယ်တိုင်ဝေခဲ့ရတာများပါ
တယ်။ဒါဟာရွာတိုင်းတော့မဟုတ်ပါဘူး။ဒါပေမဲ့ရွာတိုင်းလောက်နီးနီးပါပဲ။
စစ်အစိုးရကကြော်ညာလိုက်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးပါပြီဆိုတဲ့နေ့ဟာကျွန်မဘိုကလေးကို
ရောက်တဲ့နေ့ဖြစ်ပါတယ်။ကျွန်မရောက်ခဲ့တဲ့ရွာတွေတော်တော်များများဟာအစိုးရဆီကအကူအညီ
ကိုဆန်တစ်စေ့တောင်မရသေးကြပါဘူး။ကျွန်မရင်ကိုနာပြီးရင်းနာစေတဲ့အဖြစ်တွေကတော့တန်းစီ
ပြီးအကူအညီပစ္စည်းတွေကိုစောင့်ယူနေတဲ့ရွာသားတွေဟာစိတ်ဓာတ်ပိုင်းဆိုင်ရာသိပ်ကိုကျဆင်း
နေတာပါပဲ။ပစ္စည်းရပြီးပြီလားဆိုရင်တောင်မျက်လုံးကြီးတွေပြူးပြီးပြန်ကြည့်နေတာတွေ၊ကျွန်မတို့
ကိုကြည့်ပြီးအမေ့သမီးကိုသတိရလိုက်တာဆိုပြီးလာလာဖက်ငိုတာတွေ၊ညည်းဒေါ်ကြီးအလောင်း
ကိုတောင်ပြန်မရပါဘူးသမီးရယ်၊ညည်းဦးကြီးအလောင်းကိုနေ့တိုင်းသွားရှာတယ်လို့ငိုယိုပြောနေ
တာတွေ..ကျွန်မရင်ထဲမှာဘယ်တော့မှမမေ့နိုင်လောက်အောင်နာကြည်းဝမ်းနည်းခဲ့ရပါတယ်။
တစ်ခါမှမမြင်ဖူးခဲ့တဲ့သူတို့ကိုရင်ခွင်ထဲမှာထားပြီးအင်မတန်သနားတတ်တဲ့ကျွန်မဟာသူတို့နဲ့ရော
ပြီးငိုခဲ့ရပါတယ်။ကျွန်မလဲအဒေါ်တို့၊ဦးကြီးတို့နဲ့ဘ၀တူပါ၊မနေ့ကမှကျွန်မမေမေရက်လည်ပြီးတာပါ
လို့သူတို့ကိုပြောပြရပါတယ်။လေတိုက်တာနဲ့လှိုင်းရှိတဲ့ဒီနေရာတွေမှာကျွန်မလှိုင်းမူးလို့နေ့တိုင်း
အန်ရပါတယ်။ဘိုကလေးမြို့ကိုပြန်ရောက်ရင်ဆေးသွားထိုးပြီး၊နောက်နေ့တွေအတွက်အင်အား
မွေးရပါတယ်။မျက်လုံးတွေမှိတ်လိုက်တိုင်းမှာတရိပ်ရိပ်မူးပြီးလှိုင်းစီးနေရသလိုခံစားနေရတဲ့ဒီ
ဝေဒနာထက်ကျွန်မသိပ်ချစ်တဲ့မြန်မာပြည်သူပြည်သားတွေကိုကျွန်မကိုယ်တိုင်အားမပေးနိုင်မှာ
ကိုကျွန်မစိတ်ပူမိပါတယ်။
ကျွန်မတို့ပုဆိုးအသစ်(၁)ထည်၊အဟောင်း(၂)ထည်လောက်နဲ့လူတိုင်းကိုလှူပါတယ်။ကျွန်မလှူ
ထားတဲ့ပုဆိုးအသစ်၊ထဘီအသစ်လေးတွေကိုမြေကြီးပေါ်မှာခင်းထားကြပြီး၊ဆန်တွေ၊ပစ္စည်းမျိုးစုံ
ကိုကျွန်မကပုဆိုး၊ထဘီလေးတွေပေါ်တင်ပေးရပါတယ်။ပစ္စည်းတစ်ခုကိုပုဆိုး၊ထဘီလေးပေါ်ကိုတင်
