Sunday, April 20, 2008

နေ.ရက်တိုင်းကိုပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနိုင်စေဖို.

ကိုယ်ကျန်းမာ၊စိတ်ချမ်းသာခြင်းဆိုတာတန်ဖိုးမဖြတ်နိုင်တဲ့၊ဆုလာဘ်ကြီးတစ်ခုပါ။လူတစ်ချို့ကဒီဆုလာဘ်ကိုအ
လွယ်တကူပိုင်ဆိုင်နေကြပေမယ့်၊လူတစ်ချို.မှာတော့ကျန်းမာရေးချို့တဲ့တာ၊စိတ်မချမ်းမြေ့တာစတဲ့ဝေဒနာတွေကို၊
ခံစားကြရတတ်ပါတယ်။လူတိုင်းဘ၀မှာအောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်တော့၊ကိုယ်ကျန်းမာ၊စိတ်ချမ်းသာမှဖြစ်
မှာပါ။ဒါကြောင့်လူတိုင်းလူတိုင်းဖြတ်သန်းနေရတဲ့နေ့စဉ်ဘ၀မှာပျော်ရွှင်တက်ကြွစွာနဲ့၊အောင်မြင်မှုပန်းတိုင်ကိုအ
ရောက်လှမ်းနိုင်အောင်တစ်ဖက်နည်းလမ်းတွေကိုလိုက်နာကြည့်ပါလား။

၁။အမြဲတမ်းပြုံးနေလိုက်ပါ။
သင့်ကိုယ်သင်ပြုံးပြုံးလေးနေကြည့်ပါ။နှုတ်ခမ်းကပဲပြုံးတဲ့အပြုံးမဟုတ်ပဲ၊မျက်လုံးဘေးကကြွက်သားတွေကော၊ရင်
ထဲကပါပြုံးတဲ့အပြုံးစစ်ကို၊ပြုံးကြည့်ပါ။ပြုံးတဲ့အခါကောင်းမွန်တဲ့စိတ်ခံစားချက်တွေထွက်လာပြီး၊ဦးနှောက်ရဲ့လုပ်ငန်း
ဆောင်တာကိုကြည်လင်ကောင်းမွန်စေပါတယ်။တချို.ရက်တွေမှာသင်ဟာမပြုံးရွှင်နိုင်ပဲ၊မှိုင်တွေစိတ်ဓာတ်ကျနေ
ရင်အမြဲတမ်းပြုံးရွှင်နေတတ်တဲ့သူငယ်ချင်းနဲ့၊တွေ.ဆုံစကားပြောလိုက်ပါ။သူ့အပြုံးတွေဟာသင့်ဆီကိုကူးစက်လာ
ပါလိမ့်မယ်။

၂။တစ်နာရီကြာတိုင်းရေသောက်ပါ
အလုပ်များနေတဲ့အခါ ရေသောက်ဖို့မေ့နေတတ်ပါတယ်။ပတ်ဝန်းကျင်ကျန်းမာရေးစာစောင်ရဲ့လေ့လာမှုအရ၊ရေ
ဓာတ်ခန်းခြောက်နေရင်ခန္ဓာကိုယ်အလေးချိန်၂ ရာခိုင်နှုန်းကျသွားတတ်ပြီး၊ရေငတ်တဲ့ခံစားမှုဟာမှတ်ဥာဏ်ချို.
တဲ့တာ၊ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ကျဆင်းတာတွေလည်း၊ဖြစ်တတ်တယ်လို့ဆိုပါတယ်။ခန္ဓာကိုယ်ညောင်း
ညာနုံးချိပြီး၊ပျင်းနေရင်သစ်သီးဖျော်ရည်၊ဂရိတ်ဖရုဖျော်ရည်တစ်မျိုးမျိုးကိုသောက်လိုက်ပါ။

