Friday, April 04, 2008

Solitude(တကိုယ်တည်း)

Laugh and the world laugh with you;
ရယ်ပါ၊တစ်လောကလုံးသင်နှင့်အတူ၊လိုက်ရယ်လိမ့်မယ်။

Weep,and you weep alone.
ငိုရင်တော့၊သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။

For the sad old earth must borrow its mirth,
ဝမ်းနည်းနေတဲ့ကမ္ဘာလောကကြီးက သင့်ဆီက ရယ်စရာလေးကိုငှားရမယ်။

But has trouble enough of its own.
ဒါပေမဲ့ သူ.မှာလည်း သူ.ဒုက္ခနဲ.သူဘဲ။

Sing,and the hills will answer;
သီချင်းဆိုပါ တောင်တန်းတွေက ပဲ့တင်သံ ပြန်လာလိမ့်မယ်။

Sigh,and it is lost on the air.
သက်ပြင်းချရင်တော့ လေထဲမှာ ပျောက်သွားလိမ့်မယ်။

The echoes bounce to a joyful sound.
ပျော်စရာ အသံကို ပဲ့တင်သံ ပြန်ကန်ပေးပါတယ်။

But shrink from voicing care.
သောကတွေ ဒုက္ခတွေကိုတော့ သူပြန်ကန်မပေးဘူး။တွန်.ဆုတ်သွားတယ်။

Rejoice,and men will seek you;
ပျော်ပျော်ရွှင်ရွှင်နေပါ။လူတွေက သင့်ကိုတွေ.အောင်လိုက်ရှာလိမ့်မယ်။

Grieve,and they turn and go.
ဝမ်းနည်းနေရင်တော့ သူတို.လှည့်ပြီးတော့ ထွက်သွားလိမ့်မယ်။

They want full measure of all your pleasure,
သူတို.ကသင့်ရဲ့ပျော်ရွှင်မှုတွေ အားလုံးကို အပြည့်အ၀လိုချင်တယ်။

But they do not need your woe.
ဒါပေမဲ့ သင့်ရဲ့ဒုက္ခတွေကိုတော့ သူတို.မလိုအပ်ဘူး။

Be glad,and your friends are many;
စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာမိတ်ဆွေတွေ အများကြီးပဲ။

Be sad,and you lose them all.
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အကုန်လုံးကို ဆုံးရှုံးသွားလိမ့်မယ်။

There are none to decline your nectared wine;
ပန်းဝတ်ရည်နဲ. လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမဲ့သူမရှိဘူး။

But alone you must drink life's gall.
ဒါပေမဲ့၊ဘ၀သည်းခြေရည်ကိုတော့ သင်တစ်ယောက်ထဲဘဲ သောက်ရလိမ့်မယ်။

Feast,and your halls are crowded;
စားပွဲသောက်ပွဲလုပ်။သင့်အခန်းမှာ လူတွေပြည့်ကြပ်နေလိမ့်မယ်။

Fast,and the world goes by.
ငတ်နေရင်တော့ ဘယ်သူကမှ လာမှာမဟုတ်တော့ဘူး။

Succeed and give,and is helps you to live,
အောင်မြင်အောင်လုပ်ပါ။ပေးပါကမ်းပါ။အဲဒါကသင့်ဘ၀ကိုအဆင်ပြေဖို. အထောက်အပံ့ဖြစ်လိမ့်မယ်။

But no man can help you die.
ဒါပေမဲ့သေဖို.အရေးကိုတော့ ဘယ်သူကမှ သင့်ကိုအကူအညီမပေးနိုင်ဘူး။

There is room in the hall of pleasure
For a long and lordly train,
ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီးတခန်းတနားသွားနိုင်ဖို. အတွက် နေရာအကျယ်ကြီးရှိပါတယ်။

But one by one we must all file on
Through the narrow aisles of pain.
ဒါပေမဲ့ ဒုက္ခလမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်းတန်းစီပြီးတော့ သွားရလိမ့်မယ်။
လက်တွဲသွားမဲ့သူမရှိဘူး။အဖော်မရှိဘူး။

Ella Wheeler Wilcox

5 comments:

  1. လက်တွဲဖေါ်ကောင်း မြန်မြန် တွေ့ပါစေ ...

    ReplyDelete
  2. အရမ်းသဘောကျတယ်ဗျာ

    ReplyDelete
  3. “ဒါပေမဲ့ ဒုက္ခလမ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်းတန်းစီပြီးတော့ သွားရလိမ့်မယ်။ လက်တွဲသွားမဲ့သူမရှိဘူး။ အဖော်မရှိဘူး။”
    သိပ်မှန်တာပဲ သူငယ်ချင်းရေ။ တန်ဖိုးရှိတဲ့ စကားလေးတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်း)

    ReplyDelete
  4. မွေးလာတော့လဲ တစ်ယောက်တည်း သွားတော့လဲ တစ်ယောက်တည်းပဲပေါ့ သေရင်လဲ တစ်ယောက်တည်း
    ပဲပေါ့။
    ဒီလိုမျှဝေပေးတဲ့အတွက် ကျေးဇူးပဲ သူငယ်ချင်းရေ
    ဒါပေမဲ့တစ်ကိုယ်တည်းတော့မနေနဲ့နော် ဟီးဟီး
    ဟိုင်သွားမယ်

    ReplyDelete
  5. ကောင်းလိုက်တာ ကွာ။ အရမ်းကြိုက်တယ်။ နောက်မှ တခေါက်လာကူးရမယ်။ ကျေးဇူးပဲ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်