လိုက်ရတိုင်းကျွန်မမျက်ရည်ကျချင်မိပါတယ်။ငါတို့မြန်မာရယ်လို့ဇာတိမာန်အင်မတန်ရှိကြတဲ့ကျွန်မ
တို့မြန်မာပြည်သူပြည်သားတွေဟာလမ်းဘေးမှာသူတောင်းစားတွေလိုပုဆိုးလေးခင်းပြီးပေးသမျှကို
မျှော်နေကြရတဲ့အဖြစ်ဟာကျွန်မရင်ကိုသိပ်ကိုနာကြည်းစေပါတယ်။စစ်အစိုးရဆီကဘာအကူအညီမှ
မရပါဘူးလို့သူတို့တွေကခပ်အေးအေးပြောနိုင်ပေမဲ့၊ဂိုဒေါင်တွေမှာ၊ဈေးတွေမှာကျွန်မကိုယ်တိုင်တွေ့ခဲ့
ရတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကြောင့်ကျွန်မကတော့ခပ်အေးအေးမပြောနိုင်ခဲ့ပါဘူး။ပစ္စည်းတွေရှိနေ
ပါတယ်၊နောက်ကိုအများကြီးရောက်လာမှာပါလို့မရောက်လာနိုင်တာသိရက်နဲ့သူတို့ကိုကျွန်မရင်နာနာ
နဲ့ညာပြောခဲ့ရပါတယ်။ရွာတွေမှာကျွန်မမေးခဲ့မိတဲ့မေးခွန်းတစ်ခုကတော့မုန်တိုင်းဖြစ်မှာမသိကြဘူး
လားဆိုတဲ့မေးခွန်းပါ။တော်တော်များများဟာမသိကြပါဘူး။သူတို့ဆီမှာရေဒီယိုမရှိဘူးလို့ဆိုကြပါရဲ့။
ရေဒီယိုရှိပေမဲ့လေတိုက်နှုန်း၅၀လောက်ပဲရှိတယ်လို့ပြောထားပြီး၊လေတွေမိုးတွေစတိုက်မှတစ်နာရီ
၁၅၀နှုန်းပြောတော့သေတာပေါ့၊မချိမဆန့်သေတာပေါ့လို့ငိုပြီးပြောကြပါတယ်။စစ်အစိုးရဟာမုန်တိုင်း
မတိုက်ခင်မှာသတိပေးတာကိုသေချာမလုပ်ခဲ့ပါဘူး။မုန်တိုင်းပြီးလို့လူတွေအများကြီးသေပြီးတာတောင်
ကယ်ဆယ်ရေးသဘောင်္တွေကချက်ချင်းမရောက်ပဲနှစ်ရက်ကျော်မှသဘောင်္တွေရောက်လာခဲ့ပါတယ်။
အခုလက်ရှိလဲဒုက္ခရောက်နေသူတွေအတွက်ဘာတစ်ခုမှထိထိရောက်ရောက်မကူညီခဲ့ပါဘူး။ကျွန်မပြော
ချင်တဲ့ထိထိရောက်ရောက်ဆိုတာကဒီလိုပါ။ကျွန်မသွားလှူခဲ့တဲ့ပစ္စည်းမျိုးစုံကိုမဆိုထားနဲ့၊ပဲ့တောင်ငှားခ
တစ်နေ့ကိုမြန်မာငွေငါးသောင်းကျပါတယ်။ဆီဖိုးမပါသေးပါဘူး။ကျွန်မသွားလှူတဲ့ပစ္စည်းတွေကလည်းဘယ်
အဖွဲ့အစည်း၊ဘယ်မျက်နှာစိမ်းရဲ့အကူအညီမှမရယူခဲ့ပါဘူး။ကျွန်မတို့မိသားစု၊ကျွန်မဖေဖေရဲ့တပည့်များနဲ့