၃။ကိုယ်ဟန်အနေအထားကိုစစ်ဆေးပါ
ထိုင်ခုံမှာမတ်မတ်မထိုင်ဘဲ၊ပျင်းရိပျင်းတွဲနဲ့နောက်မှီကို၊မှီထိုင်ရင်ကြာလာတဲ့အခါနောက်ကြောအပေါ်ဘက်က
ကြွက်သားတွေအားနည်းလာပြီး၊ဒဏ်ဖြစ်လာတတ်ပါတယ်။လူတစ်ချို့ကနောက်မှီထိုင်တာကိုနေရ၊ထိုင်ရသက်
သာတယ်လို့ထင်တတ်ကြပါတယ်။ဒါဟာဒဏ်ဖြစ်စေမှန်းမသိကြပါဘူး။ထိုင်ခုံမှာထိုင်တဲ့အခါသင့်တင်ပါးနဲ့ပခုံးတွေ
တစ်တန်းတည်းဖြစ်နေပါစေ။ကျောရိုးနေရာမှာလည်းသဘာဝအတိုင်းကွေးနေအောင်ထားပါ။ပေါင်တံနဲ့ခြေထောက်
တွေကိုမြေပြင်ပေါ်မှာအပြိုင်ချထားပြီး၊ခြေချင်းဝတ်ဟာဒူးရှေ့ရောက်နေသင့်ပါတယ်။

တစ်ချိန်လုံးဒီလိုမတ်မတ်ကြီးထိုင်ရတာညောင်းနေရင်၊အညောင်းပြေအောင်လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းက
တော့မတ်မတ်ထိုင်ပြီး၊လက်တွေကိုပခုံးဘေးကနေမြှောက်လိုက်ပါ။ပြီးရင်နောက်ကျောဘက်ဆီကို၊လက်မောင်းနဲ့
လက်တွေကိုကွေးညွတ်ပြီးပခုံးသားတွေကိုဆွဲညှစ်လိုက်ပါ။အဲဒီအတိုင်းသုံးစက္ကန့်လောက်ထားကာသုံးကြိမ်ခန့်ပြု
လုပ်ပါ။

၎။အိမ်သန့်ရှင်းရေးပြုလုပ်ပါ
ဖုန်တွေကျပ်ခိုးတွေကို၊ရှင်းလင်းတာဟာအအေးမိရောဂါ၊ဓာတ်မတည့်ခြင်းနဲ့ပန်းနာရင်ကျပ်ရောဂါတွေအန္တရာယ်
ကနေကာကွယ်ရာရောက်ပါတယ်။သန့်ရှင်းတဲ့အခန်းဟာသင့်စိတ်ကိုလည်းပိုပြီးပျော်ရွှင်စေပါတယ်။လေ့လာမှု
တစ်ရပ်အရလူဦးရေ၉၈ရာခိုင်နှုန်းခန့်ဟာအိမ်သန့်ရှင်းတဲ့အတွက်ပိုပြီး၊နေထိုင်ကောင်းကြတယ်လို့ဆိုပါတယ်။အိမ်
ကသန့်ရှင်းတောက်ပြောင်နေရုံသာမကအိမ်ရှိပစ္စည်းတွေဟာ၊အရာရာတိုင်းနေရာတကျရှိမှ၊စိတ်ဖိစီးမှုပမာဏပိုမို
လျော့ကျနေနိုင်မှာပါ။

၅။အိပ်ခန်းထဲမှာပန်းချီကားထားရှိပါ
အိပ်ရာမ၀င်ခင်မိနစ်အနည်းငယ်လောက်၊သူငယ်ချင်းတွေနဲ့အတူ၊ပျော်ရွှင်စွာစုရိုက်ထားတဲ့ပုံတစ်ပုံ၊ဒါမှမဟုတ်
ချစ်သူနဲ့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံ၊ဒါမှမဟုတ်သင့်ကလေးပြုလုပ်ခဲ့တဲ့ဂုဏ်ပြုခဲ့တဲ့ဂုဏ်ယူဖွယ်ရာတစ်စုံတစ်ရာကို
ကြည့်လိုက်ပါ။ဒီပုံရိပ်ဟာသင့်ကိုတစ်နေ့တာလုံးပင်ပန်းသမျှ၊အပန်းပြေစေတဲ့အပြင်ခပ်မြန်မြန်အိပ်ပျော်သွားပါ
လိမ့်မယ်။နှစ်ခြိုက်စွာအိပ်ပျော်မှသာသင့်နှလုံးကျန်းမာရေးကိုကောင်းစေပြီး၊စူးစိုက်အားကိုပါကောင်းစေပါလိမ့်
မယ်။

