Friday, April 18, 2008

FAT32 မှNTFS စနစ်သို.ပြောင်းခြင်း

သင်၏ကွန်ပျူတာမှဟာ့ဒ်ဒစ်၏အချက်အလက်များသိမ်းဆည်းပုံစနစ်သည်FAT32စနစ်ဖြစ်ဖြစ်ကောင်းဖြစ်ပါ
လိမ့်မည်။၎င်းကိုNTFSစနစ်သို.ပြောင်းပေးခြင်းဖြင့်ဆောင်ရွက်ချက်များအနည်းငယ်ကောင်းမွန်လာပါလိမ့်မည်။
NTFS(NT File System)ဖိုင်စနစ်သည်တည်ငြိမ်မှုရှိပြီးဝင်းဒိုးစ်၏ဆောင်ရွက်ချက်များကိုပိုမိုအားသာစေပါ
သည်။၎င်းNTFSစနစ်သည်အလွန်ဟောင်းနေသောကွန်ပျူတာများအတွက်မရနိုင်ပါ။မည်သို.ပင်ဖြစ်စေသင့်ကွန်
ပျူတာသို.မဟုတ်ဟာ့ဒ်ဒစ်သည်NTFSစနစ်ကိုလက်ခံမည်ဆိုပါကပြောင်းသင့်ပါသည်။၎င်းအတွက်

၁။My Computer(icon)ကို ကလစ်နှစ်ချက်နှိပ်ဖွင့်ပါ။

၂။My Computerမြင်ကွင်းပေါ်လာမည်။၎င်းမှC:driveကိုမောက်စ်ညာကလစ်လုပ်လိုက်ပါ။တစ်နည်းအားဖြင့်ဝင်
ဒိုးစ်စနစ်အားဖြင့်ဝင်းဒိုးစ်စနစ်တင်ထားသောဟာ့ဒ်ဒစ်အပိုင်းကိုဆိုလိုပါသည်။

၃။ပေါ်လာသောစာသားများမှPropertiesကိုရွေးချယ်ပါ။

၎။ဟာဒ့်ဒစ်မြင်ကွင်းပေါ်လာပါမည်။General(tab)တွင်ဖြစ်ရပါမည်။

အဆိုပါမြင်ကွင်းအတွင်းဟာဒ့်ဒစ်FAT32လား၊NTFSလားဆိုတာကိုကြည့်ပါ။၊NTFSသို.ပြောင်းလဲလိုပါကအောက်
ပါအချက်များအတိုင်းပြုလုပ်ကြည့်ပါ။

၁။ဟာဒ့်ဒစ်မှဖိုင်အားလုံးကိုအခြားဟာဒ့်ဒစ်အပိုင်းသို.မဟုတ်ဟာဒ့်ဒစ်တစ်ခုခုသို.ပြောင်းပါ။အခြားနည်းလမ်း
back upများကိုလည်းသုံးနိုင်ပါသည်။
၂။Startခလုတ်ကိုဖွင့်ပါ။
၃။Runကိုကလစ်လုပ်ပါ။
၎။ပေါ်လာသောတွင်ဟုRun(box)ရိုက်ထည့်ပါ။Okကိုနှိပ်ပါ။သို.မဟုတ်Enterကီးကိုနှိပ်လိုက်ပါ။
၅။အနက်ရောင်Command Promptမြင်ကွင်းပေါ်လာပါမည်။အကယ်၍မပြပါကစာတမ်းအဆုံးနေရာတွင်cd\
ရိုက်ထည့်ပါ။
၎င်းသည်change directoryဟုဆိုလိုပါသည်။
C:\>နောက်တွင်volc:ကိုရိုက်ပါ။Enterကီးကိုနှိပ်လိုက်ပါ။ထိုအခါဟာဒ်ဒစ်အပိုင်းC:ဖြစ်သည်ကိုပြပါမည်။ဥပမာ
အားဖြင့်Volume in Drive C has no label.Volume Serial Number is 6463-5FOBဖြစ်သည်။
၎င်းပြပေးထားသောအချက်များကိုစာဖြင့်ရေးမှတ်ထားပါ။
၆။ဆက်လက်၍convert c:/fs:ntfsဟုရိုက်ထည့်ပါ။
အကယ်၍စာမှားလျှင်Invalid Parameterပြနေပါလိမ့်မည်။
ပေါ်လာသောညွှန်ကြားချက်များအတိုင်းဆက်လက်ဆောင်ရွက်ပါ။
၇။၎င်းတွင်ဟာဒ့်ဒစ်၏labelနှင့်Volume Serial Numberတို.ကိုမေးပါလိမ့်မည်။
မှတ်ထားသောအချက်များကိုရိုက်ထည့်ပေးပါ။
၈။ထို.အပြင်မေးခွန်းအချို.Y(Yes)ဟုရိုက်ထည့်ပြီးEnterကီးကိုနှိပ်လိုက်ပါ။
၉။အဆိုပါNTFSသို.ပြောင်းလဲသည့်လုပ်ငန်းစဉ်တွင်၎င်းဟာဒ့်ဒစ်သည်ဝင်းဒိုးစ်စနစ်ထည့်သွင်းမထားသည့်
ဟာဒ့်ဒစ်အပိုင်းဖြစ်ပါကမြန်ပါလိမ့်မည်။
၁၀။အကယ်၍၀င်းဒိုးစ်စနစ်ထည့်ထားသည့်ဟာဒ့်ဒစ်အပိုင်းဖြစ်ပါကကွန်ပျူတာကိုပြန်ပိတ်ရခြင်း
သို.မဟုတ် restart ပြုလုပ်ပေးရခြင်းစသည်အချက်များပိုလာပါလိမ့်မည်။
၁၁။သို.ပြောင်းလဲသည့်လုပ်ငန်းသည့်လုပ်ငန်းစဉ်အားပြုလုပ်နေသည့်အခါသို.မဟုတ်ပြုလုပ်ပြီးပြီးချင်း
ကွန်ပျူတာကိုမသုံးပါနှင့်။၎င်းသည်ဟာဒ့်ဒစ်တစ်ခုလုံးအားပြောင်းလဲရခြင်းဖြစ်၍အချိန်အတန်
ကြာထားလိုက်ပါ။မိနစ်အတန်ကြာထားလိုက်ပါ။မိနစ်အတန်ကြာမှသာကွန်ပျူတာကိုသုံးပါ။

1 comment:

  1. ဟုတ်တယ်..NTFS ကပိုကောင်းတယ်ထင်တယ်နော်. တချို့ software တွေဆို NTFS မှ install လုပ်လို့ရတယ်..

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်