Friday, May 16, 2008

အသိပေးအကြောင်းကြားအပ်ပါသည်.....

ကျမချစ်တဲ့ ကျမရဲ့ မွေးသမိခင်ကျေးဇူးရှင်ချစ်မေမေ တယောက်
ဒီနေ့(၁၆၊မေလ၊၂၀၀၈)မနက် ၁ နာရီ ၄၀ မီနစ် မှာ ကျမတို့ကို
ရာသက်ပန်စွန့်ခွာပြီး ဘ၀တပါးသို့ပြောင်းလဲသွားပါပြီ။

16 comments:

  1. တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ မေအတွက်တော့ စိတ်မကောင်းခြင်းတွေ တစ်ပူပေါ်တစ်ပူဆင့်နေရောပေါ့။
    မေအတွက်တော့ မြင့်မိုရ်တောင်ကြီးပြိုကျသွားပြီးပေါ့နော်။ ကျနော်တို့ လူဘ၀မှာ ဘယ်သူမဆိုကြုံတွေ့ရမယ့် သဘာဝတရားကြီးကို မေရဲ့ မားမားက‎ သတ္တိရှိရှိ ရင်ဆိုင်သွားနိုင်ပြီးလေ။ မေ ဖြေသာနိုင်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။ ဖြေသာနိုင်မယ်လို့လည်း ကျနော် ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေက ဗုဒ္ဓတရားတော်တွေကို သိထားနားလည်ထားလို့လေ။

    ReplyDelete
  2. မမေ၊ လှုပ်ရှားနေတဲ့ကြားမှာ အခုလိုမျိုးနောက်ထပ် ၀မ်းနည်းစရာတွေထပ်ကြုံရပြန်ပြီအမရယ်။ =( ထပ်တူထပ်မျှ ခံစားရပါတယ်။

    ဘာညာ

    ReplyDelete
  3. ညီမလေး မေ။ မားမားဆုံးတာသိရလို့ မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်။ နိယာမတရားကို နားလည်ပြီး ညီမငယ်ဖြေသာပါစေ။

    မအို
    မနာ
    မသေဆေးကို ရှာဖို့
    တစ်ခါတစ်ခါ
    သား
    ဆရာဝန်ဖြစ်မိပါသေးတယ် မေမေ။

    မောင်လှမျိုး(ချင်းချောင်းခြံ)

    ဦးဇင်း

    ReplyDelete
  4. ညီမရေ..
    ညီမ ရဲ့ မွေးသမိခင်အတွက် ၀မ်းနည်းစွာဖြင့်..
    ပြုပြုသမျှ ကုသိုလ် ဒီကနေ ဝေမျှလိုက်ပါတယ်..
    ကိုမောင်ရင်

    ReplyDelete
  5. ညီမလေးရေ မပူဆွေးပါနဲ့လို့တားလို့ရစကောင်း တဲ့ အဖြစ်မဟုတ်လို့ တရားသိတဲ့ ညီမလေး တရားနဲ့သာဖြေပါလို့ပဲ အကိုပြောချင်ပါတယ် အကိုလဲ ညီမတို့နဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်း ပါတယ် ညီမရေ...။

    ReplyDelete
  6. ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပါတယ်ဗျာ

    ReplyDelete
  7. အစ်မရယ်..တစ်ကယ်စိတ်မကောင်းပါဘူးဗျာ...။ သေခြင်းတရားဆိုတာ တကယ်တော့ မွေးရာပါ ငယ်သူငယ်ချင်း တစ်ယောက်ပါပဲ အစ်မရယ်...။

    ReplyDelete
  8. မမေကျွန်တော်ဒီသတင်းကိုကြားရတော့အရမ်းဝမ်းနည်းတယ်ဗျာ။ ကျွန်တော်ဘာပြောရမှန်းတောင်မသိတော့ဘူး။ လူဆိုတာသေမျိုးကြီးပဲဆိုပေမဲ့ တကယ်တန်းခွဲခွာရတဲ့အချိန်မှာ လူတိုင်းဝမ်းနည်းတတ်ကြပါတယ်။

