ကျွန်မဘ၀မှာဘယ်တော့မှမမေ့နိုင်လောက်အောင်ကြေကွဲဝမ်းနည်းခဲ့ရတဲ့အချိန်တစ်ခုကိုဖြတ်သန်းခဲ့ဲ့ရ
ပါတယ်။ကျွန်မမေမေတော်တော်နေမကောင်းဖြစ်နေခဲ့တဲ့အချိန်မှာသူ့သမီးကျွန်မကတော့မုန်တိုင်း
ကြောင့်ဒုက္ခရောက်ခဲ့သူတွေကိုသွားရောက်ကယ်တင်ဖို့စိတ်သန်နေခဲ့တာပါ။အ၀တ်အထည်တွေ၊
ဆန်၊စားစရာတွေမျိုးစုံကိုစိတ်ထက်သန်စွာနဲ့ပြင်ဆင်ပေးနေချိန်မှာ၊အိပ်ရာထဲကနေကျွန်မမေမေ
ကတော့ကျွန်မကိုခပ်ငေးငေးပဲကြည့်နေရှာခဲ့ပါရဲ့။မေမေ့လက်ကလေးကိုဆုပ်ကိုင်ပြီးသမီးဧရာဝ
တီတိုင်းကိုသွားမှဖြစ်မယ်၊သမီးပြန်လာမယ်နော်၊သွားရမလားလို့မေးတော့လည်း၊အသဲခိုက်
အောင်နာကျင်နေတဲ့ကြားကပဲကျွန်မကိုခေါင်းညိတ်ပြခဲ့ပါတယ်။စကားတောင်များများ
မပြောနိုင်တဲ့ကျွန်မမေမေကိုထားခဲ့ပြီး၊ယုံကြည်ထက်သန်ရာကိုလုပ်ဆောင်ဖို့ထွက်လာခဲ့မိပါတယ်။
ကျွန်မမေမေဆုံးတဲ့အချိန်မှာကျွန်မကတော့လူတကိုယ်စာသုံးနိုင်လောက်တဲ့အထုပ်လေး
တွေကိုခေါင်းမဖော်နိုင်အောင်ထုတ်ပေးနိုင်ချိန်ပဲဖြစ်ပါတယ်။မနက်မိုးလင်းလို့အမေဆုံးပြီ
ဆိုတာကိုသိရချိန်မှာတောင်ကျွန်မကရန်ကုန်နဲ့ခပ်ဝေးဝေးမှရှိနေခဲ့တာပါ။သတင်းကြား
ကြားခြင်းမှာကျွန်မဟာအရူးတစ်ယောက်လိုပဲမားမားတကယ်သေတာလား၊မားမားတ
ကယ်မရှိတော့ဘူးလားလို့ကျွန်မဖေဖေကိုမေးမိတာအကြိမ်များစွာပါပဲ။မားမားဆုံးသွား
ချိန်မှာသူအင်မတန်ချစ်တဲ့ယောင်္ကျားနဲ့သမီးဟာသူ့အနားမှာရှိမနေခဲ့တာကိုမားမား
ခွင့်လွှတ်နိုင်မယ်လို့ကျွန်မမျှော်လင့်မိပါတယ်။မျက်ရည်တွေကြားကသည်းသည်းထန်
ထန်ငိုနေတဲ့ကြားကပဲ၊ပစ္စည်းတွေကိုဟိုးပင်လယ်ထဲကရွာတွေကိုရောက်အောင်ပို့ပေး
နိုင်ဖို့စီစဉ်ကြရပါတယ်။
ကျွန်မအိမ်ကိုပြန်ရောက်ချိန်မှာအိမ်ကအသုဘအိမ်တစ်ခုအဖြစ်ပြင်ဆင်ထားတဲ့မြင်
ကွင်းကိုတွေ့လိုက်ရပါတယ်။အိမ်ရှေ့မှာလဲကျွန်မမေမေနာမည်နဲ့အသက်ကိုရေးထား
တဲ့စာတမ်းကြီးကိုကျွန်မရင်တွေကွဲမတတ်ငိုရင်းတွေ့လိုက်ရပါတယ်။ကျွန်မတို့သားအဖ
ပြန်ရောက်တာနောက်ကျတဲ့အတွက်မားမားအလောင်းကိုရေခဲတိုက်ကိုယူသွားကြပြီ
လို့ပြောကြတော့၊မားမားဆုံးတာကိုအိမ်မက်မက်နေသလိုဖြစ်နေတဲ့ကျွန်မဟာယောင် တောင်တောင်နဲ့မားမားများထွက်လာပြီးသမီးပြန်လာပြီလားလို့မေးလေမလားလို့အိမ် ထဲကိုရှာနေမိပါတယ်။တရားကိုမြတ်မြတ်နိုးနိုးအားထုတ်ကြတဲ့ကျွန်မတို့မိသားစုဟာ သေခြင်းတရားရဲ့နောက်မှာဘာတစ်ခုကိုမှအကျယ်မချဲ့လိုကြပါဘူး။ကျွန်မတို့ပြန်ရောက်
