Sunday, April 13, 2008

ကျွန်မရဲ့ဆုတောင်းစာ

ဘုရားရှိခိုးပြီးတိုင်း၊တရားထိုင်ပြီးတိုင်းမှာခံစားရတာကတော့ငြိမ်းချမ်းမှုပါ။စိတ်ထဲမှာသိပ်ကိုငြိမ်းချမ်းနေပြီး၊ဒီအချိန်
မှာလူကတည်ငြိမ်နေတတ်ပါတယ်။အထူးသဖြင့်တရားထိုင်ပြီးချိန်မှာလူကောစိတ်ပါသိသိသာသာ၊ငြိမ်သွားတတ်ပါ
တယ်။အဲ့ဒီလိုအချိန်လေးမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏လို.တစ်ခုပဲဆုတောင်းမိပါရဲ့။ကျွန်မသီလရှင်ဝတ်တိုင်း
မှာ၊မိန်းကလေးတစ်ယောက်ဖြစ်ရတာကိုစိတ်မကောင်းဖြစ်မိတတ်ပါတယ်။နောက်တော့လည်းဆုတောင်းစာလေး
တစ်ခုကိုကိုယ့်ဘာသာသီကုံးရေးသားထားပြီး၊ဖြစ်ချင်တာလေးတွေကိုဆုတောင်းမိတတ်ပါတယ်။နိဗ္ဗာန်ကိုခုချက်
ချင်းရောက်အောင်မကျင့်ကြံနိုင်သေးလေတော့၊ကြုံတွေ.ရဦးမဲ့သံသရာခရီးအတွက်၊ကိုယ်ကြောက်တာလေးတွေ
ထည့်ပြီးဆုတောင်းမိပါတယ်။ကျွန်မရဲ့ဆုတောင်းစာလေးကိုအမှတ်တရဖော်ပြပေးလိုက်ပါတယ်။စိတ်ဝင်စားသူ
တွေအတွက်ရည်စူးပါတယ်။ဆုတောင်းစာလေးကိုဖတ်လိုက်ရင်..ကျွန်မဘယ်လိုလူမျိုးတွေကိုကြောက်တတ်သ
လဲဆိုတာကိုအလွယ်တကူမြင်နိုင်ကြမှာပါ။ဒီဆုတောင်းစာလေးကိုကျွန်မဘာသာရေးသားသီကုံးပြီး၊တရားထိုင်
ပြီးတိုင်း၊ဘုရားရှိခိုးပရိတ်တော်တွေရွတ်ပြီးတိုင်း၊ဆုတောင်းနေကြပါ။မည်သူမဆိုနှစ်သက်ပါကယူသုံးနိုင်ပါတယ်။
ကိုယ်ဖြစ်ချင်တာလေးတွေလဲထပ်ပြီးဖြည့်စွက်အသုံးပြုနိုင်ပါတယ်။ဒီဓမ္မဒါနလေးကိုကင်ဆာရောဂါဖြစ်နေရှာတဲ့
ကျွန်မမေမေအတွက်ရည်စူးပါတယ်။နှစ်သစ်မှာပျော်ရွှင်ကြပါစေလို.ဆုတောင်းပေးလိုက်ပါတယ်နော်။