    ReplyDelete
  9. ညီမမေရေ .....
    ညီမလေးနဲ.ထပ်တူ
    ညီမလေး မိသားစုနဲ. ထပ်တူ...
    ဝမ်းနည်းကြေကွဲရပါတယ်.....
    ညီမလေးရဲ. ကောင်းမွန်တဲ.
    လုပ်ရပ်တွေကို မြင်တွေ.ခွင်.ရသွားတဲ.
    ညီမမေမေ ဟာ ညီမလေး အတွက် ဝမ်းသာ ဂုဏ်ယူနေမှာပါ။

    သင်္ခါရတရားပါလို.တော. တရားမပြချင်တော.ဘူးကွယ်
    ငို...ညီမရေ ...ဝအောင်သာ ငိုတော.။
    ဒီရက်ပိုင်း အတွင်း ခံစားရတာတွေ သိပ်များတယ် ကွယ် ......

    ReplyDelete
  10. ညီမလေးရေ ထပ်တူထပ်မျှ ခံစားရပါတယ်ကွယ်။ ကိုယ်တိုင် မိခင်ကို ဆုံးရှုံးခဲ့ဖူးတဲ့အတွက် ဘယ်လို ခံစားရမယ်ဆိုတာ စာနာနားလည်ပါတယ်။
    ညီမလေးလုပ်ခဲ့သမျှ ကုသိုလ်တွေအတွက် အမေ ကျေနပ်သွားမှာပါ။ အမေကောင်းရာသုဂတိရောက်ပါစေ။

    ReplyDelete
  11. ထပ်တူကြေကွဲကြောင်း ပြောပါရစေ ...
    ကွယ်လွန်သွားရှာတဲ့ အစ်မ မေမေ ကောင်းရာ သုဂတိရောက်ပါစေဗျာ...

    ReplyDelete
  12. မမေ တကယ်စိတ်မကောင်းပါဘူးဗျာ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုမို့  အဆင်ပြေပါစေလို့  ဆုတောင်းမပေးတော့ပါဘူးး တရားနဲ့  ဖြေနိုင်မယ်လို့ ထင်ပါတယ် မေက စိတ်ဓာတ်ကြုံခိုင်းင်္ပြီးသားပဲ ယုံကြည်နေပါတယ် အဆင်ပြေမယ်ဆိုတာ ။

    ReplyDelete
  13. မမေရေ...အဖြေကို ကြိုသိနေပေမယ့် ကြားရပြန်တော့ ရင်ထဲမချိဘူးဗျာ။ စိတ်ထိန်းနိုင်ပါစေ။ ကုသိုလ်တွေ တိုးလုပ်ပြီး ကျေးဇူးဆပ်တာပေါ့ဗျာ.......

    ReplyDelete
  14. မေရေ... ကြိုသိထားပေမယ့် အရမ်း စိတ်မကောင်းဖြစ်မိတယ် သူငယ်ချင်းရယ်။ အခုတလော blog တွေ မလည်ဖြစ်တာကြာလို့ အခုမှ မေတင်ထားတာ တွေ့တာ။ မေလုပ်ထားသမျှ ကုသိုလ်ကောင်းမှုတွေ အတွက်ရော မေ့လိုမွေးရကျိုးနပ်တဲ့ သမီးမျိုးအတွက်ပါ မေ့မာမားလည်း ကျေနပ်သွားမှာပါ။ ဒီလို စိတ်သောကတွေကြားက ဒုက္ခသည်တွေ အတွက်လည်း အရှိန်မပျက် ကူညီနေနိုင်လို့လည်း မေ့ကို အရမ်းချီးကျူးမိပါတယ်။ ငြိမ်းချမ်းပါစေ သူငယ်ချင်းရေ...

    ReplyDelete
  15. အမေကောင်းရာသုဂတိရောက်ပါစေ။တရားနဲ့  ဖြေနိုင်မယ်လို့ ထင်ပါတယ်

    ReplyDelete
  16. Gomen kudasai.

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်