Friday, February 15, 2008

ဝမ်းနည်းကြေကွဲခြင်း



တကယ်တော့ဒီလိုဝမ်းနည်းကြေကွဲကြောင်းကိုကျွန်မ၊မရေးရက်ပါဘူး။မနေ့ကတည်းကဖထီးဆုံးသွားတယ်ဆိုတာ
သိရပါတယ်။စိတ်မကောင်းတာရယ်၊ယူကြုံးမရဖြစ်တာရယ်ကြောင့်ဘာမှကိုမတင်ဖြစ်တာပါ။ဒီနေ့တစ်နေ့လုံးလဲ
အလုပ်သာတက်နေရပေမယ့်၊ဒီအကြောင်းကိုခဏခဏသတိရမိတယ်။အထူးသဖြင့်မြန်မာပြည်မှာအင်အားအကြီး
မားဆုံးလက်နက်ကိုင်အဖွဲ့အစည်းကြီးရဲ့အထွေထွေအတွင်းရေးမှူးတစ်ယောက်ဟာ၊ဒီလိုပဲအလွယ်တကူဝင်ရောက်
လုပ်ကြံခံလိုက်ရလေခြင်းရယ်လို့မချင့်မရဲတွေးမိတာပါ။ကျွန်မတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ
လဲဒီလိုပဲအလွယ်တကူလုပ်ကြံခံလိုက်ရတာပါ။ကျွန်မတို့လူမျိုးတွေဟာ(နအဖအုပ်စုကလွဲလို့)အင်မတန်စိတ်ထား
ကောင်းကြလေတော့၊စိတ်ထဲမှာအားလုံးဟာကိုယ့်လိုပဲလို့တွေးကြပါတယ်။အထူးသဖြင့်သတ္တိရှိရဲရင့်တဲ့သူတွေဟာ၊
သူများတွေလဲသူတို့လိုပဲသတ္တိရှိကြလိမ့်မယ်လို့ယူဆကြပုံရပါတယ်။အလစ်မှာဒီလိုယုတ်ယုတ်မာမာကြံစည်ကြလိမ့်မယ်လို့
တွေးထားပုံတောင်မရကြပါဘူး။သူတို့ဟာသူတို့ရဲ့ခံယူချက်တွေကိုအသက်သေတဲ့အထိကိုခိုင်ခိုင်မာမာနဲ့တမလွန်
ကိုသယ်သွားကြပါတယ်။ဟုတ်ကဲ့။ခုလဲဖထီးကိုသူတို့လုပ်ကြံခဲ့ပါတယ်။ဖထီးလဲနေရာမှာတင်သေဆုံးသွားရှာ
ပါတယ်။ဒါပေမဲ့ဖထီးရဲ့ခိုင်မာတဲ့ယုံကြည်မှုတွေ၊ရပ်တည်မှုတွေဟာသမိုင်းတွေပါ။ဘယ်လိုတန်ခိုးရှင်ကမှ၊ဘယ်လို
အကြောင်းအရာကမှဒီသမိုင်းတွေကိုဖျောက်လို့မရသလို၊သတ်ပစ်လို့လဲမရပါဘူး။အများအားဖြင့်လူတစ်ယောက်
သေဆုံးသွားပြီးနှစ်ကာလနည်းနည်းကြာလာရင်မေ့သွားကြတာပါပဲ။ခုတော့........................။



ဖထီးရေ...။

မျိုးဆက်တွေကွာခြား
အခြေအနေတွေကွဲပြားကြလို့
မဆုံလိုက်ကြရပေမဲ့
ပြတ်သားတဲ့ရပ်တည်မှုကြောင့်
လေးစားဦးညွတ်လျက်ပါ။

2 comments:

