Thursday, April 03, 2008

တခြားဘာသာတရားများကိုလေးစားခြင်း


အခြားဘာသာတရားများကိုလေးစားခြင်းဖြင့်
မိမိဘာသာတရား၏မြင့်မြတ်မှုကိုပြပါ

လူတစ်ဦးတစ်ယောက်သည်မိမိဘာသာတရားကိုသာ၊လေးစားကြည်ညိုပြီးအခြားဘာသာတရားများကိုကဲ့ရဲ့ရှုတ်ချ
မှု၊မပြုသင့်၊မပြုထိုက်ပါ။သို.မဟုတ်တစ်ကြောင်းမထောက်၊တစ်ကြောင်းထောက်ထားတာအခြားဘာသာတရားများ
ကိုလည်း၊လေးစားဂုဏ်ပြုသင့်၏။ယင်းသို.ပြုသောအားဖြင့်၊တရားများကိုလည်းလေးစားဂုဏ်ပြုသင့်၏။ယင်းသို.ပြု
သောအားဖြင့်၊မိမိဘာသာတရားကြီးပွားတိုးတက်ရေးကိုကူညီခြင်းကိစ္စလည်းပြီးမြောက်သည့်အပြင်၊အခြားဘာသာ
တရားများကိုကျေးဇူးပြုခြင်းကိစ္စလည်းပြီးမြောက်ပါ၏။

သို.မဟုတ်ပါက၊မိမိဘာသာတရားအတွက်သေတွင်းတူးရာရောက်သည့်အပြင်၊အခြားဘာသာတရားများကိုလည်း
ထိခိုက်စေပါသည်။မည်သူမဆို၊မိမိဘာသာတရားကိုမူဂုဏ်ပြုပြီး၊အခြားဘာသာတရားကိုကဲ့ရဲ့ရှုတ်ချပါက၊ငါ့ဘာသာ
တရားကိုဂုဏ်သိက္ခာတိုးပွားစေမည်ဟူသော၊ကိုယ့်ဘာသာတရားကိုကိုယ်၊အကြည်ညိုလွန်ကဲမှုသာဖြစ်၏။ဆန်.
ကျင်ဘက်အားဖြင့်မူ၊ယင်းသို.ပြုလုပ်သောအားဖြင့်၊မိမိ၏ဘာသာတရားကိုကြီးလေးစွာထိခိုက်နစ်နာစေ၏။သို.ပါ
သောကြောင့်စိတ်ဝမ်းမကွဲတစ်သဘောတည်းထားရှိတူညီခြင်းသည်ကောင်းမြတ်၏။တခြားလူများပြောဆိုကြတာ
တွေကိုလည်းကျွန်ုပ်တို.နာကြားကြပါစို.။တခြားလူများယုံကြည်ကိုးကွယ်သည့်ဘာသာတရားအယူအဆများကို
လည်းလိုလိုလားလားနာကြားမှတ်သားလိုစိတ်ထားရှိကြပါစို.။

အသောကမင်းကြီး

အရှုံးမရှိသောဒဿန(မေတ္တာရှင်ရွှေပြည်သာ)

1 comment:

  1. မှန်တယ်ဗျ ဗုဒ္ဓ ကိုယ်တိုင်တောင် တစ်ခြား ဘာသာဝင်တွေကို သေသေချာချာ အလေးထား ဆက်ဆံတယ် ... ၀ါဒ လာပြိုင်တာတွေ ပဲ ရှင်းရတာ ... :)

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်