၆။ထောပတ်သီးအနည်းငယ်စားပါ
ထောပတ်သီးကိုဘယ်လိုပဲစားစား၊ဒီအသီးမှာအာဟာရတန်ဖိုးများစွာပါဝင်တဲ့အတွက်၊ကင်ဆာရောဂါတစ်ချို့ကို
တောင်ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ်၊မပြည့်ဝဆီနဲ့နှလုံးကျန်းမာစေတဲ့အင်တီအောက်ဆီးဒင့်၊ဗီတာမင်စီ
နဲ့အီးလည်းပါဝင်တယ်လို့၊သုတေသီတွေကဆိုပါတယ်။ဒါကြောင့်ကယ်လိုရီများတဲ့အစာတွေစားမယ့်အစား၊ထော
ပတ်သီးကိုသာစားလိုက်ပါ။

၇။တေးဂီတခွန်အားဖြည့်ပါ
ငြိမ့်ညောင်းတဲ့တေးဂီတနားဆင်တာဟာ၊စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။သြစတြေးလျသုတေသီတွေက၊ချိုအေး
တဲ့တေးသံတွေဟာအာရုံကြောစနစ်ကိုငြိမ်သက်စေပြီး၊စိတ်ဖိစီးမှု၊သွေးတိုးခြင်းနဲ့နှလုံးခုန်မြန်တာတွေမဖြစ်အောင်
ကာကွယ်ပေးရာရောက်ပါတယ်လို့ဆိုပါတယ်။သီချင်းဆိုတာကလည်းသင့်ခန္ဓာကိုယ်ရဲ့ခုခံအားတုံ့ပြန်မှုကိုအား
ကောင်းစေပြီး၊စိတ်ဖိအားမှုဖြစ်စေတဲ့ဟော်မုန်းကော်တီဇော၊ထုတ်လုပ်မှုကိုလျော့ကျစေပါတယ်။ဒါဟာစိတ်ပိုင်း
ဆိုင်ရာသက်သာရာရမှုပေးတာပါ။အသက်ကိုခပ်ပြင်းပြင်းရှူသွင်းပြီးအောက်ဆီဂျင်အပြည့်နဲ့သီချင်းဆိုရင်၊အအေး
မိတာကိုတိုက်ခိုက်ပေးတဲ့ပဋ္ဋိဇီဝပစ္စည်းတွေထွက်လာလို့ပဲ၊ဖြစ်တယ်လို့Ph.Dဘွဲ့ရတယ်ရီကဆိုပါတယ်။

၈။ဥယျဉ်စိုက်ပါ
မြေကြီးတွေကိုကိုင်ပြီး၊တူးဆွပေးတာဟာစိတ်ကိုမြှင့်တင်ရာရောက်ပါတယ်လို့၊အင်္ဂလန်ကလေ့လာမှုတစ်ရပ်ကဆို
ပါတယ်။မြေကြီးထဲကကောင်းတဲ့ဘက်တီးရီးယားတွေဟာဦးနှောက်ထဲကနေစိတ်ခံစားမှုကောင်းစေတဲ့ဆီရိုတိုနင်
ဓာတ်ကိုထုတ်လွှတ်ဖြစ်ပါတယ်။နေတဲ့နေရာမှာမြေကြီးမရှိလို့လည်းစိတ်မပူပါနဲ့။အိမ်ထဲမှာ၊၀ရန်တာမှာမြေအိုးနဲ့
စိုက်လို့ရပါတယ်။

