Tuesday, March 25, 2008

တစ်ဘ၀သာသနာ(၄)အရှင်ဇနကာဘိဝံသ

ကျေးလက်တောရွာတို.၏ပန်းပုဆရာများ

လိမ္မာတတ်ကျွမ်းသူလိုအပ်

တောသူတောင်သားများသည်၊အလွန်ရိုးသားကြ၏။စိတ်ထားလည်းဖြူစင်တတ်ကြ၏။မာယာဥာဏ်များ၍၊ဆန်းပြားကွေ.
ကောက်သော၊ပတ်ဝန်းကျင်တို.၏၊လွှမ်းမိုးမှုကိုမခံရသဖြင့်၊တောရပ်ဒေသ၌၊သဘာဝပင်ကိုအတိုင်းပင်၊အများအားဖြင့်
ရိုးသားတတ်ကြပါသည်။ထိုအခြေအနေသည်ပန်းပုဆရာလက်ထဲ၌၊ပုံကြမ်းပင်မလောင်းရသေးသောသစ်ရိုင်းတုံးများ
သဖွယ်ဖြစ်ကြပါ၏။

သစ်ရိုင်းတုံးကိုဘီလူးရုပ်ပုံကြမ်းလောင်း၍၊ပန်းပုဆရာကဘီလူးရုပ်ထုလုပ်လျှင်၊ကြောက်စရာကောင်းသောဘီလူးရုပ်ကြီး
ဖြစ်လာမည်။မင်းသားရုပ်ပုံစံချ၍လှလှပပကလေးထုလျှင်လည်း၊ချစ်စရာမြတ်နိုးစရာကောင်းသောမင်းသားရုပ်ကလေးဖြစ်
လာရပါမည်။ပုံသွင်းသလိုဖြစ်လာနိုင်သလို၊ဖြစ်လာနိုင်သောအခြေအနေတွင်ရှိကြ၏။ဤကားတောသူတောင်သားကလေး
သူငယ်များနှင့်ဒါယကာ၊ဒါယိကာမများကိုဆိုလိုပါသည်။

တဖန်ကျေးလက်တောရွာတို.၏ပန်းပုဆရာများဟူသည်လည်း၊အခြားသူများမဟုတ်ပါ။တောရွာများတွင်ကျောင်းထိုင်တော်မူ
ကြသော၊ရှေ.ဆောင်ဘုန်းတော်ကြီး၏၀န်ကိုအတွင်းသို.၀င်၍ထမ်းဆောင်နေသူတို.မှာယေဘုယျအားဖြင့်၊တောသားများဖြစ်
ကြပါ၏။တောသားများသည်၊သာသနာတော်ကြီး၏အမြစ်ပင်စည်တို.နှင့်တူကြသည်။အမြစ်၊ပင်စည်တို.ခြောက်သွေ.လျှင်အ
ခက်၊အလက်၊အရွက်၊အညွန်.၊အဖူး၊တို.မဝေစည်နိုင်။သာသနာဥယျာဉ်ကြီး၊မလန်းဆန်းနိုင်ဘဲညှိုးနွမ်းဖွယ်ရာသာဖြစ်တော့မည်။

ဤအချက်များကိုဆရာတော်အရှင်ဇနကာဘိဝံသကသိမြင်ထား၍အခြေခံကျသော၊ကျေးလက်ဒေသ၌၊ပန်းပုဆရာကောင်းများ
ရှိဖို.၊လိုအပ်ကြောင်းကိုခဏ၊ခဏညွှန်ပြနေခြင်း၊ဖြစ်လေသည်။အခြေခံသည်အရေးကြီး၏။အခြေခံမခိုင်လျှင်အဖျားယိုင်မည်မှာ
ဓမ္မတာတည်း။

1 comment:

  1. တစ်ဘ၀ သာသနာက တော့ သူများငှားသွားလို့ ... ဖတ် တော့ ပြီးပြီ .. မှတ်မိပါတယ် တော်တော် များများ :D
    သတိဖေါ်ပေးတာ ကျေးဇူး :D

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်