Wednesday, March 26, 2008

သိမှတ်ဖွယ်ရာ၊သုတထွေလာ

မင်းသားကြီးဖိလစ်သည်သူ၏ဇနီးကဘုရင်မအယ်လစ်ဇဘက်(နှစ်)( Queen Elizabeth 2)အဖြစ်
သရဖူဆောင်းရသောအခါသူကအဘယ်ကြောင့်ဘုရင်( King )ဟူသောဘွဲ.ကိုမပိုင်ဆိုင်
ရသနည်း။

ဘုရင်စနစ်ကိုလက်ရှိအုပ်စိုးနေသော၊ဘုရင်များနှင့်ဘုရင်မများကိုအုပ်စိုးသူဘုရင်(King Regnant) သို.မဟုတ်အုပ်စိုးသူဘုရင်မ(Queen Regnant)ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။ဘုရင်၏မိဖုရားကိုကြင်ယာ
တော်ဘုရင်မ(Queen Consort)ဟုယဉ်ကျေးမှုအနေဖြင့်ဘွဲ.ထူးတပ်ခေါ်ဝေါ်သော်လည်း၊တရားဝင်အာဏာ
ပေးအပ်ခြင်းမရှိပေ။အုပ်စိုးသူဘုရင်မ၏ကြင်ဖက်တော်လင်ယောင်္ကျားကမူကြင်ဖက်တော်ဘုရင်(King Consort)ဟုဖြစ်မလာပါ။အဘယ်ကြောင့်ဆိုသော်၊ဇနီးဖြစ်သူကလင်ယောင်္ကျား၏၊အဆင့်အတန်းနှင့်ဘွဲ.
ထူးကိုရယူထား၍ဖြစ်သည်။၎င်းကိစ္စသည်အပြန်အလှန်မဟုတ်ပါ။ဖိလစ်သည်ဂရိနှင့်ဒိန်းမတ်မင်းသား(Prince
of Greece and Denmark)ဖြစ်သည်။သို.သော်၁၉၄၇ခုနစ်တွင်ဗြိတိသျှတော်ဝင်အသိုင်းအ၀ိုင်းဝင်လာဖြစ်က
တည်းကထိုဘွဲ.ထူးကိုစွန်.လွှတ်ခဲ့သည်။နံပါတ်ခြောက်ဂျော့ဘုရင်(KingGeorge6)ကဖိလစ်ကိုဘွဲ.ထူးအသစ်တီ
ထွင်အပ်နှင်းခဲ့သည်။မင်းသားနှင့်အီဒင်ဘားဂ်နယ်စား(Prince and Duke of Edinburghe)အဖြစ်
ဘွဲ.ထူးအဆောင်အယောင်ကို၊မင်းသမီးအယ်လစ်ဇဘက်နှင့်လက်ထပ်မည့်၁၉၄၇ခုနစ်နိုဝင်ဘာလ၂၀ရက်နေ.
မတိုင်မီအကြိုနေ.တွင်ပေးအပ်ခဲ့သည်။

အုပ်စိုးသူဘုရင်များနှင့်ဘုရင်မများကမွေးဖွားလာသော၊သားသမီးတို.၏ဘွဲ.ထူးအရည်သည်လည်းလိင်အပေါ်မူ
တည်၍ကွဲပြားသွားပါသည်။ပထမဆုံးမွေးသောသားယောင်္ကျားသည်နန်းမွေခံ(Heir apparent)ဖြစ်ပြီး၊အုပ်စိုးသူ
ဘုရင်(သို.)ဘုရင်မကွယ်လွန်၍ဖြစ်စေ၊နန်းစွန်.လျှင်ဖြစ်စေ၊ဘုရင်အဖြစ်နန်းတက်ရမည့်သူဖြစ်သည်။အုပ်စိုးသူ
ဘုရင်(သို.)ဘုရင်မကသမီးဦးမွေးလာလျှင်သို.သော်နောက်ထပ်သားယောင်္ကျားနန်းမွေခံမွေးလာဦးမည့်အလား
အလာရှိလျှင်ထိုသမီးဦးကိုနန်းမွေခံအဖြစ်မျှော်မှန်းနိုင်တဲ့သူ(HeirPresumptive)ဟုခေါ်ဝေါ်ရသည်။သား
ယောင်္ကျားနန်းမွေခံမမွေးတော့ဟုရှင်းလင်းသေချာသောအခါမှထိုသမီးဦးသည်နန်းမွေခံ(HeirApparent)ဖြစ်
လာတော့သည်။အယ်လစ်ဇဘက်(နှစ်)သည်အုပ်စိုးသူဘုရင်မ(QueenRegnant)အဖြစ်နန်းတက်ခဲ့သည်။သူမ
သည်နန်းမွေခံမျှော်မှန်းနိုင်သူ(heir Presumptive)အဖြစ်မွေးဖွားခဲ့ပြီး၊နောက်ကျမှနန်းမွေခံ(Heir Apparent)
ဟုအခေါ်ခံခဲ့ရသည်။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်