မိတ်ဆွေသစ်နဲ့မိတ်ဖွဲ့စကားပြောပါ
ရောက်တဲ့နေရာတိုင်းမှာမိတ်ဆွေသစ်တွေနဲ့၊မိတ်ဖွဲ့စကားပြောပါ။မိတ်ဆွေပေါတဲ့သူဟာကိုယ့်ကိုကိုယ်ယုံကြည်မှု
ပိုရှိစေပါတယ်။သင့်ရဲ့လူ့အဖွဲ့အစည်းမှာမိတ်ဆွေသစ်တွေကိုထပ်ထပ်ထည့်ပါ။တစ်ယောက်တည်းနေတဲ့အချိန်ထက်
မိတ်ဆွေတွေနဲ့ပေါင်းဖွဲ့နေတဲ့သူတွေဟာ၊သွေးဖိအား၃၀လောက်ပိုလျော့နည်းနေပါတယ်လို့ချီကာဂိုတ္ကသိုလ်ကဆို
ပါတယ်။တစ်ဦးတည်းနေတဲ့သူတွေဟာစိတ်ဖိစီးမှုပိုခံရတတ်ပြီး၊နာတာရှည်စိတ်ဖိစီးမှုခံစားရပါက၊နှလုံးခုန်နှုန်း၊
သွေးတိုးနဲ့ကိုလက်စထရောတွေပိုမြန်တတ်ပါတယ်လို့ဆိုပါတယ်။

၁၀။ချက်ပြုတ်စားသောက်ပါ
ကိုယ့်ဘာသာကိုယ်၊ချက်ပြုတ်စားသောက်တဲ့အမျိုးသမီးတွေဟာအပြင်ထွက်စားသောက်တဲ့သူတွေထက်၊အသီး
အနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုပိုမိုစားသောက်ဖြစ်ပါတယ်လို့အမေရိကန်အာဟာရထိန်းချုပ်ရေး၊အဖွဲ့အစည်းက
ဆိုပါတယ်။အိမ်မှာသိုလှောင်ထားတဲ့အစားအစာထဲမှာလည်းဆန်လုံးညို၊ကောက်နှံတစ်ခုလုံးနဲ့ပြုလုပ်ထားတဲ့ခေါက်
ဆွဲခြောက်၊အစေ့အဆန်၊ခရမ်းချဉ်သီးခြောက်၊သစ်သီးခြောက်၊သံလွင်ဆီ၊ရှလကာရည်၊ကြက်သွန်ဖြူမှုန့်၊ကြက်သွန်
ကြော်၊ငရုတ်ကောင်းစတာတွေပဲပါဝင်သင့်ပြီး၊လတ်လတ်ဆတ်ဆတ်၊ဟင်းသီးဟင်းရွက်၊အသီးအနှံနဲ့အဆီနည်းအ
သား၊ငါးတွေကိုတော့ တစ်ရက်ခြားလောက်ဝယ်ယူချက်ပြုတ်သင့်ပါတယ်။

၁၁။တီဗီကိုအကြာကြီးမကြည့်ပါနဲ့
စွဲလမ်းနေတဲ့ဇာတ်ကောင်တွေ၊ဟီးရိုးတွေကိုခဏမေ့ပြီးတီဗီကိုပိတ်ကြည့်လိုက်ပါ။သင့်မှာစွမ်းအင်ပိုရှိလာပါလိမ့်
မယ်။အင်္ဂလန်သုတေသီတွေရဲ့လေ့လာချက်အရနှစ်ပတ်ကျော်တီဗီမကြည့်တဲ့သူတွေဟာအိပ်ရာကိုစောစောဝင်
ဖြစ်ကာ၊နောက်တစ်နေ့မနက်မှာလန်းလန်းဆန်းဆန်း၊ရွှင်ရွှင်ပျပျနိုးထတတ်ပါတယ်။တစ်ပတ်မှာတစ်ရက်လောက်
ညစာပါတီလို၊အုပ်စုလိုက်အားကစားလေ့ကျင့်တဲ့နေရာလို၊လူအများနဲ့သွားရောက်နေထိုင်ပါ။အဲဒီတစ်နေလုံးတီဗီ
မကြည့်ပဲဗဟုသုတရဖွယ်အုပ်တစ်အုပ်ကိုကောက်ဖတ်လိုက်ပါ။

