Wednesday, February 27, 2008

အာခံတွင်းအပူလောင်နာအတွက်(နက္ခတ္တရောင်ခြည်)

အာခံတွင်းအပူလောင်နာဆိုသည်မှာဝမ်းချုပ်ပြီးဝမ်းတွင်းမှအပူများအထက်သို.ဆန်တက်လာကာပါးစပ်ခံတွင်းမှအပူများ
စုထွက်ပြီး၊သွားဖုံးများရောင်ကာပါးစပ်အတွင်းနှုတ်ခမ်းဖျားနှင့်လျှာဖျားတို.တွင်နီနီအပူဖုလေးများထပြီး၊ထမင်းဝါးမကောင်း၊
ရေသောက်၍မကောင်းနှင့်ခိုးလိုးခုလုကြီးနှင့်အလွန်အခံရခက်ပါသည်။

ထိုသို.သောအာခံတွင်းအပူလောင်နာအတွက်လွန်သည်၊မှားသည်၊များသည်မရှိပဲဘေးထွက်ဆိုးကျိုးလည်းမရှိသော၊ငုံ
၍ထွေးပေးရသောငုံနည်းတစ်လက်တင်ပြလိုက်ပါသည်။
ကျေးလက်သုံးလက်စွဲဆေးတစ်လက်ဆိုလျှင်မမှားပါ။ဆေးနည်းမှာမခက်ခဲပါ။

  • ခရေပင်မှအခေါက်(၅)ကျပ်သား။
  • ရှားပင်မှအခေါက်(၅)ကျပ်သား။
  • ဆီးဖြူပင်အခေါက်(၅)ကျပ်သား။
  • ရေငှက်ပျောဖူး(၁)ပုလင်း။
ဆူပွက်အောင်ပြုတ်ကျိုပြီးအအေးခံထားပါ။ခပ်နွေးနွေးတွင်အာခံတွင်းတစ်ငုံစာငုံငုံပြီးထွေးပေးပါ။ငုံနိုင်သမျှကြာကြာ
ငုံပြီးထွေးပေးပါ။ငုံနိုင်သမျှကြာကြာငုံပြီးထွေးပေးပါ။လေး၊ငါးကြိမ်ရှိလျှင်နားနားပြီးမှပြန်ငုံထွေးပေးပါ။
သက်သာပျောက်ကင်းသွားပါလိမ့်မည်။ဝမ်းမှန်အောင်သင့်တော်ရာဝမ်းနုတ်ဆေးနှင့်ဝမ်းပြုပြင်ပေးပါ။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်