ကျွန်မမေမေရဲ့နာရေးအလှူငွေတွေကိုသွားရောက်လှူဒါန်းခဲ့တာပါ။ဒီလိုပစ္စည်းမျိုးစုံကိုကျွန်မတို့ဘယ်နှစ်
ခေါက်များသွားရောက်လှူနိုင်မှာပါလဲ။ကျွန်မတို့လှူတဲ့ပမာဏဟာရွာသူရွာသားတွေအတွက်နှစ်ရက်စာ
ရိက္ခာလောက်ပဲရှိပါတယ်။ဒီတစ်ခေါက်တင်သိန်း(၅၈၀)ကျော်ပါတယ်။ရွာတွေကိုရောက်ဖို့တင်လမ်းမှာ
(၄)နာရီကျော်လောက်ကြာတဲ့အတွက်ခရီးကလဲမတွင်လှပါဘူး။ကျွန်မရွာပေါင်း၂၀၀ကျော်လောက်ကို
ရောက်ခဲ့ပေမဲ့ကျွန်မတို့မရောက်ခဲ့တဲ့ရွာတွေကတော့အများကြီးရှိနေပါတယ်။စစ်အစိုးရအနေနဲ့ထိထိ
ရောက်ရောက်လှူဒါန်းလိုရင်၊ရဟတ်ယာဉ်လေးနဲ့သွားလိုက်ပစ္စည်းလေးတွေချပေးလိုက်ရုံပါပဲ။ရဟတ်
ယာဉ်ဆိုလို့ဟာသလေးတစ်ပိုဒ်တော့ပြောချင်ပါရဲ့။ဘိုကလေးမြို့၊အ.ထ.က(၁)ကဒုက္ခသည်အမေကြီး
တစ်ယောက်ရဲ့အတွေ့အကြုံလေးပါ။တစ်ရက်တော့ဘိုကလေးမြို့ပေါ်ကဒုက္ခည်တွေကိုကွင်းပြင်ကြီးမှာစု
နေစေပါသတဲ့။ပြီးတော့ဗီဒီယိုတွေရိုက်ပါသတဲ့။သိပ်မကြာခင်ပဲရဟတ်ယာဉ်တစ်စင်းမိုးပေါ်ကနေပျံလာ
ပြီးဒုက္ခသည်တွေကိုလက်ပြပါသတဲ့။ဒုက္ခညည်တွေကလဲဝမ်းသာအားရလက်ပြကြပါသတဲ့။ပြီးတော့ရဟတ်
ယာဉ်ကြီးပေါ်ကနေပစ္စည်းတွေကိုကြဲချလေတော့ဝမ်းသာအားရကောက်ယူကြတာ၊လူတွေများတောင်နင်းမိ
ကြကုန်သတဲ့။ရဟတ်ယာဉ်ကြီးပေါ်ကနေကြဲချပေးတာကတော့ယမ်ယမ်ခေါက်ဆွဲတွေဆိုပဲ။အထုပ်ရေကတော့
(၂၃)ထုပ်တဲ့။ကြားလို့ကောင်းကြရဲ့။
(မြန်မာပြည်၊ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှအချက်အလက်များကိုကျွန်မတွင်စာရွက်အထောက်အထား၊
ဓာတ်ပုံအထောက်အထား၊ဗီဒီယိုအထောက်အထားများပါရှိပါတယ်။မယုံကြည်နိုင်သူများရှိပါကLovelycherry
702@gmail.com)ကိုလာရောက်စုံစမ်းမေးမြန်းနိုင်ပါကြောင်း။စစ်အစိုးရယုတ်မာပုံနှင့်ပတ်သတ်၍ရှေ့ဆက်ပြီး
အမှန်တရားများကိုဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း)
Friday, May 30, 2008
မားမားကောင်းရာသုကတိလားပါစေ
ကျွန်မဘ၀မှာဘယ်တော့မှမမေ့နိုင်လောက်အောင်ကြေကွဲဝမ်းနည်းခဲ့ရတဲ့အချိန်တစ်ခုကိုဖြတ်သန်းခဲ့ဲ့ရ
