Thursday, February 14, 2008

ကင်ဆာရောဂါကာကွယ်ရန်လွယ်ကူသောနည်းလမ်း(၈)ချက်

ကင်ဆာဆိုတာကိုရုပ်ရှင်ထဲမှာတော့မကြာမကြာ၊ကြားဖူးနေပါတယ်။ရုပ်ရှင်ထဲမှာတစ်ယောက်ယောက်ရောဂါရှိရင်
ကင်ဆာဆိုတာကများပါရဲ့။အသိမိတ်ဆွေလူကြီးသူမတချို့လဲကင်ဆာကြောင့်ဆုံးသွားတယ်ကြားဖူးပါတယ်။ဒါပေမဲ့
ကင်ဆာဆိုတာဘယ်လောက်ကြောက်စရာကောင်းသလဲ၊ကျွန်မတကယ်မသိခဲ့တာပါ။ကျွန်မမားမားမှာကင်ဆာဖြစ်
နေတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာ၊ကျွန်မရဲ့နေ့ရက်တွေဟာကျွမ်းထိုးမှောက်ခုန်ဖြစ်သွားခဲ့ပါတယ်။ဆရာဝန်က
(၆)လပဲခံတော.မယ်ပြောတယ်လို့သိရချိန်မှာ၊နေ့စဉ်မျက်ရည်နဲ့မျက်ခွက်ပေါ.့။အလုပ်မှာခင်နေတဲ့လူတွေများလွန်း
တော့လူတိုင်းလောက်နီးနီးကဒီသတင်းကိုမေးကြပါတယ်။မေးတိုင်း၊ဖြေတိုင်းကျွန်မငိုရပါတယ်။နောက်ဆုံးမှာ
အလုပ်ကထွက်ပြီးတခြားအလုပ်ကိုပြောင်းပစ်လိုက်တဲ့အထိကို၊နာနာကျင်ကျင်၊၀မ်းနည်းကြေကွဲရပါတယ်။
မားမားကရင်သားကင်ဆာဖြစ်တာပါ။ကင်ဆာဆဲလ်တွေဟာကျောက်ကပ်ထိရောက်သွားခဲ့ပါတယ်။
ဒါပေမဲ့မားမားခုထိအသက်ရှင်နေဆဲပါ။ထူးထူးဆန်းဆန်းကျောက်ကပ်မှာလုံးဝရှာမတွေ့တော့ပဲသွေးထဲမှာ၆%ပဲ
ကျန်တော့တဲ့အထိကောင်းလာခဲ့ပါတယ်။အစွမ်းထက်လှတဲ့မြန်မာဆေးတွေကြောင့်ပါ။ဒီအကြောင်းကိုကျွန်မသေ
ချာရေးပါဦးမယ်။အခုတော့သူငယ်ချင်းတို့ကြိုတင်ကာကွယ်နိုင်ဖို.ရေးလိုက်ပါရစေ။"အာရောဂျံမဂ္ဂဇင်း"ထဲကပါ။
ရေးသူက"ဒေါက်တာခင်မိုးမိုး"ဖြစ်ပါတယ်။

၁။ငါးစားပါ။


ငါးများများစားတဲ့သူတွေဟာငါးနည်းနည်းစားတဲ့သူတွေထက်၊အဆုတ်ကင်ဆာဖြစ်နိုင်ခြေထက်ဝက်သာရှိတယ်လို့
ဗြိတိန်မှသုတေသနပြုသူတွေကဖော်ပြထားပါတယ်။ဆန့်ကျင်ဘက်အနေနဲ့၊အနီရောင်အသားတွေကို၊မကြာခဏ
စားသူတွေဟာအဆုတ်၊အူမကြီးနဲ့သားမြတ်ကင်ဆာပိုဖြစ်တယ်လို့၊အဲဒီလေ့လာသူတွေကပြောပါတယ်။အမဲသားမှာ
ပြည့်ဝဆီ(ကျန်းမာရေးအတွက်မကောင်းတဲ့အဆီ)တွေများစွာပါဝင်ပြီး၊ငါးတွေမှာတွေ့ရတဲ့ကျန်းမာရေးအကျိုးပြု
တဲ့)Omega-3အဆီတွေလုံးဝမပါဝင်တဲ့အတွက်လို့ဆိုပါတယ်။

၂။ကော်ဖီသောက်ပါ။

နေ့စဉ်ကော်ဖီ၁၆အောင်စလောက်သောက်ပေးခြင်းဖြင့်အသည်းကင်ဆာဖြစ်နိုင်ခြေ၄၃ရာခိုင်နှုန်း၊လျော့နိုင်တယ်
လို့ဆွီဒင်မှသူတေသနပြုသူတွေကလူပေါင်းထောင်ပေါင်းများစွာကို၊လေ့လာအပြီးမှာထုတ်ဖော်ခဲ့ပါတယ်။ကော်ဖီမှာ
ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းတွေကိုရပ်တန့်နိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)တွေမြင့်မားပါဝင်လာ
တယ်လို့သိပံ္ပပညာရှင်တွေကရှင်းပြပါတယ်။

