Sunday, April 06, 2008

ချစ်ခြင်းဖြင့်သာ ရှုမြင်ပါ

အခါတစ်ပါး၊မြတ်ဘုရားသည်
သုံးပါးသံဃာ၊ညီညွတ်စွာဖြင့်
သာယာချမ်းမြေ့တောမှီမွေ.သည်
အရှေ.၀ါးတော၊ပြည်ကောသမ္ဗီ
အနီးဆီသို.
ကြွချီတော်မူခဲ့သည်တကား။

အို..ချစ်သားတို့....ဘယ်သို.စိတ်ထား
ကျင့်ကြံပွားလျက်၊သုံးပါးညီထွေ
နေထိုင်ပေဟု
မိန်.ခြွေဗုဒ္ဓ၊မေးသမျှကို
ဖြေကြသည်မှာ ဤသို.တကား။

အရှင်ဘုရား..ဘုရားတပည့်တော်
သုံးဖော်သံဃာ၊နေပါသည်ကား
တစ်ပါးကိုလျှင်၊တစ်ပါးမြင်သော်
ချစ်ခင်သောအကြည့်၊ထိုမျက်စိဖြင့်
ကြည့်ကြပါသည် အရှင်ဘုရား။

ထို.ပြင်နှိုင်းချ၊ပြုဖွယ်ရှိသော်
မိမိကိစ္စ၊သူ.ကိစ္စဟု
ကိစ္စပိုင်းခြား၊ငြင်းမပွားဘဲ
သုံးပါးညီစွာ၊ပြုကြပါသည်
ပမာနို.နှင့်ရေပါဘုရား။

ထို.ပြင်စိတ်တွင်း၊နှလုံးသွင်း၏
သီတင်းသုံးဖော်၊ငါတို.သော်ကား
သင့်လျော်တူကွ၊နေပေရသည်
အရတော်စွာ၊မိတ်ရင်းချာဟု
ကာယကံမေတ္တာ၊၀စီကံမေတ္တာ
မနောကံမေတ္တာ၊ထာဝရတည်ဆောက်
ကြံသက်ရောက်သည်
မျက်မှောက်မျက်ကွယ်ပါဘုရား။

ထို.နောက်တွင်ကား ဤသုံးပါးတွင်
တစ်ပါးချင်းက၊ကိုယ့်ဆန္ဒ၌
လုံးဝမလိုက်၊နှစ်ပါးကြိုက်ကို
လိုက်လျောကြည်သာ၊ဖြည့်စွမ်းပါ၏
ကိုယ်သာကွဲပြား၊စိတ်မခြားဘဲ
သုံးပါးအလို မမောက်မိုသည်
သုံးကိုယ်တစ်စိတ်ပါအရှင်ဘုရား။

သြော်..အရှင်အနုရုဒ္ဓါမထေရ်
အရှင်နန္ဒိယမထေရ်၊အရှင်ကိမိလမထေရ်
မထေရ်သုံးပါး၊မြတ်ဘုရားကို
ပန်ကြားလျှောက်တင်၊စကားစဉ်၌
နားဝင်ချိုလှစ်အမြင်သစ်ခဲ့
ချစ်ခြင်းအပြည့်၊ထိုမျက်စိဖြင့်
ရှုကြည့်လေက၊မြင်တိုင်းလှလိမ့်
လောဘ၊ဒေါသ၊အာဃာတနှင့်
မာနမျက်စိ၊ရှိတုံဘိက
ကြည့်တိုင်းမလှ၊ဖြစ်တတ်စွာတည့်
လောကကိုလျှင်၊လှစေချင်က
ငြိုငြင်မာန်တင်း၊ငြူစူကင်းလျက်
ချစ်ခြင်းဖြင့်သာ၊ရှုမြင်ပါဟု
ကဗျာတစ်ပုဒ် ရင်မှာထုတ်၍
ကျွန်ုပ်လက်ဆောင်ပေးချင်၏။

(မြင်းမူမောင်နိုင်မိုး)

အဖွဲ.အစည်းဆိုတာဦးရေအများကြီးမှမဟုတ်ပါဘူး။တစ်ဦးကကျော်လို.၊နှစ်ဦးဖြစ်လာပြီဆိုရင်၊ဒါအဖွဲ.အစည်းပါပဲ။
ဒီအဖွဲ.အစည်း၊စည်းလုံးညီညွတ်စွာ၊ရှိစေချင်တယ်ဆိုရင်တော့၊အရှင်အနုရုဒ္ဓါတို.သုံးပါးရဲ့၊နေထိုင်နည်းကို၊ကျင့်
သုံးသင့်ပါတယ်။