ချိန်မှာသတင်းစာထဲနာရေးကြော်ငြာထည့်လိုသူတွေကိုကော၊နာရေးဖိတ်စာရိုက်သူတွေ၊
အခေါင်းလှလှလေးကိုမှဆိုပြီးရှာပေးနေသူတွေအားလုံးကိုကျွန်မတို့လက်မခံကြပဲချက်
ချင်းမီးသဂြိုလ်ဖို့စီစဉ်တိုင်ပင်ကြပါတယ်။အလောင်းကိုဆေးချယ်ပေးဖို့မိတ်ကပ်တွေ
ကအစ၀ယ်ပေးထားကြတဲ့မိတ်ဆွေများလဲရှိကြပါတယ်။အားလုံးကိုနားလည်အောင်
ဖျောင်းဖျပြီး၊ရေဝေးသုဿန်ကိုထွက်လာခဲ့ကြပါတယ်။
ရေဝေးကိုရောက်တော့ကျွန်မကိုမားမားဆီကိုခေါ်သွားကြပါတယ်။ကျွန်မခရီးမထွက်
ခင်ကဆုပ်ကိုင်ခဲ့တာမားမားလက်ကလေးကိုနောက်ဆုံးအကြိမ်အဖြစ်ကျွန်မထပ်ပြီး
ဆုပ်ကိုင်ထားခဲ့မိပါတယ်။အေးစက်နေတဲ့အတွေ့ကြောင့်ငါ့အမေတကယ်သေသွားပြီ
ဆိုတာကိုကျွန်မမျက်လုံးတွေကိုစုံမှိတ်ထားပြီးလက်ခံလိုက်ရပါတယ်။မားမားမျက်နှာ
ကိုနောက်ဆုံးအချိန်အကြိမ်ကြည့်နေရတာပါလားဆိုတာကိုလဲကျွန်မသေချာသိနေ
ခဲ့ပါတယ်။သံဃာတော်များကိုသင်္ကန်းကပ်လှူချိန်မှာမားမားနာမည်ကိုရွတ်ပြီးအမျှ ဝေရပါတယ်။တရားသဘောကိုဆင်ခြင်နေပေမဲ့ကျလာတဲ့မျက်ရည်တွေကိုကျွန်မ ဘယ်လိုမှမထိန်းနိုင်တော့ပါဘူး။မားမားမျက်နှာကိုအထပ်ထပ်အခါခါကြည့်နေရင်း
ကမျက်ရည်တွေကကျွန်မအမြင်ကိုေ၀၀ါးလာစေပါတယ်။ကျွန်မမေမေကိုမီးသဂြိုလ် ဖို့ယူဆောင်သွားတော့မဲ့အချိန်မှာကျွန်မရင်ထဲမှာမားမားဟာမရှိတော့ပါလား၊ရုပ်
အလောင်းပဲကျန်တော့ပါလားဆိုတဲ့အသိလေးဝင်လာခဲ့ပါတယ်။မားမားအလောင်း
ကိုမီးသဂြိုလ်ဖို့ယူဆောင်ချိန်မှာပဲကျွန်မတို့ပြန်လာခဲ့ကြပါတယ်။အရိုးပြာကိုလဲကျွန်မ
တို့မယူဆောင်ကြပါဘူး။မားမားရေ..သွားတော့နော်...။
မားမားဆုံးသွားချိန်မှာကျွန်မ၊မရှိနေခဲ့တဲ့အတွက်မားမားဘာတွေခံစားသွားခဲ့ရသလဲ၊
မားမားဘာတွေပြောသွားခဲ့လဲလို့ကျွန်မမှာမေးရ၊မြန်းရပါတယ်။ကျွန်မမေမေဆုံးမဲ့နေ့မှာ
သူနာပြုဆရာမလေးကအားဆေးသွင်းပေးခဲ့ပါတယ်။မားမားကစိတ်ဆိုးဆိုးနဲ့ပြောပါသတဲ့။
ငါနေကောင်းပါတယ်၊ဘာလို့ဆေးသွင်းပေးတာလဲ၊မုန်တိုင်းဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ သူတွေကိုဆေးလှူလိုက်ပါလားလို့ငြင်းဆန်ပါသတဲ့။ဆေးသွင်းပေးဖို့တိုက်တွန်းတဲ့ကျွန်မ