၃။လက်ဖက်ရည်(Green tea) သောက်ပါ။

လက်ဖက်ခြောက်မှာပါဝင်တဲ့အစွမ်းထက်Polyphenolsတွေဟာသားမြတ်၊အသည်း၊ဆီးကျိတ်၊အူမကြီး၊အဆုတ်
ပန်ကရိယနဲ့အရေပြားကင်ဆာဆဲလ်တွေကိုသတ်ပစ်နိုင်တယ်လို့ဓာတ်ခွဲခန်းတွေလေ့လာမှုအရသိရပါတယ်။
လက်ဖက်စိမ်း(Greentea)တွေဟာကင်ဆာcellတွင်သွေးရောက်ရှိမှုကိုဖျက်စီးနိုင်တယ်လို့အမေရိကန်ကင်ဆာ
ကုသရေးဗဟိုဌာနမှTimothyကပြောပါတယ်။လက်ဖက်ရည်များများသောက်ရင်များများကာကွယ်နိုင်ပါတယ်။
လက်ဖက်ပင်ပေါ်ကဆွတ်ခူးစလက်ဖက်ကိုသောက်ရင်ပိုကောင်းပါတယ်။နည်းပညာနဲ့ပြုလုပ်ရတာနည်းလေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအစွမ်းထက်လေလို့Oregonတက္ကသိုလ်မှသုတေသနပြုသူတွေကဆိုပါတယ်။

၎။ပြောင်းဖူးပေါက်ပေါက်များများစားပါ။

နည်းမျိုးပေါင်း၄၀ကျော်လေ့လာမှုတွေအရပြောင်းဖူးပေါက်ပေါက်၊ကွေကာအုတ်နဲ့ဆန်လုံးညိုလိုမျိုးကောက်နှံ့
တစ်ခုလုံးပါတဲ့အစာတွေကိုနေ့စဉ်သုံးပုံစားပေးခြင်းဟာကင်ဆာရောဂါမျိုးစုံကို၃၄ရာခိုင်နှုန်းလျော့နည်းစေ
တယ်လို့သိရပါတယ်။သစ်ကြားသီး၊ဗာဒံသီးလိုအခွံမာသီးတွေမှာလည်းသားမြတ်ကင်ဆာကိုတားနိုင်တဲ့ဒြပ်ပေါင်း
တွေပါဝင်ပါတယ်။အမျှင်ဓာတ်တွေလဲရစေပါတယ်။ကောက်နှံတစ်ခုလုံးမှာအမျှင်ဓာတ်များစွာပါဝင်ပါတယ်။
နေ့စဉ်၃၀ဂရမ်စားပေးရင်ဓမ္မတာသွေးမဆုံးခင်အမျိုးသမီးတွေမှာသားမြတ်ကင်ဆာဖြစ်နိုင်ခြေထက်ဝက်
လျော့ပေးနိုင်ပါတယ်။အမျှင်နဲ့ဆက်စပ်နေတြဲ့ဒပ်ပေါင်းIP6မှာကင်ဆာတွန်းလှန်နိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်
ပါတယ်။

၅။အားဖြည့်ထားတဲ့ကောက်နှံတွေစားပါ။

တစ်ခွက်စာမှာဗီတာမင်D40IUအားဖြည့်ထားတဲ့Cerealတွေဟာအူမကြီးကင်ဆာဖြစ်နိုင်ခြေ၅၀ရာခိုင်နှုန်း
နဲ့သားမြတ်၊ဒါမှမဟုတ်မမျိုးဥကင်ဆာဖြစ်နိုင်ခြေကို၂၅ရာခိုင်နှုန်းလျော့နိုင်တယ်လို့လေ့လာသူတွေကဆိုပါတယ်။
သလဲသီးဖျော်ရည်သောက်ပါ။သလဲသီးဖျော်ရည်အူမကြီးနဲ့ဆီးကျိတ်ကင်ဆာcellတွေကြီးထွားမှုကိုဖျက်ဆီးနိုင်
ပါတယ်။အဆုတ်ကင်ဆာကိုလည်းရပ်တန့်နိုင်ပါတယ်။