  1. ဖဒိုမန်းရှာ ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည်မှာ လူအမြောက်အများသေခဲံတာ သေသေချာချာ မသိလို့ ဒီလူ့ကို မှန်တယ်လို့ ယူဆနေတာပါ။ ဒီလူ ရဲ့ အမိန့်တွေကြောင့် စစ်သားပေါင်းများစွာ သေခဲ့၊ ပြတ်ခဲံ ရသလို ၊ သူ့ ကရင် လူမျိုး အချင်းချင်း လဲ ချုံခို တိုက်ခိုက် ခိုင်းတဲ့ လူပါ။ ကရင် လူမျိုး အချင်းချင်းလဲ ၀ါဒ မတူရင် သတ်ခိုင်းတဲ့ လူပါ၊ သူကျတော့ ဘေးကင်းရာ မဲဆောက်မှာ အိမ်ကြီးအိမ်ကောင်းနဲ့ နေပြီး
    အောက်က မသိနားမလည်တဲ့ ကရင်ငယ်သားတွေကို လက်နက် အင်အား၊ လူအင်အား သာတဲ့ ရန်သူကို တောထဲတောင်ထဲ မှာ ငတ်ငတ်ပြတ်ပြတ် နေစေပြီး အတင်းအကျပ် စစ်တိုက်ခိုင်းတဲ့ လူပါ။ ရွှေကျင် ကျောက်ကြီး ဘက်မှာ ဒီလူထောင်ထားတဲ့ မိုင်းတွေကြောင့် စစ်သားတွေ သေတဲ့ လူကသေ ၊ခြေပြတ်လက်ပြတ် ဖြစ်ခဲ့တာ၊ ဖြစ်နေတာ အများကြီးပါ.အသိရှိရင် နေးကြည့်ပါ၊ စစ်ဆေးရုံတွေမှာ ကေအန်ယူ မိုင်းကြောင့် ဖြေပြတ်လက်ပြတ် ဖြစ်နေတဲ့ စစ်သားတွေ အများကြီးပါ၊ သွားကြည့်လိုက်ပါ။ ဒီလို လူကို မှ သူတော်ကောင်းလိုလို၊ သူရဲကောင်းလိုလိုေ၇းနေတာ အလွဲကြီး လွဲနေပါတယ်၊ အစိုးရ ကို မကြိုက်ရင် တခြားနည်းနဲ့ ဝေဖန်ပါ၊ ဒီလို တိုင်းပြည် အတွက်ရော၊ ကရင်ပြည်နယ် အတွက်ပါ ဒေသ ဖွံဖြိုးရေး၊ ငြိမ်းချမ်းသာယာရေး တစ်ခုမှ လုပ်မပေးခဲ့ပါ၊ သေနတ်သံ စဲနေတာကို ဆူညံအောင် လုပ်ချင်တဲ့ အမြော်အမြင်ကင်းတဲ့ လူတစ်ယောက်ပါ၊ သဘောထားတင်းမာတဲ့ လူတွေ မရှိလာခြင်းဟာ ကရင်ပြည်နယ် လုံးဝ ငြိမ်းချမ်းလာရေး အတွက် လမ်းစပါ၊ သားသမီးတွေကျတော့ နိုင်ငံကြီးတွေမှာ ငြိမ်းချမ်းစွာ နေထိုင် ပညာသင်ခိုင်း ၊ ဘာမှ မသိတဲ့ အောက်ခြေက ငယ် သားတွေကျတော့ တောထဲတောင်ထဲမှာ အတင်းအကျပ် စစ်တိုက်ခိုင်းတဲ့လူပါ။ သမိုင်းတွေ၊ အဖြစ်အပျက်တွေကို သေသေချာလေ့လာစေချင်ပါတယ်၊ အစိုးရ မကောင်းကြောင်း ရှာကြံ ပြောနေတဲ့ သတင်းဌာနတွေ၊ ဘလော့တွေ က ဖြူရင် ဖြူ၊ မဲရင် လိုက် မမဲပါနဲ့၊
    ဒီကော့မက်ပေးရခြင်းက ဘလော့ပိုင်ရှင်ဟာ အဖြစ်အပျက်မှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် မသိသေးဘူးလို့ ယူဆမိလို့ ပြောတာပါ.
    မကြိုက်ရင်လဲ ဒီကော့မက်ကို ဖျက်ပစ်နိုင်ပါတယ်။
    ခင်မင်စွာဖြင့်

    ReplyDelete
  2. ဟုတ်ကဲ့၊လွတ်လပ်စွာသဘောထားကွဲလဲကြတာ
    ကောင်းပါတယ်၊ဒီနေ.မှတွေ.လိုက်ရလို.ခုမှပြန်
    ဖြစ်တာကိုတော့ခွင့်လွှတ်ပါ။ဒီကော့မန်ကိုဖျက်ပစ်
    နိုင်တယ်ပြောတာကိုကသဘောထားကြီးမှန်းသိ
    သာပါတယ်။ခုလိုပြောတာကျေးဇူးပါ။ရန်သူကိုဒူး
    မထောက်တတ်တဲ့သူရဲကောင်းတိုင်းကိုကျွန်မလေး
    စားပါတယ်။ခံယူချက်တစ်ခုကိုသေတဲ့အထိယူသွားနိုင်
    တာကိုကအရည်အချင်းတစ်ခုပါ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်