အကိုကိုလဲစိတ်ဆိုးပါသတဲ့။ကျွန်မကတော့မျက်ရည်တွေကိုသုတ်ပြီးမားမားကိုလေးစားစွာ
နဲ့ပြုံးမိပါတယ်။ကျွန်မမေမေဟာအင်မတန်သတ္တိရှိသူတစ်ယောက်ပါ။မားမားဟာဘ၀တစ်
လျှောက်လုံးမှာသားသမီးတွေအတွက်စံပြမိခင်အဖြစ်နေပေးခဲ့တာပါ။သူမရဲ့နောက်ဆုံးအ
ချိန်အထိချစ်တဲ့ယောင်္ကျားနဲ့သမီးကိုနားလည်ပေးခဲ့တဲ့အမျိုးသမီးကြီးတစ်ယောက်ပါ။ကျွန်မ
မေမေဆုံးသွားချိန်မှာကျွန်မဟာဒုက္ခရောက်နေတဲ့သူများစွာကိုကူညီပေးနေတဲ့အတွက်မားမား
ပြုံးနေခဲ့မယ်လို့ကျွန်မယုံကြည်နေမိပါတယ်။မားမားကောင်းရာသုဂတိလားပါစေသော်......။
မေရေ မေရဲ့စိတ်ဓါတ်ကို အရမ်းပဲလေးစားမိပါတယ်။ မိခင်နေမကောင်းနေတဲ့ကြားက ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် သွားရောက်ကူညီ ကယ်ဆယ်နိုင်တဲ့စိတ်ဓါတ်ကို ဂုဏ်ယူမိပါတယ်ဗျာ။ နောက် မေတို့ မိသားစုရဲ့ စိတ်ထားတွေးကိုလည်း ကျနော် မလေးစားလို့ မနေနိုင်လောက်အောင်ပါပဲ။ မေရဲ့မိခင်ဆို နေမကောင်းလို့ အိပ်ယာမှာလဲနေတာတောင်မှ ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် စေတနာတွေထက်သန်နေတုန်းပဲနော်။ ကျနော်ဒီပိုစ့်ကိုဖတ်ပြီး စစ်အစိုးရကို ပိုပြီးတော့တောင် စိတ်နာမိတယ်။ တော်ပြီးဗျာ စစ်အစိုးရအကြောင်းမပြောချင်တော့ဘူး ရင်နာလွန်းလို့ပါ။ ကိုယ်ကျိုးကိုမကြည့်ပဲ အများကျိုးကိုသယ်ပိုးနေတဲ့ မေကို မေရဲ့မိခင်က ကောင်းရာဘုံကနေ ကျေနပ်နေမှာပါ။ မေရဲ့ မိခင် ကောင်းရာသုကတိလားပါစေဗျာ။
ReplyDeleteမေရေ တကယ်ကို စိတ်မကောင်းပါဘူးဗျာ။ မေ့ အတွက် မေ့ မားမားက ဂုဏ်ယူကြေနပ်နေမှာပါ။ မေ ရဲ့ မားမား ကောင်းရာသုဂတိလားပါစေဗျာ။
ReplyDeleteပြောစရာစကားလုံးတောင် ရုတ်တရက် ရှာလို့မတွေ့ဘူးမေရယ်... ဒီလိုအဖေ ဒီလိုအမေက မေ့လိုသမီးမျိုး မွေးထုတ်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူးလေ။ အကြီးမားဆုံး စွန့်လွှတ်မှုနဲ့ အလှူသွားလုပ်ခဲ့တဲ့ မေ့ကိုရော မေ့အမေကိုပါ သိပ်ကိုလေးစားမိကြောင်း လေးလေးနက်နက် ပြောချင်ပါတယ်။ မေ့အမေလည်း မေ့အတွက် ဂုဏ်ယူကျေနပ်သွားမှာပါ။ ကောင်းရာသုဂတိလည်း လားမှာသေချာပါတယ် ... ငြိမ်းချမ်းပါစေ သူငယ်ချင်း...
