Thursday, February 14, 2008

ချစ်သူများနေ့အမှတ်တရ



ချစ်သူများနေ့မှာဘလော့ကိုလာလည်တဲ့သူငယ်ချင်းတွေကိုအအေးနဲ့မုန့်ဧည့်ခံမယ်နော်။ဦးသူ ၀ါးကြေးစနစ်ပေါ့(ဟဲဟဲ)။ချစ်သူများနေ့မှာချစ်သူနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးကော်ဖီသောက်နိုင်တဲ့
သူငယ်ချင်းတွေကိုလဲ၊မုဒိတာပွားအားကျရင်းနဲ့ပေါ့။သူငယ်ချင်းတွေကိုစကားလက်ဆောင်တစ်ခု
ပေးချင်ပါတယ်။ဆရာတော်အရှင်ဆန္ဒဓိကရဲ့ "အာဟာရအစစ်ရင်တွင်းချစ်"

လောကမှာစားစရာတစ်ခုဟာ
ကောင်းကောင်းဆိုးဆိုး
နည်းနည်းများများ
ကိုယ်ချစ်ကျွမ်းဝင်တဲ့သူတွေနဲ့
အတူတူစားရမယ်ဆိုရင်
အဲဒီစားစရာဟာ
အကောင်းဆုံးစားစရာပါပဲ။
ဘာလို့လဲဆိုတော့ချစ်ကျွမ်းဝင်ခြင်းထက်
ပိုကောင်းတဲ့အရသာ
လောကမှာမရှိလို့ပါပဲ။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်