၁၂။လတ်ဆတ်တဲ့ပန်းရနံ့ထားရှိ၊ရှူရှိုက်တာကအမျိုးသမီးတွေကိုပိုပျော်ရွှင်စေ၊စိတ်ပူပန်နည်းစေပါတယ်လို့ဟား
ဗတ်တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်ကဆိုပါတယ်။ပန်းတွေကိုမြင်လိုက်ရတဲ့ရုံးဝန်ထမ်းတွေဟာ၊တစ်နေ့လုံးစွမ်းအား
ပိုရှိနေတတ်တယ်တဲ့။ဒါကြောင့်ရုံးခန်းထဲကသင့်စားပွဲပေါ်မှာလည်းပန်းတစ်ပွင့်လောက်ထားရှိပါက၊သင့်ခန္ဓာကိုယ်
ထဲကကာဗွန်ဒိုင်အောက်ဆိုက်တွေ၊လျော့နည်းကာအောက်ဆီဂျင်တွေအပြည့်ရစေဖို့၊အလွယ်တကူနဲ့မကြာခဏ
ဆိုသလိုရှူရှိုက်နိုင်ပါတယ်။ကြာပွင့်နဲ့ဝါးပန်းတွေဟာအခန်းတွင်းလေထုညစ်ညမ်းတာတွေကိုဖယ်ရှားသန့်စင်ပေး
ပါတယ်။

၁၃။သင့်ဝမ်းဗိုက်အရွယ်အစားကိုတိုင်းတာပါ
ဂျင်းဘောင်းဘီတွေမတော်တော့ဟာခါးအရွယ်အစားကြီးလာပြီး၊ဗိုက်ပူလာတာကိုပြသတာပါ။ခါးအရွယ်အစား
၃၅လက်မကျော်သူအမျိုးသမီးတွေဟာ၊ဗိုက်အဆီကြောင့်သွေးတိုး၊နှလုံး၊ဆီးချိုနဲ့ကင်ဆာရောဂါတွေနောက်ဆက်
တွဲကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်တစ်လတစ်ကြိမ်သင့်ခါးအရွယ်အစားကိုတိုင်းတာကြည့်ပါ။ခါးအရွယ်အစားဟာ
အန္တရာယ်ပေးနိုင်တဲ့ပမာဏလောက်ရောက်နေရင်တော့၊ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ပုံမှန်အားကစားလုပ်ရင်း
ပေါင်အနည်းငယ်လျော့ကျသွားအောင်၊လုပ်နိုင်သလိုအစာစားတဲ့ပမာဏကိုလည်းလျှော့ချလိုက်ပါ။ဒါ့အပြင်
ကောက်နှံတစ်ခုလုံး၊သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုသာအာဟာရဖြစ်အောင်များစွာစားပေးပါ။

ဇွန်ခိုင်ဦး(ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)

4 comments:

  1. ဒီPostလေး အရမ်းကြိုက်တာပဲ မေရေ... စိတ်ဝင်စားစရာကောင်းပြီး တန်ဖိုးရှိတဲ့ အချက်အလက်လေးတွေ အမြဲမျှဝေပေးလို့ အရမ်းကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ...း)

    ReplyDelete
  2. တီဗီကိုအကြာကြီးမကြည့်ပါနဲ့ ...
    ပြီးတော့ ...
    ကွန်ပြူတာ စကရင် ကိုအကြာကြီး မကြည့်ပါနဲ့ ...

    ReplyDelete
  3. မေမိုးတော့ tv မကြည့်ဘူး။ ဒါပေမဲ့ ကွန်ပျုတာရှေ့ တော့အကြာကြီးထိုင်တယ်။ ဟိဟိ
    ကောင်းသောပိုစ်လေပါ။ မေမိုးတော့လိုက်နာနိုင်မယ်မထင်ပါဘူး စားပြီ အိပ်လို့လေ။
    မထင်နဲ့နော်။
    အသက်မရှည်မှာကြောက်လို့ လိုက်နာလိုက်ဦးမယ်။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်