Wednesday, January 27, 2010

ချစ်ခြင်းနဲ့ကျွန်မ

ဘာမှမသိစဉ်က
ဘာမှမရှိလေတော့
ဘယ်သူပဲဆုံးဆုံး
မဖြုံဖူးပေါင်ကွယ်….။

နည်းနည်းသိလာတော့
သူငယ်ချင်းလဲနည်းနည်းရှိလေတော့
ခွဲသွားရုံနဲ့တောင်
ငိုလို့ကိုမဆုံးတော့…။

ခုကျတော့
ချစ်သူတွေ
တစ်ချို့ကရှင်ကွဲ..
တစ်ချို့ကသေကွဲ..
အို….
ဘယ်လိုပုံနဲ့ခွဲရရ..
ဘုရားကျွန်မရင်ကွဲမတတ်
ငိုလို့လဲမပြေ
ရင်ထဲမှာရှိသမျှကျိုးကြေကုန်မတတ်
ရူးချင်လာလွန်းလို့
အော်လို့သာပတ်ပြေးချင်တယ်..
နောက်..ဘယ်တော့မှမချစ်ပါရစေနဲ့လို့။

3 comments:

  1. ကဗျာလာဖတ်သွားတယ် ညီမလေးရေ အားပေးလျက်။

    ReplyDelete
  2. ဝေဖြိုး28 January 2010 at 16:48

    မေရေ..ကျန်းမာရေးလဲဂရုစိုက်ဦး....ကဗျာဖတ်
    ရတာနဲ့တင်စိတ်မကောင်းဘူး....ကဗျာလေးတွေ
    ရေးဖွဲ့နိုင်ပါစေနော်..

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်