ReplyDeleteညီမရေ ညီမပြောသလို -ဘ၀တူတွေ ဖြစ်သွားပြီ အကိုရဲ့-ဆိုတဲ့စကားကို အမှန်တကယ် မကြားလိုတာပါကွယ်။ ညီမစာကို ဖတ်ရတာ အကိုလည်း မျက်ရည်လည်တယ်။ ဘ၀တူတွေမို့ပါပဲ၊ ဘာပဲဖြစ်ဖြစ် ညီမပြုခဲ့တဲ့ ကုသိုလ်တွေအတွက် အမေ ၀မ်းသာသွားတာပဲ။ တခုပါပဲ လေးစားစရာ ကောင်းတဲ့ စံပြ အမေတွေကို တို့တွေ ဆုံးရှုံးခဲ့ကြရတာ ၀မ်းနည်းစရာ ကောင်းလှတယ်။ ဒါပေမယ့် ၀မ်းနည်းရုံနဲ့ မပြီးသေးဘူး သူတို့ ပြသွားတဲ့ လမ်းကို တို့တွေ ဆက်ပြီး လျှောက်ကြရဦးမယ် မဟုတ်လား။ ငြိမ်းအေးမှု ရပါစေ ညီမရေ။
ReplyDeleteငယ်ငယ်တုန်းကတော့
ReplyDeleteချော်လဲတိုင်း အမေထူ
ဒီလိုနဲ့
ကံကောင်းထောက်မစွာ
လူဖြစ်လာခဲ့တယ်။
ခုတော့
အမေလဲရင်ထူဖို့
ကျွန်တော် လူဖြစ်အောင်
သင်ကြားရအုန်းမယ်... ။
----
ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်၊ အင်းတင်းထားပါ..
မမေ-
ReplyDelete၀မ်းနဲ ကြောင်း နဲ့..ဂုဏ်ယူ ကြောင်း..ထပ်တူ ပြော ပါရစေ။ ကိုအောင်သာငယ် ဘလော့က..တွေ့လို့ လာ နှုတ် ဆက်တာပါ။ ခင်မင် လျက်-
မမေရေ.... တနေ့နေ့မှာ ဒီသတင်းသေချာပေါက်ကြားရမယ်ဆိုတာ သိနေပေမယ့် တကယ်ကြားရတော့ ရင်ထဲ ဆို့သွားတယ်။ စိတ်မကောင်းဘူးဟာ။ မမေ ကျွန်တော့်ထက် စိတ်ခိုင်တာကိုတော့ အထင်ကြီး လေးစားမိတယ်။ ဗုဒ္ဓဘာသာမှာ နောက်ဆုံးထွက်သက်က အရမ်းအရေးကြီးတယ်လေ။ နောက်ဆုံးအချိန်မှာ မမေရဲ့ မားမားက ဒုက္ခအတိရောက်နေတဲ့ လူတွေကို လှူဖို့ စိတ် ညွှတ်သွားတာဆိုတော့ သေချာပါတယ်သူ........
ReplyDeleteကောင်းရာသုဂတိလားမှာပါ။
အဖြစ်အပျက်က တစ်ကယ်လား အစ်မ၊ တကယ်ဆိုရင်တော့ အရမ်းလေးစားပါရဲ့ဗျာ
ReplyDeleteညီမလေး ....စကားလုံးတွေရုတ်တရက် ရှာမတွေ.ဘူး ကွယ် ၊လူတစ်ယောက် ရဲ.နောက်ဆုံးခရီးကို ညီမလေးတို. အကောင်းဆုံးပြင်ဆင်ပေးနိုင်ခဲ.တယ် ။
ReplyDeleteညီမလေး မေမေ ကောင်းရာသုဂတိ လားပါစေ ...
