Wednesday, March 26, 2008

သိမှတ်ဖွယ်ရာသုတထွေလာ(၂)

နံရံပန်းချီများနှင့်နံရံထွင်းစာများသည်မည်သည့်ကာလ၊မည်သည့်နေရာတွင်စတင်ခဲ့သနည်း။

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်တွေ.ရသောနှစ်ပေါင်းနှစ်သောင်းသက်တမ်းရှိ၊ဂူနံရံပန်းချီများသည်အစောဆုံးဖြစ်
ကြောင်းရှေးဟောင်းဗေဒပညာရှင်အချို.ကယုံကြည်ကြသည်။တိရစ္ဆာန်ပုံ၊နံရံပန်းချီများနှင့်ဂျီသြမေတြီပုံများသည်
မျိုးနွယ်စုအမှတ်အသားများဖြစ်နိုင်ပေသည်။

အက္ခရာဖြင့်နံရံထွင်းစာတို.၏အစောဆုံးပုံစံကိုရှေးဟောင်းဂရိနှင့်ရောမခေတ်ကစတင်ခဲ့ကြောင်းတွေ.ရှိရသည်။
၎င်းနံရံထွင်းစာတို.မှအချို.ကိုယခုထက်တိုင်၊လက်ကျန်အဖြစ်တွေ.မြင်နိုင်သေးသည်။ပွန်ပေမြို.ဟောင်းတွင်
ဥာဏ်ကွန်.မြူးမှုပြ၊ထွင်းစာများကိုသင်တွေ.နိုင်ပါသည်။"Quisquis amat valeat"(ချစ်သူများအားလုံးကံကောင်း
ကြပါစေ။)နှင့်"Admiror,paries,fennon cecidisse ruinis,quifot scriptorum,taedia sustineas".(ဒါလောက်
ငြီးငွေ.စရာစကားလုံးအများကြီးထမ်းထားရတာတောင်၊လဲပြိုမသွားတဲ့သင့်ကိုအံ့သြမိတယ်၊နံရံကြီးရေ)တို.ကို
လည်းတွေ.ပါလိမ့်မည်။

2 comments:

  1. ဗဟုသုတတွေ ဝေမျှတဲ့အတွက် ကျေးဇူးပါ :)

    ReplyDelete
  2. နံရံပန်းချီများနှင့်နံရံထွင်းစာများ ဆိုလို့ကြုံတုန်း ပြောပါရစေ။
    မန္တလေးမြို့ရဲ့တောင်ဖက် ၁၂မိုင်အကွာ မြစ်ငယ်မြို့မှာ ရွှေဥမင်ဘုရားနဲ့ရွှေဥမင်လှိုဏ်ဂူက ဗုဒ္ဓ၀င်နံရံပန်းချီများ
    ဟာ အလွန်ထင်ရှားပြီး ကမ္ဘာကျော်ပန်းချီ ဆရာပေါ်ဦးသက်
    ပန်းရိုးမပြက္ခဒိန်မှာ တကူးတကပြန်လည်ကူးယူဖော်ပြခဲ့တဲ့
    နှစ်ပေါင်းထောင်ချီ ကောက်ကြောင်းပန်းချီ ပေါ့ဗျာ။ အခုတော့ ဗိုလ်ချုပ်ရူးကြီးရဲ့ အမိန့်အရ တည်တဲ့ ဘိလပ်မြေ
    စက်ရုံကြောင့် ပျက်စီးကုန်ပါရောလား။ နှမြောစရာ ဘိုးဘွား အမွေအနှစ်တွေ တန်ဖိုးထားရကောင်းမှန်း မသိကြဖူးဗျာ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်