Friday, March 28, 2008

အချစ်သစ်တဲ့ဗျို.

ရပ်ထဲရွာထဲ
အာသံဗြဲနှင့်
ဆဲရေးတိုင်းဆို
အော်ဟစ်လိုကြ
ဘ၀လင်မယားရန်ပွဲများ။

ရန်စဲခဏ
တဒင်္ဂတွင်
မယ်ကရှင်ထူး
မောင်ကြည်နူးနှင့်
ချစ်ဦးသူသစ်ပြန်ဖြစ်သည်။

မုဒုံ-ရွှေဇင်မောင်

5 comments:

  1. ရန်ဖြစ်....ပြန်ချစ်ပေါ့နော်.........
    မမေရေ...မမေ cboxကြောင်နေလို့ comment ပဲရေးခဲ့တယ် တွေ့လားဗျ။မနေ့က နံရံပန်းချီမှာလဲ comment ရေးခဲ့သေးတယ်ဗျ။

    ReplyDelete
  2. အေးဟ..cboxနဲ.ငါ နည်းနည်းကြောင်ချင်နေတယ်။ဟီးဟီး။
    တွေ.တယ်သယ်ရင်းရေ..ကျေးဇူး။

    ReplyDelete
  3. ကျွန်တော်တော့ အိမ်ထောင်သက် ၅ နှစ်မှာ တစ်ခါမှ ရန်မဖြစ်ခဲ့တော့ အသစ် မဖြစ်ပဲ များ ဖြစ်နေမလားပဲ ဟား ဟား ...
    စမ်းကြည့်ရမလိုပဲ ...

    ဒီအတိုင်း အေးအေးဆေးဆေး အတိတ်ကို ပြန် သတိရ ပြောဆိုနေရင်လဲ အမြဲ အသစ် ပြန်ဖြစ်ပါတယ် ဗျာ ...

    ReplyDelete
  4. အမြဲတမ်းချည်းရန်ဖြစ်တာ မကောင်းသလို တစ်ခါတစ်လေလည်း ကြီးကြီးမားမားမဟုတ်တဲ့အရာနဲ့ ရန်ဖြစ်တာ ကောင်းတယ်။ ဒါမှ လူက refresh ပြန်ဖြစ်တာလေ။ အထူးသဖြင့် သ၀န်တိုတဲ့အရာလေးဆို ပိုကောင်းတယ်။ ရန်ဖြစ်ပြီး ပြန်တည့်သွားတဲ့အချိန်က အရမ်းကြည်နူးဖို့ကောင်းတယ် :P။ ကိုစိုးထက်ကြီးပြောသလို အတိတ်ကိုပြန်သတိရတာလည်း ကောင်းပါတယ်။ အတိတ်တင်မဟုတ် လက်ရှိရော အနာဂတ်မှာပါ စိတ်အသစ်ဖြစ်ဖို့လည်း လိုအပ်တယ်လေ :P

    ReplyDelete
  5. အကိုစိုးထက်ရေ..ရန်မဖြစ်ပဲနေနိုင်တာထူး
    ဆန်းတယ်ဗျိုး။တစ်ယောက်ယောက်ကလွှတ်
    သဘောကောင်းလို.ပဲ..ဟီးဟီး။

    လင်းလက်ရေ..ရန်ဖြစ်ပြီးပြန်တည့်သွားတဲ့အချိန်
    ကအရမ်းကြည်နူးဖို.ကောင်းတယ်ဆိုတာတီကယ်
    လားဟေး..နာလဲရန်စကြည့်မယ်.ဟဲ..ဟဲ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်