Tuesday, March 25, 2008

လွမ်းသူ.စာ(လူထုဒေါ်အမာ)

ဇ၀နကိုသိန်းသို.သူရှိစမ်းစေချင်တယ်(၃)

ဟင်ကျွန်တော်ပြောတာဘယ်ရောက်သွားပါလိမ့်။သြော်သိပြီ၊သိပြီ။ဆင်ကြီးရဲ့မယားဖြစ်သွားရော။သေသွားတော့
နောက်ဘ၀ကျရင်ဘုရင်ရဲ့မယားဖြစ်သွားရော။ရှင်ဘုရင်မယားကအရင်ဘ၀တုန်းကဆင်ဖြစ်တာကိုပြန်ပြီးသတိရ
တယ်။သတိရတော့ရှင်ဘုရင်ကိုပြောတယ်။ရှင်ဘုရင်ကြီးရယ်၊ကျွန်မအရင်တုန်းကဆတ္တာသည်ဆင်မင်းဆိုတာ
ကျွန်မလင်၊ကျွန်မကိုပုရွက်ဆိတ်နဲ.ကိုက်ပြီးသတ်တယ်။ကျွန်မလူသတ်မှုနဲ.ဂတ်ကိုတိုင်လို.ပြောတော့၊ရှင်ဘုရင်
ကငါ့မယားလေးရယ်၊ဂတ်ကိုမတိုင်နဲ.၊ငါမုဆိုးတစ်ယောက်ကိုတောထဲသွားပြီး၊ဆင်ကြီးကိုသတ်ပစ်ခိုင်းမယ်ဆိုပြီး၊
မြို.ထဲမှာမောင်းတီးပြီး"ပြိုင်တူတီသား၊ဟင်ဟုတ်ပေါင်၊ဟိစကားယောင်သွားလို.၊တိုင်းသူပြည်သားတွေ၊တောထဲ
မှာဆင်ကြီးတစ်ကောင်ရှိတယ်ဒီဆင်ကြီးကိုသေအောင်သတ်ပေးရင်၊ဆုငွေတစ်ထောင်ပေးမယ်"ဆိုတော့၊မုဆိုး
တစ်ယောက်ကအသင်ရှင်ဘုရင်ရယ်၊အဲဒီဆင်ကြီးကိုကျွန်တော်သတ်ပေးပါ့မယ်၊ခင်ဗျားပြောတဲ့အတိုင်းငွေတစ်
ထောင်ပေးပါဆိုတော့၊ရှင်ဘုရင်ကသွားသတ်ချေ၊သတ်ပြီးတော့မင်းမလိမ်ဘူးဆိုတာ၊ငါသိအောင်အစွယ်ကိုယူခဲ့
ဆိုတော့မုဆိုးကသေနတ်ကြီးထမ်းပြီး၊တောထဲလိုက်သွားရော။

ဒါနဲ.ဆင်ကြီးကမယားတစ်ယောက်တည်း၊ရှိတာနဲ.စိတ်ညစ်ပြီးတောထဲလိုက်ရှာနေတာပေါ့။အဲဒီတော့မုဆိုးကမြင်
သွားရော။ဆင်ကြီးကနည်းတာကြီးမဟုတ်ဘူး။သိပ်ကြီးတာကိုး။မုဆိုးကသိပ်ကြောက်သွားတာပေါ့။ငါတော့သိပ်
ကြောက်တယ်။တွင်းထဲမှာပုန်းနေရင်ငါ့ကိုမြင်မှာမဟုတ်ဘူးဆိုပြီး၊တွင်းတစ်ခုထဲဝင်နေလိုက်ရော။တော်တော်ကြာ
တော့၊ဆင်ကြီးကတွင်းပေါ်လာရပ်ပြီးတော့ဟဲဟဲသေးပေါက်ချလိုက်ပါရော။မုဆိုးကဒါနဲ.ရေတွေခေါင်းပေါ်ကျလို.
စိတ်ဆိုးပြီး၊ခြောက်လုံးပြူးနဲ.ဒိုင်းဆိုပိတ်ပစ်လိုက်တော့၊ဆင်ကြီးဗိုက်ပိတ်မှန်ပြီး၊အောင်မလေးဗျ၊အောင်မလေးဗျနဲ.
အော်တာပေါ့။သူ.မယားတစ်ယောက်တည်းရှိတာလည်းကြောက်တာနဲ.ထွက်ပြေးရော။ဒါနဲ.ဆင်ကြီးကငါ့ဗိုက်ကို
မှန်တာအောက်ကပစ်တာပဲဆိုပြီး၊တွင်းထဲကိုနှာမောင်းကြီးနဲ.နှိုက်လိုက်တော့၊မုဆိုးကနှာမောင်းကြီးနဲ.နှိုက်လိုက်
တော့မုဆိုးကနှာမောင်းကိုစီးကရက်မီးနဲ.၊ပိတ်ထိုးလိုက်တာနှာမောင်းနဲ.ဆွဲတော့စီးကရက်ပါလာရော။ဆင်ကြီးက
စီးကရက်ပါလာရော၊ဆင်ကြီးကစီးကရက်ကိုလွှင့်ပစ်မယ်လုပ်ပြီးတော့မှ၊သောက်ကြည့်တော့သိပ်ကောင်းတာနဲ.၊
ဟေ့တွင်းထဲကလူကြီး၊ခင်ဗျားအပေါ်တက်ခဲ့ပါလား။ကျွန်တော့်ကိုခင်ဗျားစီးကရက်ပေးလို.၊ကျွန်တော်ခင်ဗျားကို
ဘာမှမလုပ်ပါဘူး။နောက်ထပ်တစ်လိပ်ပေးပါဦး၊ခင်ဗျားလိုချင်တာပေးမယ်ဆိုတော့၊မုဆိုးအပေါ်ကိုတက်လာရော။