ပါတယ်။ကျွန်မမေမေတော်တော်နေမကောင်းဖြစ်နေခဲ့တဲ့အချိန်မှာသူ့သမီးကျွန်မကတော့မုန်တိုင်း
ကြောင့်ဒုက္ခရောက်ခဲ့သူတွေကိုသွားရောက်ကယ်တင်ဖို့စိတ်သန်နေခဲ့တာပါ။အ၀တ်အထည်တွေ၊
ဆန်၊စားစရာတွေမျိုးစုံကိုစိတ်ထက်သန်စွာနဲ့ပြင်ဆင်ပေးနေချိန်မှာ၊အိပ်ရာထဲကနေကျွန်မမေမေ
ကတော့ကျွန်မကိုခပ်ငေးငေးပဲကြည့်နေရှာခဲ့ပါရဲ့။မေမေ့လက်ကလေးကိုဆုပ်ကိုင်ပြီးသမီးဧရာဝ
တီတိုင်းကိုသွားမှဖြစ်မယ်၊သမီးပြန်လာမယ်နော်၊သွားရမလားလို့မေးတော့လည်း၊အသဲခိုက်
အောင်နာကျင်နေတဲ့ကြားကပဲကျွန်မကိုခေါင်းညိတ်ပြခဲ့ပါတယ်။စကားတောင်များများ
မပြောနိုင်တဲ့ကျွန်မမေမေကိုထားခဲ့ပြီး၊ယုံကြည်ထက်သန်ရာကိုလုပ်ဆောင်ဖို့ထွက်လာခဲ့မိပါတယ်။
ကျွန်မမေမေဆုံးတဲ့အချိန်မှာကျွန်မကတော့လူတကိုယ်စာသုံးနိုင်လောက်တဲ့အထုပ်လေး
တွေကိုခေါင်းမဖော်နိုင်အောင်ထုတ်ပေးနိုင်ချိန်ပဲဖြစ်ပါတယ်။မနက်မိုးလင်းလို့အမေဆုံးပြီ
ဆိုတာကိုသိရချိန်မှာတောင်ကျွန်မကရန်ကုန်နဲ့ခပ်ဝေးဝေးမှရှိနေခဲ့တာပါ။သတင်းကြား
ကြားခြင်းမှာကျွန်မဟာအရူးတစ်ယောက်လိုပဲမားမားတကယ်သေတာလား၊မားမားတ
ကယ်မရှိတော့ဘူးလားလို့ကျွန်မဖေဖေကိုမေးမိတာအကြိမ်များစွာပါပဲ။မားမားဆုံးသွား
ချိန်မှာသူအင်မတန်ချစ်တဲ့ယောင်္ကျားနဲ့သမီးဟာသူ့အနားမှာရှိမနေခဲ့တာကိုမားမား
ခွင့်လွှတ်နိုင်မယ်လို့ကျွန်မမျှော်လင့်မိပါတယ်။မျက်ရည်တွေကြားကသည်းသည်းထန်
ထန်ငိုနေတဲ့ကြားကပဲ၊ပစ္စည်းတွေကိုဟိုးပင်လယ်ထဲကရွာတွေကိုရောက်အောင်ပို့ပေး
နိုင်ဖို့စီစဉ်ကြရပါတယ်။
ကျွန်မအိမ်ကိုပြန်ရောက်ချိန်မှာအိမ်ကအသုဘအိမ်တစ်ခုအဖြစ်ပြင်ဆင်ထားတဲ့မြင်
ကွင်းကိုတွေ့လိုက်ရပါတယ်။အိမ်ရှေ့မှာလဲကျွန်မမေမေနာမည်နဲ့အသက်ကိုရေးထား
တဲ့စာတမ်းကြီးကိုကျွန်မရင်တွေကွဲမတတ်ငိုရင်းတွေ့လိုက်ရပါတယ်။ကျွန်မတို့သားအဖ
ပြန်ရောက်တာနောက်ကျတဲ့အတွက်မားမားအလောင်းကိုရေခဲတိုက်ကိုယူသွားကြပြီ
