Monday, March 17, 2008

နံနက်ခင်းသြ၀ါဒများ(အရှင်ဇနကာဘိဝံသ)

လူကြီးလူကောင်းတွေနဲ.ဆုံလျှင်

လူကြီးလူကောင်းတွေနဲ.ပြောတဲ့အခါကိုယ်ခန္ဓာနဲ.ခေါင်းခြေကိုငြိမ်ငြိမ်ထားရတယ်။လက်ကားရား၊ခြေကားရားမလုပ်
ရဘူး။ခြေထောက်ကြီးကိုရှေ.ကိုလည်းထုတ်မထားနဲ.၊ခြေထောက်ကြီးတွေကိုရှေ.ကိုလည်းထုတ်မထားနဲ.၊နောက်ကို
လည်းပြန်မသွင်းမထားနဲ.၊ဘာပြုလို.လဲဆိုတော့ခြေထောက်ကြီးတွေ၊ရှေ.ထုတ်ထားရင်မယဉ်ကျေးရာရောက်သွားတာ
ပေါ့။တစ်ခါနောက်ကိုသွင်းထားပြန်တော့လည်း၊ကြောက်ရွံ.နေရာရောက်ပြန်ရော။ဒါကြောင့်အနေတော်ဖြစ်အောင်ပုံမှန်
ကျအောင်လုပ်ရမယ်။

အခုခေတ်ဟန်ဆောင်လောကကြီးထဲမှာတောင်၊သူ.အုပ်စုနဲ.သူကြည်ညိုတဲ့သူတွေရှိကြသေးတာ၊ဟန်ဆောင်မှုလုံးဝ
မပါတဲ့တို.ဘုရားကိုဘာလို.မကြည်ညိုနိုင်ကြရမှာလဲ။ကြည်ညိုနိုင်ကြရမှာပေါ့။ဘုရားဖြစ်တော်မူလာတော့၊တကယ့်လုံ.
လ၀ီရိယနဲ.၊ပညာနဲ.လောကတွေအပေါ်မှာ၊ကျေးဇူးပြုတော်မူတာ၊မေတ္တာထားပြီးမနေမနား၊တရားဟောတော်မူတည်။

ပါရမီတွေဖြည့်လိုက်ရတာလည်းလေးသင်္ချာနဲ.ကမ္ဘာတစ်သိန်း..အချိန်ကာလတွေအကြာကြီး...ဒီအတောအတွင်း
ပစ္စည်းဥစ္စာတွေ၊စည်းစိမ်အိုးအိမ်တွေ၊ခြေလက်အင်္ဂါတွေ၊အသွေးအသားတွေ၊မျက်လုံးတွေစွန်.လှူခဲ့ရတယ်။ပြီးတော့
ချစ်လှပါတယ်ဆိုတဲ့ဇနီးမယားနဲ.၊သမီးသားတွေပါလှူခဲ့ရတယ်။ဒါ..ဘာပြုလို.လဲ။..သဗ္ဗညုတဥာဏ်တော်ကြီးကိုရ
ချင်လွန်းလို.၊ဥာဏ်တော်ကြီးနဲ.လဲရတာ။ဘုရားအဖြစ်ကိုလွယ်လွယ်နဲ.ရခဲ့တာမဟုတ်ပါဘူး။

တာဝန်ကိုယ်စီရှိကြတယ်

အဲဒီလိုမနှိုင်းဆလောက်အောင်တန်ဖိုးတွေများစွာပေးပြီးမှ။ဘုရားဖြစ်တော်မူလာရတာပါ။အဲဒီဘုရားကိုယ်တော်မြတ်
တည်ထားခဲ့တဲ့သာသနာတော်ကိုဘယ်မှာပျောက်ပျက်ခံလို.တော်ပါ့မလဲ။

ရှေးခေတ်အဆက်ဆက်က၊သူတော်ကောင်းများ၊ရဟန်းများ၊ရဟန်းတော်များနဲ.ဒကာ-ဒကာများကထိန်းသိမ်းလာ
ခဲ့ကြသလို၊ယခုခေတ်ရဟန်းတော်များလည်းဆက်လက်ထိန်းဖို.တာဝန်ရှိကြတာပေါ့။ကြောင့်ကြမဲ့မနေသင့်ဘူး။ဒါ
ကြောင့်...ဦးပဉ္စင်းတို.၊ကိုရင်တို.၊တာဝန်ရှိတယ်လို.ရင်ထဲ၊နှလုံးထဲမှာကိန်းအောင်းထားကြပါ။ကိုယ်ကျင့်သီလလည်း
လုံခြုံအောင်နေလိုက်ကြပါ။အလုပ်လုပ်နိုင်ဖို.အတွက်ကျန်းမာရေးလည်းကောင်းအောင်၊ခုနှယ်ကဂရုစိုက်ထားကြပါ။

ဒီသာသနာတော်ဟာအလွန်မှန်ကန်လွန်းလို.၊အင်မတန်သဘာဝကျလွန်းလို.၊အိန္ဒိယမှာဗြာဟ္မဏ၀ါဒတွေထဲကထိုး
ဖောက်ထွက်လာနိုင်တာ၊ဒီတော့ရန်သူတွေပေါတာပေါ့။ဘုရားကိုယ်တော်မြတ်ကြီးရဲ့လမ်းစဉ်ဟာ...သံသရာမှလွတ်
မြောက်ရာလမ်းစဉ်ကြီးမဟုတ်လား။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်