Wednesday, March 26, 2008

သတင်းကောင်း

ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

မည်းမည်းကြုတ်ကြုတ်
ဝတုတ်တုတ်က
မောင်လေးမ..အား
မထားခဲ့နဲ.။

မျက်နှာပြဲပြဲ
သွားကျဲကျဲက
ကိုကြီးမီးကို
ပစ်နဲ.ဆို။

နဖူးမောက်မောက်
နှာရောင်ကောက်က
ချစ်သူသက်ဆုံး
ပစ်မမုန်းနဲ.။

ထို.ကြောင့်
ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

ရယ်၊ချစ်သူများ
စိတ်ဝမ်းပါးလျှင်
ကျုပ်ထံဆက်သွယ်နိုင်ပါ၏။

လမင်းအို

1 comment:

  1. ပျော်စရာတွေ အများကြီး တင်ထားပေးတယ် ဂွဒ် :)
    :P

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်