အဖွဲ.အစည်းညီညွတ်ဖို.အတွက်၊ပထမဆုံးလိုအပ်ချက်က၊တစ်ယောက်နဲ.တစ်ယောက်မြင်ရင်၊ချစ်ခင်တဲ့မေတ္တာ
မျက်စိနဲ.ကြည့်ဖို.ပါပဲ။ရန်လိုတဲ့မျက်စိ၊အထင်သေးတဲ့မျက်စိနဲ.ဂြိုလ်ကြည့်၊မကြည့်မိဖို.အင်မတန်အရေးကြီးပါတယ်။
ဒုတိယအချက်ကတော့၊လုပ်စရာ၊ကိုင်စရာရှိရင်၊သူ.အလုပ်၊ငါ့အလုပ်လို.ခွဲခြားမနေဘဲဦးတဲ့သူက။လုပ်ထားဖို.လို
ပါတယ်။

တတိယအချက်က၊ကံသုံးပါးမှာ မေတ္တာတရားထုံမွှမ်းထားပြီး၊ငါတို.တစ်တွေ အတူနေထိုင်ခွင့်ရတာ၊အရတော်ပေ
စွဆိုပြီး၊၀မ်းသာတတ်ဖို.လိုပါတယ်။ကိုယ်မှာမေတ္တာဓာတ်ရောက်တယ်ဆိုတာ၊အချင်းချင်းရဲ့ကိစ္စတွေကို။ဘာမှမျှော်
လင့်ချက်မထားဘဲ၊၀င်ရောက်ကူညီလုပ်ကိုင်ပေးတာကိုဆိုလိုပါတယ်။နှုတ်မှာမေတ္တာသက်ရောက်တယ်ဆိုတာ၊
စကားပြောတိုင်း၊တဖက်သားစိတ်ချမ်းသာမယ့်၊စကားလုံးမျိုးကိုသာ၊ရွေးချယ်ပြောတာကိုဆိုလိုပါတယ်။

စတုတ္တမြောက်အချက်ကတော့၊အဖွဲ.အစည်းညီညွတ်စေချင်ရင်၊မိမိဆန္ဒကို၊ဘယ်တော့မှရှေ.တန်းမတင်ရဘူး။
ကျန်တဲ့လူတွေရဲ့ဆန္ဒကိုပဲ၊ရှေ.တန်းတင်ရမယ်။များသောအားဖြင့်၊အဖွဲ.အစည်းတွေ၊ပြိုကျပျက်စီးကြတာဟာ၊အများ
ဆန္ဒထက် မိမိဆန္ဒကိုသာ အတ္တဆန်စွာနဲ.၊ရှေ.တန်းတင်ကြလို.ပါပဲ။

မထေရ်သုံးပါးဖြေဆိုတဲ့၊ညီညွတ်စည်းရုံးစွာနေထိုင်နည်းဟာလူအားလုံးနဲ.ဆိုင်ပါတယ်။အဖွဲ.အစည်းအားလုံးနဲ.လဲ
ဆိုင်ပါတယ်။ယုတ်စွအဆုံးမိသားစု၊အားလုံးအတွက်ပါဆိုင်ပါတယ်။ပျော်ရွှင်တဲ့မိသားစုဘ၀၊စည်းလုံးညီညွတ်တဲ့
အဖွဲ.အစည်းတစ်ခုကိုတည်ဆောက်နိုင်ရန်၊နှစ်သစ်လက်ဆောင်လေးအဖြစ်ဝေမျှပေးလိုက်ပါတယ်။

(အရှုံးမရှိသောဒဿနကိုမှီငြမ်းထားပါသည်)

2 comments:

  1. မှတ်သားစရာကဗျာလေးတစ်ပုဒ်အတွက်ကျေးဇူးပါဘဲ
    ညီမရေ....

    ReplyDelete
  2. တစ်ကယ် တန်ဖိုးရှိတဲ့ ကဗျာ ပို့စ် ကလေးပါ ... လိုက်နာ ကျင့်ကြံဖို့ လိုနေကြတာ ...

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်