ဆင်ကြီးကခင်ဗျားဘာပြုလို.ကျုပ်ကိုသေနတ်နဲ.ပစ်သလဲ၊ဂတ်တိုင်ရမလားလို.ပါ၊သူ.မိန်းမကခင်ဗျားအစွယ်ကိုသူ
ဋ္ဌေးဝါဒဆင်စွယ်ဘီးလုပ်ချင်တယ်လို.ပြောတော့၊မုဆိုးကမောင်းချဓားနဲ.လှီးတာဆင်ကြီးပါးစပ်ကိုချော်ထိုးမိပြီး၊
သွေးတွေထွက်လာရော။ဆင်ကြီးကစိတ်ဆိုးပြီး၊ခင်ဗျားလုပ်ရင်သောက်ရမ်းချည်းပဲဆိုပြီး၊သူ.ဘာသာသူဖြတ်ပေး
လိုက်တော့သွေးတွေထွက်လာပြီး၊ဆင်ကြီးသေသွားရော။

ဒါနဲ.မုဆိုးကြီးလည်းနန်းတော်ထဲပြန်ရောက်လာပြီး၊ရှင်ဘုရင်ကိုအစွယ်ပေးတော့ငွေတစ်ထောင်ရပြီး၊ချမ်းသာသွား
ရော။ပြီးတော့ရှင်ဘုရင်ကသူ.မယားကိုခေါ်ပြီး၊မိန်းမရေ၊အစွယ်ရပြီး၊ရော့မင့်ရင်ဘတ်ထဲမှာပိုက်ထားစမ်းဆိုပြီးအ
စွယ်ကိုပေးလိုက်တော့အစွယ်ကဧရာမဟာကြီးကိုးသိပ်လေးတာပေါ့။ဒါနဲ.ရှင်ဘုရင့်မိန်းမလည်းရင်ဘတ်ပေါ်မှာ
အစွယ်ပိပြီးသေရော။အဲဒါနဲ.ပြီးရောတဲ့။

ဆရာဇ၀နကမောင်ပေါက်ကျိုင်း၊ပဋ္ဋာစာရီ၊ပြူစောထီး၊ဥမ္မာဒန္တီ၊ကျီးနှင့်ဇီးကွက်ဝေဿန္တရာ၊မိဖုရားစောလုံ၊ပေါရိ
သာဒ၊ကျန်စစ်သား၊သီဟဗာဟု၊၀ိဓူရ၊ဣလိသနှင့်ဒွိစိတ္တ၊ဥပက၊ဆာဝါအစရှိတဲ့ပုံပြင်တွေကိုဆက်ပြောပါတယ်။

ဆက်ရန်

3 comments:

  1. မမေရေ....
    ဆေးလိပ်သောက်ချင်လို့
    စီးကရက်ပေးလို....
    ၁၈နှစ်တော့ပြည့်သေးဘူးဗျ။

    ReplyDelete
  2. i cant read your content? any problem with font declaring?????

    ReplyDelete
  3. မိုက်တယ် ညီမ။ အားပေးလျှက်။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်