လို့ပြောကြတော့၊မားမားဆုံးတာကိုအိမ်မက်မက်နေသလိုဖြစ်နေတဲ့ကျွန်မဟာယောင် တောင်တောင်နဲ့မားမားများထွက်လာပြီးသမီးပြန်လာပြီလားလို့မေးလေမလားလို့အိမ် ထဲကိုရှာနေမိပါတယ်။တရားကိုမြတ်မြတ်နိုးနိုးအားထုတ်ကြတဲ့ကျွန်မတို့မိသားစုဟာ သေခြင်းတရားရဲ့နောက်မှာဘာတစ်ခုကိုမှအကျယ်မချဲ့လိုကြပါဘူး။ကျွန်မတို့ပြန်ရောက်
ချိန်မှာသတင်းစာထဲနာရေးကြော်ငြာထည့်လိုသူတွေကိုကော၊နာရေးဖိတ်စာရိုက်သူတွေ၊
အခေါင်းလှလှလေးကိုမှဆိုပြီးရှာပေးနေသူတွေအားလုံးကိုကျွန်မတို့လက်မခံကြပဲချက်
ချင်းမီးသဂြိုလ်ဖို့စီစဉ်တိုင်ပင်ကြပါတယ်။အလောင်းကိုဆေးချယ်ပေးဖို့မိတ်ကပ်တွေ
ကအစ၀ယ်ပေးထားကြတဲ့မိတ်ဆွေများလဲရှိကြပါတယ်။အားလုံးကိုနားလည်အောင်
ဖျောင်းဖျပြီး၊ရေဝေးသုဿန်ကိုထွက်လာခဲ့ကြပါတယ်။
ရေဝေးကိုရောက်တော့ကျွန်မကိုမားမားဆီကိုခေါ်သွားကြပါတယ်။ကျွန်မခရီးမထွက်
ခင်ကဆုပ်ကိုင်ခဲ့တာမားမားလက်ကလေးကိုနောက်ဆုံးအကြိမ်အဖြစ်ကျွန်မထပ်ပြီး
ဆုပ်ကိုင်ထားခဲ့မိပါတယ်။အေးစက်နေတဲ့အတွေ့ကြောင့်ငါ့အမေတကယ်သေသွားပြီ
ဆိုတာကိုကျွန်မမျက်လုံးတွေကိုစုံမှိတ်ထားပြီးလက်ခံလိုက်ရပါတယ်။မားမားမျက်နှာ
ကိုနောက်ဆုံးအချိန်အကြိမ်ကြည့်နေရတာပါလားဆိုတာကိုလဲကျွန်မသေချာသိနေ
ခဲ့ပါတယ်။သံဃာတော်များကိုသင်္ကန်းကပ်လှူချိန်မှာမားမားနာမည်ကိုရွတ်ပြီးအမျှ ဝေရပါတယ်။တရားသဘောကိုဆင်ခြင်နေပေမဲ့ကျလာတဲ့မျက်ရည်တွေကိုကျွန်မ ဘယ်လိုမှမထိန်းနိုင်တော့ပါဘူး။မားမားမျက်နှာကိုအထပ်ထပ်အခါခါကြည့်နေရင်း
ကမျက်ရည်တွေကကျွန်မအမြင်ကိုေ၀၀ါးလာစေပါတယ်။ကျွန်မမေမေကိုမီးသဂြိုလ် ဖို့ယူဆောင်သွားတော့မဲ့အချိန်မှာကျွန်မရင်ထဲမှာမားမားဟာမရှိတော့ပါလား၊ရုပ်
အလောင်းပဲကျန်တော့ပါလားဆိုတဲ့အသိလေးဝင်လာခဲ့ပါတယ်။မားမားအလောင်း
ကိုမီးသဂြိုလ်ဖို့ယူဆောင်ချိန်မှာပဲကျွန်မတို့ပြန်လာခဲ့ကြပါတယ်။အရိုးပြာကိုလဲကျွန်မ
တို့မယူဆောင်ကြပါဘူး။မားမားရေ..သွားတော့နော်...။
မားမားဆုံးသွားချိန်မှာကျွန်မ၊မရှိနေခဲ့တဲ့အတွက်မားမားဘာတွေခံစားသွားခဲ့ရသလဲ၊
