Tuesday, June 10, 2008

ပြေးလို့ လွတ်ပါအုံးမလား ဝေဖန်မှုတွေ

တစ်ခါတုန်းက မြတ်စွာဘုရားဟာ အမျိုးသမီးတစ်ယောက်ကို သတ်ပါတယ်ဆိုပြီးစွပ်စွဲခံရပါတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေက ပြင်းပြင်းထန်ထန်ကို မြတ်စွာဘုရားနဲ့ တပည့်သာဝကတွေကို စွပ်စွဲနေကြပါတယ်။ ဒီလိုစွပ်စွဲခံနေရတဲ့အတွက် ရှင်အာနန္ဒာက ဒီအရပ်ကို ခွာပြီး တစ်ခြားအရပ်မှာ ပြောင်းနေကြဖို့ မြတ်စွာဘုရားကို လျှောက်တယ်။
“ချစ်သား အာနန္ဒာ၊ တစ်ခြားအရပ်ကလဲ အခုလိုပဲ ဝေဖန်ကြပြန်ရင်ရော” လို့ မိန့်တော်မူတယ်။
ရှင်အာနန္ဒကလဲ နောက်ထပ်လျှောက်တင်ပြန်တယ် “အဲ့ဒီလိုဖြစ်နေပြန်ရင်လဲ နောက်တစ်နေရာ ပြောင်းကြမှာပေါ့ဘုရား”
ဒီတော့ မြတ်စွာဘုရားသခင်က “ဒီလိုဆိုရင်တော့ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးသာ ကုန်သွားမယ်။ ငါတို့တွက် နေစရာရှိတော့မှာ မဟုတ်ဘူး။ ချစ်သား အာနန္ဒာသည်းခံပါ။ ဒီပြစ်တင် ဝေဖန်မှုတွေဟာ မကြာခင် သူ့အလိုလို ရပ်သွားမှာပါ” လို့ မိန့်တော်မူတယ်။


2 comments:

  1. Nice one, Friend.

    Thanks for sharing!!

    Cheers.,
    Soe Mya Nandar Thet Lwin

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်