ကိုယ်ကျိုးထက် အများအကျိုးကို သယ်ပိုးထမ်းရွက် နိုင်ခဲ.တဲ. ငါတို.ညီမလေး ရဲ. လုပ်ရပ်တွေကို ညီမမေမေ
ကျေနပ် ဝမ်းသာ နေမှာပါ .......
Yuts, daw palagpat imo blog.
ReplyDelete၀မ်းနည်းကြောင်းနဲ့ ဂုဏ်ယူမိကြောင်းကိုပဲ ပြောကြားလိုပါတယ်...။
ReplyDeleteမမေရေ အစ်မလိုစိတ်ဓာတ်ရှိတဲ့ မိန်းကလေးဖြစ်အောင် လေ့ကျင့်ရဦးမယ် လေးစားပါတယ် မမေ မားမား ကောင်းရာသုဂတိရောက်ပါစေ
ReplyDeleteMay,
ReplyDeleteI am deeply sorry to hear about your mother. May she rest in peace. I was so far away from home when my father passed away. I am really proud of you for what you are doing for our fellow country men. You are my hero. Keep up your good work. May God bless you abundently!
Moh Moh
ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးချမ်းသာယာပါစေလို့ တောင်းဆုချွေပါတယ် ခင်ဗျာ။ အပူသောကတွေ ကြားမှာ နောက်တစ်ပူ ထပ်တိုးပေမယ့် တရားသဘောနဲ့ ဆင်ခြင်နိုင်မှုကို အားကျ လေးစားမိပါတယ်ဗျာ။
ReplyDeleteငြိမ်းချမ်းပါစေ..။
ReplyDeleteမမေရဲ့ မားမားက မမေကိုခွင့်လွတ်ပေးမှာပါ မမေက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီတဲ့အချိန်မှာ မမေရဲ့ မားမားက လောကကြီးကို စွန့်သွားတော့ ဘယ်တတ်နိုင်ပါမလဲ ဒါက လောကကြီးကပေးတဲ့ နိယာမတရားတွေပါဘဲ။ မေမိုးလဲစိတ်မကောင်းမိဘူး။ အစ်မတစ်ယောက်လို အရမ်းချင်တဲ့လူ ဒီလို အဖြစ်အပျက်တွေကြုံတော့ စိတ်မကောင်းမိတာ အမှန်ပါဘဲ။ မေမိုးဆုတောင်းပေးပါတယ် မမေရဲ့ မားမား ကောင်းရာသုဂတိကို လာပါစေလို့။ မမေလဲ လူမှုရေးတွေ ဒီထက်ပိုဆောင် ရွက်နိုင်ပါစေ လို့ ဆုတောင်းပါတယ်။ မေမိုးလာတာနောက်ကျလို့ ခွင့်လွတ်ပေးပါ။
ReplyDeleteမေ..မေတို့ မိသားစုရဲ့ ခိုင်ကျည်လှတဲ့ စိတ်ဓါတ်ကို လေးစားပါတယ်၊ သူ့ရဲ့ စေတနာမေတ္တာနဲ့ မေတို့ရဲ့ စေတနာတွေ အကျိုးဆက်ကြောင့် မေ့မားမား ကောင်းရာသုဂတိလားမှာ အသေအချာပါ..။
ReplyDeleteI was browsing through MM blog dictory and I read your post about your mom. I am so sorry for your lost.
ReplyDeleteWe have same satiation here. I can feel your sadness. My mom was passed away 5 months earlier than yours. Same, Cancer killed my mom.
I was in overseas while she passed away. I cried every night. I do not know how to heal the sadness until now.
May you be healthy and happy always.
ကျနော် တကယ်စိတ်မကောင်းဖြစ်မိတယ်။
ReplyDeleteရင်ထဲ
ဆို့နေ၏......... ။
yes sister,u r really great daughter for ur mother,it make me cry and ur post is reminding about life is nothing,i want to type in myanmar but i dont know how to type myanmar,I wish u to be peaceful all of ur life
ReplyDelete