Saturday, April 12, 2008

အရက်နာကျခြင်းမှ သက်သာစေရန်

သောက်သောက်စားစားပျော်တတ်တဲ့သူငယ်ချင်းများအတွက်အသုံးဝင်မလားလို.ပါ။ဒီအချိန်ဆိုရင်ပိုလို.တောင်မှ
အသုံးဝင်မယ်ထင်ပါရဲ့နော်။လွတ်လပ်ခြင်းကိုချစ်မြတ်နိုးတဲ့ကျွန်မကတော့၊မသောက်ပဲနေတဲ့သူများကိုလည်း
ကောင်းပေစွလို.ပြောချင်သလို၊သောက်တတ်သူများအတွက်လဲတစ်ခုခုများအကူအညီရလေမလားရယ်လို.တွေး
ပြီးတင်ပေးလိုက်ပါတယ်။လွတ်လပ်စွာပျော်ရွှင်နိုင်ကြပါစေ။

ယမကာသောက်စဉ်မှာခပ်ဖြည်းဖြည်းပဲသောက်ပါ။သစ်သီးဖျော်ရည်(သို.)ရေများရောနှော၍သောက်ပေးပါ။
ဘီယာကဲ့သို.အမြှပ်ပါသောယမကာများဟာ၊ခန္ဓာကိုယ်တွင်းအယ်လ်ကိုဟောပျံ.နှံ.နှုန်းကိုမြန်စေပါတယ်။စုပ်ယူ
နိုင်မှုလည်းမြန်ဆန်လွန်း၍၊ယမကာမှီဝဲနေစဉ်မှ၊ရေများများသောက်ခြင်း၊သစ်သီးများစားခြင်း၊ဖျော်ရည်များများ
သောက်ခြင်းဖြင့်ရေဓာတ်ဆုံးရှုံးမှုမှလည်း၊ကာကွယ်ပေးပါတယ်။အရက်မသောက်ခင်(သို.)သောက်ပြီးသည့်အခါ
တိုင်းပျားရည်အနည်းငယ်သောက်သည့်၊အကျင့်ပြုထားလျှင်သကြားဓာတ်ကိုအစားထိုးဖြည့်တင်းနိုင်ပါတယ်။


ဂျင်ဂျာဖျော်ရည်(သို.)အမှုန်.(သို.)လက်ဖက်ရည်ကိုဆောင်ထားပါ။ဂျင်ဂျာသကြားလုံးစားပေးခြင်းဖြင့်လည်းမအီ
မသာပျို.ခြင်း၊အန်ခြင်းများကိုတားဆီးပေးနိုင်ပါတယ်။ငရုတ်ကောင်းအဆီအနည်းငယ်ကိုရှုရှိုက်ပေးရင်လည်း၊
အလုပ်ဖြစ်တယ်။


တရုတ်နံနံကိုကြိတ်ခြေပြီး၊သတ္တုရည်ကိုသောက်ခြင်း၊ပျားရည်တစ်ဇွန်းခန်.သောက်ပေးခြင်းကလည်းခေါင်းကိုက်
ဝေဒနာကိုသက်သာစေတယ်။သံပရာသီးကိုထက်ခြမ်းခြမ်းပြီး၊နဖူးမှာပွတ်တိုက်ပေးရင်လည်းခေါင်းမူးပြေတယ်။


အဆီပေါများလွန်းတဲ့အမဲသား၊သိုးသားတွေကိုအမြည်းမလုပ်သင့်ပါဘူး။အဆီတွေလိုတာထက်ပိုစားရင်၊အသည်း
ကိုအလုပ်ပိုလုပ်ပေးနိုင်သလို၊ဖြစ်နိုင်တယ်။အချို.ကကော်ဖီကြမ်းသောက်တတ်တယ်။ကဖိန်းဓာတ်ဟာခန္ဓာကိုယ်
တွင်းမှာရေဓာတ်ဆုံးရှုံးမှု၊မြန်ဆန်စေတဲ့အတွက်ရှောင်ကြဉ်တာ၊ကောင်းပါတယ်။

ဝေဒနာဖြေဖျောက်နိုင်သောဆေးတစ်မျိုးမှာသံပရာရည်လက်ဖက်ရည်တစ်ဇွန်းကိုဇီယာစေ့လက်ညှိုးတစ်တို.ခတ်
ပြီးစပျစ်ရည်(သို.)လိမ္မော်ရည်တစ်ဖန်ခွက်နဲ.ရောစပ်သောက်နည်းပါပဲ။

အဆုံးမှာတော့အကောင်းဆုံးတစ်နည်းပဲပေးရပါမယ်။ဝေဒနာလုံးဝမခံစားချင်ဘူးဆိုရင်တော့၊အရက်သောက်ခြင်း
ကိုစွန်.လွှတ်ပစ်ဖို.၊လုံးဝရှောင်လိုက်ဖို.ပဲ။

8 comments:

  1. ဒို့ ကတော့ အရက်နာ လုံးဝမကျဘူး ဘီယာဘဲ သောက်လို့ .. ဒါပေမယ့် သောက်မိတဲ့အခါ အရက်နာ ကျခဲ့ရင် အသုံးချ ရအောင် ဖတ်သွား တယ်....။

    ReplyDelete
  2. ဝေး..............နာလုံးဝမသောက်ဘူးနော် မယုံဘူးလား ဟားဟား ပါစပ်နမ်းကြည့် ဘီယာ နံပဲရှိမယ်။ ရှူးတိုးတိုး ဘူ့ ကိုမှမပြောနဲ့  ။

    ReplyDelete
  3. အချိန်ကိုက်ပဲ ဗျာ :D

    ReplyDelete
  4. အကောင်းဆုံးဖြေဆေးကတော့ နောက်နေ့မနက်ကျရင် ထပ်သောက်လိုက်ဖို့ပါပဲ။ ၁၀၀% အာမခံပါတယ်။ လုံးဝအရက်နာမကျစေရပါဘူး။ :)

    ReplyDelete
  5. မေမိုးက အရက်မသောက်ဘူး အဖေ့အတွက် မှတ်ထားပေးဦးမှဘဲ ဟိဟိ....

    ReplyDelete
  6. ဧကရာဇ်မြစ်ကို သွေး၍ သောက်ပါ။
    သံပုရာရည်ချဉ်ချဉ်သောက်ပါ။

    အိမ်မှာ ကိုကိုက မောင်လေးကို လုပ်ပေးသောနည်း ဖြစ်ပါသည်။

    အကောင်းဆုံးက အရက်လုံးဝ မသောက်တာ အကောင်းဆုံးပါ။ :P

    ReplyDelete
  7. အရက်ဖြည်းဖြည်းခြင်း ဖျက်ဖို့ ကြိုးစားနေပါတယ်.. သဘောကျတယ်ဗျာ

    ReplyDelete
  8. အရက်နာကျချင်ရင်… မောနင်း နှစ်ပက် စီးပွားတက်လိုက်ရတယ်ဗျ…နောက်ပြီး ချီဗက်စ်တို့ ဂျေဒီတို့သောက် ဘယ်လောက်သောက်သောက်နောက်နေ့မနက်ကျရင်…အရက်နာမကျစေရဘူး…

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်