ဒုလ္လဘဦးပဉ္ဇင်း
သိမ်ဆင်းပြီးနေ့၊မပျော်မွေ့၍၊
ရက်မစေ့ခင်၊လူထွက်ချင်ကာ၊
ကြင်ယာဇနီး၊ခေါ်တွေ့ပြီးလျှင်၊
ဇွတ်ကြီးပြင်ဆင်ခိုင်းတော့သည်။
ဦးပြင်ဆင်ပါဘုရား။
ဒုလ္လဘဦးပဉ္ဇင်း
သိမ်ဆင်းပြီးနေ့၊စိတ်ငြီးငွေ့ဟု၊
ပုတီးမကိုင်၊မထိုင်တရား၊
တ၀ါးဝါးသမ်း၊ကြမ်းနှင့်ကျောခင်း၊
ပျင်းဆင်းဓုတင် ကျင့်တော့သည်။
ဦးပျင်းဆင်းပါဘုရား။
ဒုလ္လဘဦးဉ္ဇင်း
သိမ်ဆင်းပြီးနေ့၊စိတ်ငြီးငွေ့ဟု၊
လူ့ဘ၀တွင်၊ခုမှနားဟု၊
အိပ်စားနှစ်လီ၊ကျင့်တော့သည်။
ဦးပင်စင်ပါဘုရား။
ရခဲပေစွ၊ဒုလ္လဘဟု၊
ဗုဒ္ဓအမွေ၊ခံယူပေလည်း၊
ဓမ္မနည်းယူ၊ခံယူပေတည်း၊
အသိမလိုက်၊စရိုက်မပြင်
အရှင်သုံးပါး၊ပဉ္စင်းများတို့
ဘုရားအမွေ၊မရစေကောင်း၊
ပါရမီဟောင်းလောင်းဖြစ်တော့သည်။
ဦးတင်ပါသည်ဘုရား။
(ဘိုးရာဇူ)
ဟား.....ဟား.....ဟား.....
ReplyDeleteရီရတယ်ဟေ့... အတွေးလေးကောင်းတယ်။
နာ့ကို ကြည့်ပြီးရေးထားတာလားမသိ။
ဟိ ... ခဏခဏ ဦးပြင်ဆင် ဖြစ်နေခဲ့ တယ် :P
ReplyDeleteသတိမူစရာလေးတွေမို့ အကြိုက်တွေ့မိပါတယ်။
ReplyDeleteဆီပုံးကြီးရှာမတွေ့လို့ ရေတွင်းထဲဆင်းလာတယ်။