Thursday, February 21, 2008

သိစရာတွေးစရာ၃(ဆရာတော်ဦးဇောတိက)

လကွယ်မရှိရင်လပြည့်ညဟာ
ပျော်စရာသိပ်ကောင်းမှမဟုတ်ဘူး။


ရှေ.ကိုသုံးလှမ်းလှမ်းပြီး
နောက်ကိုနှစ်လမ်းပြန်ဆုတ်တာဟာလည်း
တိုးတက်မှုပါပဲ။


ကိုယ့်ကိုယ်ကိုကိုယ်လေးစားမှုရှိတဲ့သူဟာ
ကိုယ့်ဂုဏ်သိက္ခာကိုအသက်နဲ.လဲမယ်။
ငွေနဲ.မလဲဘူး။


ဘ၀ဆိုတာဟာအမြဲတန်းပြောင်းလဲနေတယ်။
ပြောင်းလဲမှုကိုဆန်.ကျင်နေရင်
ဘ၀ပျောက်သွားမယ်။

အခြေအနေကိုကိုယ်က
မပြောင်းနိုင်ဘူးဆိုရင်ကိုယ့်ကိုယ်ကိုပဲ
ပြုပြင်ပြောင်းလဲမှဖြစ်တော့မယ်။


ရိုးသားမှုရှိဖို.ဟာ
ကြီးမားတဲ့သတ္တိလိုတယ်။


ငါမထိန်းသိမ်းနိုင်တဲ့အရာဟာ
ငါ့လက်ထဲမှာတာရှည်နေမှာမဟုတ်ဘူး။


လွယ်လွယ်နဲ.ရတဲ့ငွေတွေက
ငါ့ကိုဖျက်ဆီးလိုက်ပြီး။


တစ်ယောက်ထဲတကယ်နေလို.
မရပါဘူး။ကိုယ့်လိုအပ်ချက်တွေအားလုံးကို
ကိုယ့်တစ်ယောက်ထဲနဲ.ပြည့်စုံအောင်မလုပ်နိုင်ပါဘူး။
တစ်ယောက်ကိုတစ်ယောက်မှီခိုအားကိုးပြီး
နေရတာပါ။


ကိုယ့်စိတ်ထားနဲ့
ကိုယ့်လုပ်ပုံကိုင်ပုံကိုမပြောင်းနိုင်ရင်
ကိုယ်တွေ.နေကျအခက်အခဲကို
တွေ.နေအုံးမှာပဲ။


ကိုယ့်စိတ်နေသဘောထားကိုပြောင်းနိုင်ရင်
ကိုယ့်ဘ၀ပြောင်းသွားမှာပါ။




No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်