၆။ဒီလိုဟင်းချက်စားပါ။

ငါး၊ကြက်သားနဲ့အဖြူရောင်အသားတွေကိုဟင်းမချက်ခင်မှာလိမ္မော်ရည်၊နှမ်းဆီမဲ၊ငရုတ်သီးမှုန့်၊ဓားပြားရိုက်ထား
တဲ့ကြက်သွန်ဖြူနဲ့ချင်းကိုနည်းနည်းစိမ်ပြီးခေတ္တခဏနှပ်ထားပါကသင့်ခန္ဓာကိုယ်တွင်းcellအားလုံးကိုရောဂါမှ
ကာကွယ်နိုင်တယ်လို့louisianeတက္ကသိုလ်မှသုတေသနပြုသူတွေကဖော်ထုတ်လိုက်ပါတယ်။လိမ္မော်ရည်မှာ
ပါဝင်တဲ့ဒြပ်ပေါင်းကDNAပျက်စီးမှုကိုတားမြစ်နိုင်ပါတယ်။ချင်းဟာအရေပြားကင်ဆာနဲ့သားဖြတ်ကင်ဆာcell
တွေကြီးထွားမှုကိုရပ်တန့်နိုင်ပါတယ်။ငရုတ်သီးဟာသွေးဖြူဥကင်ဆာဆဲလ်ကိုသတ်ပစ်နိုင်ပြီးကြက်သွန်ဖြူဟာ
ကင်ဆာဖြစ်နိုင်တဲ့အရာတွေနဲ့ဓာတ်တိုးပစ္စည်းကိုကာကွယ်ပေးပါတယ်။

၇။အရောင်မျိုးစုံစားပါ။

အခွံချွတ်ထားတဲ့ဂျုံနဲ့လုပ်ထားတဲ့အဖြူရောင်ပေါင်မုန့်တွေဟာ၊သွေးတွင်းသကြားအဆင့်မြင့်တက်စေပြီးကင်ဆာ
ရောဂါဖြစ်နိုင်ခြေတွေ၊မြင့်မားစေပါတယ်။ဆန့်ကျင်ဘက်အနေနဲ့၊အရောင်မျိုးစုံရှိတဲ့ဟင်းသီးဟင်းရွက်။သစ်သီးဝလံ
နဲ့ကောက်နှံတစ်ခုလုံးမှာအာဟာရဓာတ်မျိုးစုံထောင်သောင်းများစွာပါပြီး၊နည်းမျိုးစုံနဲ့ကင်ဆာတွေကိုတွန်းလှန်
ပေးပါတယ်။ခရမ်းသီး၊ဘလူးဘယ်ရီသီးတွေမှာပါဝင်တဲ့၊ခရမ်းရောင်ဖြစ်စေတဲ့၊ရောင်ခြယ်ပစ္စည်းAnthocyanins
ဟာအသည်းကင်ဆာcellတွေကြီးထွားမှုကိုရပ်တန့်နိုင်တယ်လို့လေ့လာသူတွေတွေ့ရှိခဲ့ပါတယ်။

၈။အစိမ်းရောင်ဂေါ်ဖီကိုပေါင်းစားပါ။

အစိမ်းရောင်ပန်းဂေါ်ဖီ၊ဂေါ်ဖီထုတ်နဲ့ဂေါ်ဖီပန်းတွေအားလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့၊ဒြပ်ပေါင်းတွေပါဝင်ပြီး
ပြုတ်စားခြင်းဖြင့်အဲဒီဒြပ်ပေါင်း(၇၇)ရာခိုင်နှုန်းပျက်စီးသွားနိုင်တယ်လို့ပျက်စီးသွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေက
ဆိုပါတယ်။ပြုတ်စားမယ့်အစားရေနွေးငွေ့နဲ့ပေါင်းစားပါ။ဒါမှမဟုတ်မကျက်တကျက်ကြော်စားရင်ရောဂါတွန်းလှန်နိုင်
တဲ့အစွမ်းတွေအများကြီးကျန်ရှိပါမယ်တဲ့။

ကင်ဆာကာကွယ်ဖို့ပိုမိုလွယ်ကူတဲ့နည်းလမ်းများ

ဆော်ဒါအချိုရည်တွေမသောက်ပါနဲ့။

နေ့စဉ်ဆော်ဒါပါဝင်တဲ့အချိုရည်တစ်နေ့တစ်ဘူးဒါမှမဟုတ်၊ပိုပြီးသောက်ပါကင်ဆာရောဂါဖြစ်နိုင်ခြေ
နှစ်ဆပိုပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ။

ဖုန်စုပ်စက်နဲ့သန့်ရှင်းလုပ်ခြင်းနဲ့လေ့ကျင့်ခန်းများစွာရတဲ့အမျိုးသမီးတွေဟာသားမြတ်ကင်ဆာဖြစ်နိုင်ခြေ(၃၀)ရာ
ခိုင်နှုန်းနဲ့အူမကြီးကင်ဆာဖြစ်နိုင်(၂၂)ရာခိုင်နှုန်းလျော့သွားပါတယ်။

အိပ်ရာဝင်ပါ။

တစ်ပတ်ကိုနှစ်ကြိမ်လောက်အိပ်ရာဝင်နောက်ကျတာအထူးသဖြင့်မီးရောင်တောက်တောက်အောက်မှာ၊ထိုင်နေ
တာဒါမှမဟုတ်TVကြည့်နေတာဟာသားမြတ်ကင်ဆာဖြစ်နိုင်ခြေ(၇၀)ရာခိုင်နှုန်းမြင့်တက်တာနဲ့ဆက်စပ်နေပါတယ်။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်