ဆုတောင်းစာ

ကျွန်ုပ်သည်၊ဘ၀သံသရာမှစ၍ယနေ.ထက်တိုင်အောင်၊ပြုခဲ့ဖူးသောကောင်းမှုများကိုသစ္စာပြုတိုင်တည်၍
ဆုတောင်းပါ၏။ဘုရားတပည့်တော်သည်ယခုဘ၀မှစ၍၊နောင်သံသရာတိုင်အောင်နိဗ္ဗာန်မရောက်မီဆက်
ကြား၊ဘ၀တိုင်း၌စိတ်ဓာတ်မြင့်မြတ်သော၊သမ္မစိတ္တရှိသော၊ပညာဥာဏ်ကြီးသော၊မိဘဆရာသမားများက
ဆိုဆုံးမမှုကိုကောင်းစွာနာယူတတ်သော၊ယောင်္ကျားစင်စစ်ဧကန်ဖြစ်ရပါလို၏ဘုရား။မြတ်စွာဘုရားရှင်၏
သာသနာတော်အတွင်း၌သာကျင်လည်ရ၍၊ဗုဒ္ဓဘာသာဘာသာဝင်စင်စစ်ဖြစ်ကာ၊မြတ်စွာဘုရား၏သား
တော်ရဟန်းဖြစ်ရပါလို၏။မြတ်စွာဘုရားရှင်၏တရားတော်များကိုကောင်းစွာကျင့်ကြံခွင့်ရရှိပါစေသား။
အကုသိုလ်ဖြစ်မည့်နေရာ၌မကျင်လည်ရပါစေသား။အကုသိုလ်ဖြစ်စေသောပုဂ္ဂိုလ်များနှင့်ဝေးရပါစေ
သား။မိကောင်းဖကောင်း၊ဆွေမျိုးကောင်း၊မိတ်ဆွေကောင်း၊ဆရာကောင်းများနှင့်သာတွေ.ဆုံရ၍၊နိဗ္ဗာန်
ရောက်ကြောင်းအကျင့်ကောင်းကိုကျင့်ကြံရပါလို၏။ယခုဘ၀၌လည်းမြတ်စွာဘုရားရှင်၏သာသနာအကျိုး
ကိုသယ်ပိုးဆောင်ရွက်ခွင့်ရရပါလို၏။သူတော်ကောင်းများနှင့်နီးကာ၊သူယုတ်မာများနှင့်ဝေးရပါလို၏။ယခု
ဘ၀၌ပင်တရားထူးတရားမြတ်ကိုရရပါလို၏။တပည့်တော်၏စိတ်အစဉ်၌ကောင်းသောစိတ်သာရှိရပါလို၏။
မကောင်းသောစိတ်များမရှိရပါစေသား။သေလုဆဲသတ္တ၀ါများ၏အသက်ကိုကယ်တင်ခွင့်ရရပါလို၏။ခိုကိုးရာ
မဲ့များ၏အရိပ်ဖြစ်ရပါလို၏။



6 comments:

  1. တောင်းတဲ့ ဆု ကောင်းမြတ်တဲ့ ဆုတွေ အမြန် ပြည့် မြောက်ပါစေ :)

    ReplyDelete
  2. တောင်းတိုင်ပြည့်ပါစေ နှစ်အကူးမှာတောင်းတော့ ပိုပြီးပြည့်မှာ

    ReplyDelete
  3. တို့တော့ သိပ်မတောင်းမိဘူး။
    မေတ္တာတော့ ပိုတယ်..။ ဒါတောင် ၀ဋ်ကြွေးရှိတယ်ထင်ပါတယ်..။ မသူတော်တွေနဲ့ တခါတခါတွေ့ တယ်..။ ထားလိုက်ပါ။

    အရမ်းကို ကောင်းမွန်တဲ့ ပို့စ်လေးပါပဲ။ အကျိုးရှိတယ်။

    ReplyDelete
  4. ဆုတောင်းတွေ တကယ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ် မေ...ဒီဘ၀ မှာ ယောက်ျား မဟုတ်လဲ မိန်းမသားဘ၀နဲ့ ကောင်းမှုကုသိုလ်ကို ဆထက်တပိုး လုပ်ပါ...ဘာသာတွေ မှာ ပြောထားတာ ကောင်းမှု ကုသိုလ်လုပ်ဖို့ပါပဲ.. ငြိမ်းအေးရာ အစစ်အမှန် ဖြစ်သော နိဗ္ဗာန် ကို ရှာဖွေတွေ့ရှိပါစေ..

    ReplyDelete
  5. ညီမလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ စဉ်းစားတာတွေအရမ်းများနေတယ်။ သင်္ကြန်ရေထွက်မကစားဘူးလား ညီမရ။

    ReplyDelete
  6. ကောင်း၏။ မှန်၏။ သို့သော်....
    ဆုမတောင်းပဲ ဆုပန်ပါကပိုကောင်း၏။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်