Wednesday, March 12, 2008

သိစရာတွေးစရာ၇(ဆရာတော်ဦးဇောတိက)

လေကြောင်းကိုတော့
ပြောင်းလို.မရနိုင်ပါဘူး။
(ရွက်လှေရဲ့)ရွက်အနေအထားကိုတော့
ပြောင်းလို.ရပါတယ်။


သူများကိုယ့်ကိုပစ်တဲ့အုတ်ခဲတွေနဲ.
ကိုယ့်အတွက်ခိုင်မာတဲ့အုတ်မြစ်ကိုချထားပါတယ်။

ကိုယ်လုပ်တဲအလုပ်ကိုမချစ်တဲ့သူဟာ
စစ်မှန်တဲ့အောင်မြင်မှုကိုမရနိုင်ဘူး။

မဖြစ်နိုင်ဘူးဆိုပြီးမလုပ်ပဲနေရင်
မဖြစ်ဖို.သေချာတယ်။

အခက်အခဲတွေကို
များများကျော်လွှားနိုင်တဲ့သူဟာ
အောင်မြင်တဲ့သူဖြစ်တယ်။

ကိုယ့်အနားမှာရှိနေတဲ့
ပစ္စည်းတွေကကိုယ့်ကိုစိတ်ချမ်းသာမှု
ပေးမှာမဟုတ်ဘူး။ကိုယ့်အတွင်းမှာရှိတဲ့
ပြည့်ဝတဲ့ကိုယ့်သဘောထားကသာ
ကိုယ့်ကိုစိတ်ချမ်းသာမှုပေးမယ်။

ကိုယ်တကယ်နေရတဲ့နေရာဟာ
ကိုယ့်အတွေးတွေ၊ကိုယ့်ယုံကြည်ချက်တွေ၊
ကိုယ့်သဘောထားတွေနဲ.တည်ဆောက်ထားတဲ့
နေရာပဲဖြစ်တယ်။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်