မားမားဘာတွေပြောသွားခဲ့လဲလို့ကျွန်မမှာမေးရ၊မြန်းရပါတယ်။ကျွန်မမေမေဆုံးမဲ့နေ့မှာ
သူနာပြုဆရာမလေးကအားဆေးသွင်းပေးခဲ့ပါတယ်။မားမားကစိတ်ဆိုးဆိုးနဲ့ပြောပါသတဲ့။
ငါနေကောင်းပါတယ်၊ဘာလို့ဆေးသွင်းပေးတာလဲ၊မုန်တိုင်းဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ သူတွေကိုဆေးလှူလိုက်ပါလားလို့ငြင်းဆန်ပါသတဲ့။ဆေးသွင်းပေးဖို့တိုက်တွန်းတဲ့ကျွန်မ
အကိုကိုလဲစိတ်ဆိုးပါသတဲ့။ကျွန်မကတော့မျက်ရည်တွေကိုသုတ်ပြီးမားမားကိုလေးစားစွာ
နဲ့ပြုံးမိပါတယ်။ကျွန်မမေမေဟာအင်မတန်သတ္တိရှိသူတစ်ယောက်ပါ။မားမားဟာဘ၀တစ်
လျှောက်လုံးမှာသားသမီးတွေအတွက်စံပြမိခင်အဖြစ်နေပေးခဲ့တာပါ။သူမရဲ့နောက်ဆုံးအ
ချိန်အထိချစ်တဲ့ယောင်္ကျားနဲ့သမီးကိုနားလည်ပေးခဲ့တဲ့အမျိုးသမီးကြီးတစ်ယောက်ပါ။ကျွန်မ
မေမေဆုံးသွားချိန်မှာကျွန်မဟာဒုက္ခရောက်နေတဲ့သူများစွာကိုကူညီပေးနေတဲ့အတွက်မားမား
ပြုံးနေခဲ့မယ်လို့ကျွန်မယုံကြည်နေမိပါတယ်။မားမားကောင်းရာသုဂတိလားပါစေသော်......။
Monday, May 26, 2008
ဗုဒ္ဓ၀င်ပြခန်း
သန္ဓေတည်တော်မူခန်း
ဖွားတော်မူခန်း
နိမိတ်လေးပါးမြင်တော်မူခန်း
တောထွက်တော်မူခန်း
တရားကျင့်တော်မူခန်း
နို့ဆွမ်းဘုဉ်းပေးတော်မူခန်း
မာန်နတ်အပေါင်းကိုအောင်တော်မူခန်း
ဘုရားဖြစ်တော်မူခန်း
ပဉ္စ၀ဂ္ဂီငါးပါးအား တရားဟောတော်မူခန်း
တရားဟောတော်မူခန်း
မဟာပရိနိဗ္ဗာန်စံတော်မူခန်း
Wednesday, May 21, 2008
သေခြင်းတရားဆိုတာ စက္ကန့်တွင်းမှာရှိတယ်
ဟော့ဒီဘော့လုံးသမားလေးကိုကြည့်။ စက္ကန့်တွင်းလေးမှာဖြစ်ပျက်မှုတွေက မယုံကြည်နိုင်လောက်ကို မြန်ဆန်လွန်းလှတယ်။ တစ်မိနစ်ဆိုတဲ့ အချိန်လောက်လေးတောင် မရတော့ဘူး။ အ၀ါကဒ်ပြခံရလို့ သူလှောင်ရယ်ပြုံးလိုက်တယ်။ ခေါင်းကဆံပင်လေးကို သလိုက်တယ်။ ၁၈စက္ကန့်မှာ ဝေဒနာနာကို သူခံစားရပြီး၊ ၃၀စက္ကန့်မှာ သူလှဲကျတယ်။ ၃၅စက္ကန့်မှာတော့ သူဆုံးပြီ။






