Tuesday, May 11, 2010

သူငယ်ချင်းများရဲ့လက်ဆောင်

ကျွန်မဆီပို့စကဒ်လေးတွေရောက်ရောက်လာပါတယ်...။ပို့ပေးတဲ့သူငယ်ချင်းတွေကိုအရမ်းလဲကျေးဇူးတင်ပါတယ်။
ကျွန်မဆီကိုစာအစောင်စောင်ပို့ပြီးအားပေးနေတဲ့..ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ..ရိပ်သာမှသူငယ်ချင်း
တွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်..။ကျွန်မကိုချစ်ခင်ကြသူများကိုကော..ကျွန်မကချစ်ခင်များ
သူများကိုပါ..သူငယ်ချင်းတစ်ယောက်ပို့လာတဲ့စာလေးကိုမျှဝေပေးချင်ပါတယ်...။သူကပန်းချီပုံလေးတွေဆွဲဆွဲ
ပြီးမှအခုစာလေးတွေကိုရေးပေးလိုက်တာပါ..။အလုပ်မအားတဲ့ကြားကအချိန်ယူပြီးပျော်ရွှင်အောင်လက်ဆောင်တွေ
ပို့ပေးနေတဲ့သူငယ်ချင်း..王姐ရဲ့ကျွန်မအတွက်သူကူးပေးထားတဲ့စာလေးတွေပါ..။ဆရာတော်ဓမ္မဒူတအရှင်ဆေ
ကိန္ဒရဲ့အသိပေးစကားစုများစာအုပ်မှပါ..။..။ကျွန်မလဲဒီစာအုပ်လေးကိုအခုလက်ခံရရှိထားပါပြီ..။ထိုင်ဝမ်ကနေ
ကျွန်မဆီကိုစာအုပ်ပြန်ပို့ပေးလာတဲ့သူငယ်ချင်းကိုဒီဘလော့လေးမှလဲကျေးဇူးတင်ကြောင်းပြောပြပါရစေ..။

သူတစ်ပါး
လဲနေလို့
ထူပေးတာဟာ
ကောင်းတဲ့စိတ်ပါ။
ကိုယ်ချော်လဲနေတာကိုလည်းရပ်နိုင်အောင်
အရင်အားမွေးပါဦး....။


သူများတွေ
ဖတ်ချင်သလို
ဖတ်ကြပါစေ၊
ကိုယ်တိုင်ရေး
အတ္ထုပ္ပတ္တိက
အမှန်အတိုင်း
ကောင်းဖို့လိုတယ်။
သူတို့အကြိုက်
လိုက်ပြီးမရေးနဲ့..။

သနားစရာကို
သနားတာ
ကောင်းတဲ့အလုပ်ပါ
ဟန်ဆောင်တာကို
မသိရင်လူညံ့ဖြစ်သွားပြီ။


ရှေ့ကိုတိုးဖို့
နောက်ကိုဆုတ်တယ်တဲ့..။
အဲဒါကဆင်
ကောင်းတာဆိုရှေ့တိုး
မကောင်းတာဆိုနောက်ဆုတ်
အဲ့ဒါလူ။



No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်