Saturday, April 26, 2008

စပယ်ဖြူအိမ်မက်

ကိုထူးအိမ်သင်ကိုယ်တိုင်ရေးကဗျာလေးပါ။၁၉၈၂ခုနှစ်က ရှုမ၀မဂ္ဂဇင်းမှာ"လင်းထက်"ဆိုတဲ့ကလောင်
နာမည်နဲ့ရေးသားခဲ့ပါတယ်။

လှိုင်းခတ်သံ ဂီတ...
ချိုမြ မပီပြင်၊သည်ရင်မှာ
ကြယ်ပြာ..လပြာ..ကောင်းကင်ပြာ...
ရောင်လွှာ မြူးပြက်၊လျှပ်လက်သလို
အို.....လှလိုက်တာ။

သဲသောင်ခုံလား၊ရေစွယ်လားလေ
ခြေသံဖွဖွ၊ကြားနေရပေါ့
မွှေးမြသန့်စင်၊အာရုံမြင်ရနံ့
သင်းပျံနေဆဲ၊ရင်ထဲမှာ...။

စကားတိုးတိုး၊မြူခိုးဝေေ၀
စံပယ်ရေ..စံပယ်ဖြူ...
ဘယ်သူများလဲ၊မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ငှက်တစ်အုပ်...
ရုတ်ခြည်းပျံပြေး၊ဟိုးအဝေးကို။

သည်အိမ်မက်မှ၊မောင် နိုးထလည်း
တမ်းတတပ်မက်၊ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ..။
စံပယ်ရေ..စံပယ်ဖြူ
ဘယ်သူများလဲ၊ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါမေ။

2 comments:

  1. ရှားပါးကဗျာလေး ရှာရှာဖွေဖွေ တင်ပေးလို့
    ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
  2. မမေရေ... အရမ်းကျေးဇူးတင်တယ်ဗျာ.....

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်