Sunday, February 17, 2008

သဘောထားကြီးပါတယ်(ဆရာတော်ဦးဇောတိက)

ဒီနေ.ပြောမလို.စိတ်ကူးထားတဲ့အကြောင်းအရာလေးဟာစဉ်းစားနေတာတော့တော်တော်ကြာနေပါပြီ။ဟောမလို.
စဉ်းစားနေတာတော့တစ်နှစ်နီးပါးလောက်ရှိနေပြီ။ဒါပေမဲ့မဟောခင်ကတည်းကနှစ်ပေါင်းများစွာ၊ဒီအကြောင်းအရာ
ကိုစဉ်းစားခဲ့တာပါပဲ။အရင့်အရင့်တရားဟောခဲ့တုန်းကဒီအတိုင်းပါပဲ။ဘုန်းကြီးကဟောစရာတစ်ခုခုကိုစဉ်းစားတဲ့
အခါမှာ၊ကိုယ့်ဘ၀ထဲမှာဖြစ်နေတာကို၊ဖြစ်ခဲ့တာကို၊အခြေခံပြီးတော့သေသေချာချာစဉ်းစားပါတယ်။ဘုန်းကြီးက
ဘ၀ထဲမှာတရားကိုရှာနေတဲ့လူဖြစ်ပါတယ်။


ဘ၀ထဲမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေ၊လောကဓံတရားတွေ၊ဒုက္ခတွေ၊အဆင်မပြေမှုတွေအမျိုးမျိုးကိုသေသေ
ချာချာစဉ်းစားပြီးတော့နည်းလမ်းရှာတယ်။နည်းလမ်းရှာတဲ့အခါမှာစာပေထဲမှာလည်းရှာတယ်။ကိုယ့်ထက်ဘဝ
အတွေ.အကြုံရင့်ကျက်တဲ့အသက်ကြီးတဲ့၊လူကြီးမိဘဆရာသမားတွေရဲ့သွန်သင်မှုကိုနာခံယူပြီးတော့၊အဲဒီထဲက
လည်းပညာကိုယူပါတယ်။


ကျန်တာတွေတော့စွန်.နိုင်ပါတယ်

ခုပြောမယ့်အကြောင်းအရာကလည်းပဲအမှန်ပြောရမယ်ဆိုရင်ဘုန်းကြီးရဲ့ဘ၀မှာ၊အကြီးမားဆုံးဖြစ်ခဲ့တဲ့ပြဿနာ
တစ်ခုကိုအခြေခံထားပါတယ်နော်။အဲဒီအကြီးမားဆုံးဖြစ်ခဲ့တဲ့ပြဿနာတစ်ခုက၊ဘာလဲဆိုတော့မိဘနဲ.အယူဝါဒ
မတူတာပဲ။အရင့်အရင်လည်းပြောခဲ့ဖူးလို.ဒကာ၊ဒကာမတော်တော်များများသိပြီးသားဖြစ်နေပါပြီ။မိဘနဲ.အယူဝါဒ
မတူတော့၊အဲဒီအယူဝါဒမတူမှုကိုအခြေခံပြီးတော့၊မကြာမကြာမိဘနဲ.အဆင်မပြေမှုတွေဖြစ်ခဲ့တယ်။


ဘုန်းကြီးကငယ်ငယ်ကတည်းက၊စာပေလည်းဖတ်တာဝါသနာပါတော့စာပေတွေ၊အတွေးအခေါ်တွေအမျိုးမျိုး
ဖတ်တယ်။သိပ္ပံပညာစာပေလည်းဖတ်တယ်။Philosophyအတွေးအခေါ်စာပေတွေလည်းအများကြီးဖတ်တယ်။
ဘာသာတရားမျိုးစုံအောင်ဖတ်တယ်။စိတ်ပညာနဲ.ပတ်သတ်တာတွေလည်းမျိုးစုံအောင်ဖတ်တယ်။ဖတ်ပြီးတော့
အမျိုးမျိုးတွေးတယ်။

