Friday, March 28, 2008

အရွယ်ဆယ်ပါး

(၁)မွေးစကနေဆယ်နှစ်သားအထိအရွယ်ကိုမန္ဓဒသကလို.ခေါ်ပါတယ်။ဥာဏ်ပညာနုန်.နှေးတဲ့အရွယ်လို.အဓိပ္ပါယ်
ရပါတယ်။

(၂)ဆယ်နှစ်ကနေနှစ်ဆယ်အရွယ်အထိအရွယ်ကိုတော့ခိဋ္ဋဒသကလို.ခေါ်ပါတယ်။မြူးတူးပျော်ပါးကစားတဲ့အရွယ်
လို.အဓိပ္ပါယ်ရပါတယ်။

(၃)နှစ်ဆယ်ကနေသုံးဆယ်အရွယ်ထိကိုတော့ဝဏ္ဏဒသကလို.ခေါ်ပါတယ်။အဆင်းအလှဆုံးအရွယ်လို.အဓိပ္ပါယ်ရပါ
တယ်။

(၄)သုံးဆယ်ကနေလေးဆယ်ထိကိုတော့ဗလဒသကလို.ခေါ်ပါတယ်။အားခွန်ဗလအကောင်းဆုံးအရွယ်ပေါ့။

(၅)လေးဆယ်ကနေငါးဆယ်အထိအရွယ်ကိုတော့ဥာဏဒသက၊ဥာဏ်အကောင်းဆုံးအရွယ်လို.ခေါ်ပါတယ်။

(၆)ငါးဆယ်ကနေ၊ခြောကဆယ်အထိအရွယ်ကိုတော့၊ဟာနိဒကအရွယ်လို.ခေါ်ပါတယ်။သွေးအား၊လေအားဆုတ်
ယုတ်စအရွယ်ပါ။

(၇)ခြောက်ဆယ်ကနေ၊ခုနစ်ဆယ်ထိအရွယ်ကိုတော့ပဗ္ဘာရဒသကအရွယ်လို.ခေါ်ပါတယ်။ခန္ဓာကိုယ်ကြီးဟာရှေ.
ကိုကိုင်းလာ၊ရှိုင်းလာတဲ့အရွယ်ပါ။ခန္ဓာကိုယ်ကုန်းလာဖို.ရှေ.တော်ပြေးပေါ့။

(၈)ခုနစ်ဆယ်ကနေရှစ်ဆယ်ထိအရွယ်ကိုတော့၊၀င်္ကဒသကလို.ခေါ်ပါတယ်။ခန္ဓာကိုယ်ကုန်းလာတဲ့အရွယ်ပေါ့။

(၉)ရှစ်ဆယ်ကနေကိုးဆယ်ထိအရွယ်ကိုတော့၊မောမူဟဒသကလို.ခေါ်ပါတယ်။သတိမေ့လျော့တတ်တဲ့အရွယ်ပါ။

(၁၀)ကိုးဆယ်ကနေ၊တစ်ရာအရွယ်ထိကိုတော့သယနဒသကလို.ခေါ်ပါတယ်။မသွားနိုင်မလာနိုင်တော့ပဲအိပ်ရာထဲ
လဲတဲ့အရွယ်လို.ဆိုလိုပါတယ်။

(ကျွန်မတို.ဘယ်အရွယ်ကိုရောက်ရှိနေကြပြီလဲဆိုတာကိုယ့်ကိုကိုယ်သုံးသပ်ကြရင်း...ရောက်ရှိနေတဲ့အရွယ်
ကနေစပြီးဘာသာ၊သာသနာအကျိုးအတွက်သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို.အကျိုးမျှော်ပြီးနှိုးဆော်လိုက်
ရပါတယ်)

1 comment:

  1. ဘယ်အရွယ်လဲဆိုတာ သိရပြီ။ ဒီပိုစ့်ကို မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ညီမရေ။

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်