Friday, March 07, 2008

လေဖြတ်ချင်ရင်

ဒီနေ.တော့ဆေးနည်းလေးတစ်ခုကိုတင်ပေးချင်ပါတယ်။ဆေးနည်းလေးတွေကမဆန်းလှပါဘူး။အလွယ်တကူရနိုင်
တာတွေချည်းပါပဲ။တကယ်ဝေဒနာခံစားနေရတဲ့သူများအတွက်၊ဆေးကောင်းလေးတစ်လက်ဖြစ်ခဲ့ရင်ကျေနပ်ပါပြီ။
ခြေထောက်ထုံကျင်မှုခံစားနေရရင်၊သွေးလေမလျှောက်ဖြစ်နေရင်.........

သရက်ပင်ရဲ့အခေါက်ကိုခွာယူလိုက်ပါ။ပြီးရင်ရှောက်ရည်နဲ.ရောပြီး၊ကျောက်ပျဉ်မှာသွေးလိမ်းပါ။သနပ်ခါးလိမ်း
သလိုမျိုးလိမ်းပေးရပါတယ်။တစ်နေ.ကို(၄)ကြိမ်လောက်လိမ်းပေးပါ။မုချပျောက်ကင်းပါလိမ့်မယ်။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်