အမျိုးမျိုးတွေးတဲ့အခါကျတော့၊ကိုယ့်အနီးပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ.မတူတဲ့အတွေးတွေ၊မတူတဲ့အယူအဆ
တွေ၊မတူတဲ့သဘောထားတွေ၊မတူတဲ့မျှော်မှန်းချက်တွေဖြစ်လာတာပဲ။ဒါဆန်းသလားဆိုတော့၊မဆန်းပါဘူးနော်။
လုံးဝမဆန်းဘူး၊သဘာဝပဲ။စာများများဖတ်ရင်ဗဟုသုတများများရှိလာရင်၊များများတွေးတာပဲ။အဲသလိုများများဖတ်၊
များများတွေးတဲ့သူတွေဟာ၊များများမဖတ်ဘဲနဲ.များများမတွေးဘဲနဲ.နေတဲ့လူတွေနဲ.ဆိုရင်၊အသိအမြင်တွေကွာခြား
သွားတော့မှာပဲနော်။

အဲဒီလိုအသိအမြင်တွေကွာခြားသွားတဲ့အခါ၊အကြောင်းအရာတစ်ခုခုကိုပြောတာဆိုတာအများနဲ.မတူတော့ဘူး။
အမှားအမှန်ဆုံးဖြတ်တဲ့အခါအများနဲ.မတူတော့ဘူး။အကောင်းအဆိုးဆုံးဖြတ်တာတွေလည်းပဲမတူတော့ဘူး။
အကြိုက်ချင်းလည်းမတူတော့ဘူး။

အဲဒီလိုမိဘနဲ.အတွေးခေါ်၊အယူအဆ၊သဘောထားမတူတော့တဲ့အတွက်ကြောင့်၊ငယ်ငယ်တုန်းကအကြီးအကျယ်
ပြဿနာဖြစ်ခဲ့ဖူးပါတယ်။အဲဒီပြဿနာကြောင့်ပဲ၊ငယ်ငယ်လေးကတည်းကအင်မတန်စိတ်ဆင်းရဲခဲ့ပါတယ်။ဒါပေမဲ့
ဘုန်းကြီးရဲ့ဝါသနာကကိုယ်မှန်တယ်ထင်တာကို၊အလျော့မပေးဘဲနဲ.။လုပ်လေ့ရှိပါတယ်။

မှန်တယ်ထင်တာကိုအလျှော့ပေးရမယ်ဆိုရင်လည်းပဲ၊ကိုယ့်ဘ၀ဘာမှအဓိပ္ပါယ်ရှိမှာမဟုတ်တော့ဘူး...နော်။
လူဟာကိုယ်တန်ဖိုးထားတာ၊ကိုယ်မှန်တယ်ထင်တာကိုစိတ်ပါလက်ပါလုပ်နေရမှပဲဘ၀ကိုကျေနပ်မှုရမယ်။

သို.သော်အဲဒီတုန်းက၊မိဘနဲ.အတွေးအခေါ်အယူအဆ၊သဘောထားမတူခဲ့တာကိုဘယ်လိုလုပ်ဆွေးနွေးရမလဲ။ညှိ
ရမလဲဆိုတာကိုဘုန်းကြီးလည်းမသိဘူး။ဘုန်းကြီးရဲ့မိဘတွေကလည်းမသိဘူး။မသိတော့သူတို.ကလည်းသူတို.
သဘောကျသလိုနေမှ၊သူတို.သဘောမကျသလိုနေရင်အပြစ်တင်တယ်။ဆိုတယ်။ဆူတယ်။ဆဲတယ်။ငယ်ငယ်တုန်း
ကဆိုတော့ရိုက်လည်းရိုက်ပါတယ်။တစ်ခါတစ်လေအိမ်ပေါ်ကနေမောင်းချလိုက်တယ်နော်။

အဲဒီတုန်းကအင်မတန်စိတ်ဆင်းရဲခဲ့ရပါတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဘုန်းကြီးကတော့၊ကိုယ်တန်ဖိုးထားတဲ့တရား
ကိုတော့မစွန်.နိုင်ခဲ့ဘူး။ဒကာ၊ဒကာမကြီးတို.ကိုမေးချင်ပါတယ်။ကိုယ်ကတကယ်မှန်တယ်လို.လည်းသိထားတဲ့တရား
ကိုစွန်.သင့်သလားလို.။မစွန်.သင့်ဘူးနော်။ဒါကြောင့်အင်မတန်စိတ်မကောင်းကြီးစွာနဲ.ပဲ၊ကျန်တာတွေတော့စွန်.လိုက်
ရတယ်။တရားကိုတော့မစွန်.နိုင်ပါဘူး။






No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်