Sunday, March 02, 2008

လွမ်းသူ.စာ(လူထုဒေါ်အမာ)

စာဆိုစလေဦးပုညနှစ်(၁၅၀)မွေးနေ.၂


ဦးပုညသည်အအားလည်းမနေ၊ဘယ်သူဘယ်ဝါကဘာကိုရေးပေးပါဟူ၍ခိုင်းသူမရှိလျှင်ဗေဒင်ဟောစာကိုပင်၊က
ဗျာဖွဲ.၍၊သီ၍လွယ်ကူစွာကျက်မှတ်နိုင်စိမ့်ငှာစုပေါင်းပေးဟန်ရှိလေသည်။

လွန်ခဲ့သည့်အနှစ်(၁၅၀)အမရပူရနှင့်မန္တလေးခေတ်၌စက်တင်ပုံနှိပ်ခြင်းကထွန်းကားသေးသည်မဟုတ်ပေရာ၊
ပုရပိုက်ထဲနှင့်ပေထဲတွင်ရှိသည့်စာကိုနှုတ်ငုံဆောင်ကြရသည်။ထို.ကြောင့်နှုတ်ငုံဆောင်သည့်အခါ၊စကားလုံးကို
ရွေး၍သီကုံးပြီးကာရန်များထည့်၍ပေးလျှင်၊ကျက်ရမှတ်ရလွယ်ကူသည်။ထို.ကြေင့်ကျက်လိုမှတ်လိုသူများအဖို.
ရေးကြသူတို.ကအလင်္ကာ၊ကဗျာသဘောနှင့်ရေးကြသည်ကများသည်။

ဦးပုညသည်ဖခင်ပုခန်းငယ်မြို.သူကြီးဖြစ်ပြီး၊မြို.သူကြီးမှာသာယာဝတီမင်း၏ကျေးကျွန်ရင်းဖြစ်လေရာ၊ဦးပုည
နှစ်ခါလည်မတိုင်မီကစ၍မင်းပါးစိုးခွင်ဝင်ရောက်နိုင်သူဖြစ်လေသည်။ငယ်မည်မောင်ပုတ်စည်ကိုပင်သာယာဝ
တီမင်းကမှည့်ခေါ်ခြင်းဖြစ်သည်။


ထို.နောက်အမရပူရမြို.တူမောင်းတိုက်ဆရာတော်ဦးဒီပထံတွင်(၇)နှစ်သားကစ၍ပဉ္ဖင်းလောင်းအရွယ်အသက်
(၂၀)ထိ(၁၃)နှစ်တိုင်တိုင်၊ကိုရင်ဝတ်နှင့်နေ၍"စလေကိုရင်ကြီး"ဟုလူသိများခဲ့သည်။ငယ်ဆရာဦးဒီပပျံလွန်သည့်
အခါဗန်းမော်ဆရာတော်ထံတွင်ပဉ္စင်းပြု၍အသက်(၂၄)နှစ်အထိ၊ပဉ္စင်းဘ၀နှင့်ဗန်းမော်တိုက်တွင်နေသည်။ထို.
နောက်(၂၇)နှစ်အရွယ်တွင်မိမိဝါသနာပါသောစာပေအရေးအသားနှင့်ဗေဒင်အဟောအပြောသည်တင်းကျပ်
သောဝိနည်း+သိက္ခာတော်နှင့်လျော်ကောင်းအံ့မထင်ဟုယူဆ၍ရဟန်းသိက္ခာချပြီးကိုရင်ကြီးအ၀တ်နှင့်သာနေ
တော့သည်။ထိုအခါစလေကိုရင်ကြီးမှာလူသိများသည့်စာဆိုဖြစ်နေလေပြီ။


ထိုအချိန်ကနောင်မင်းသား၊ပုဂံမင်းသား၊မက္ခရာမင်းသားစသည်တို.နှင့်ကျွမ်းဝင်နေပြီး၊မင်းသားတွေအရေးခိုင်း
သည့်ပြဇာတ်များ၊ဒုံချင်းများကိုရေးပေးနေလေပြီ။သည့်နောက်ကနောင်မင်းသားနှင့်မင်းတုန်းမင်းတို.ကို၊မင်းသား
ဘ၀ကတည်းကချစ်ကျွမ်းဝင်ခဲ့၍ကိုရင်ဝတ်နှင့်မနေလိုသောကြောင့်၊လူထွက်သည့်အခါတွင်လည်း၊ကနောင်မင်း
သားနှင့်မင်းတုန်းမင်းသားထံမှာပင်လူထွက်ခဲ့သည်။


မင်းတုန်းမင်းသားကိုမူဦးပုညကဘုရင်မင်းမြတ်ဖြစ်လိမ့်မည်ဟုတိတိကျကျစောစောကြီးကပင်ဟောပြောထားပြီး
ဖြစ်သည်။ဟောသည်နှင့်အညီမင်းတုန်းမင်းသည်မင်းအဖြစ်သို.ရောက်ရှိခဲ့သည်။ထို.ကြောင့်ဦးပုည၏ဘ၀၌ဖခင်
ကစ၍ခစားခဲ့သောသာယာဝတီမင်း၊သူနှင့်စာရေးပေးရင်းကျွမ်းဝင်ရသည့်ပုဂံမင်း၊ထို.နောက်ပို၍ကျွမ်းဝင်ခဲ့ရ
သည့်မင်းတုန်းမင်းဟူ၍မင်းသုံးဆက်နှင့်ရင်းနှီးသူဖြစ်သည်။


သက်ဦးဆံပိုင်ဘုရင်များနှင့်စာနှင့်ပေနှင့်ဆက်၍ရင်းနှီးပြီး၊၀င်ထွက်နိုင်သည်ရှိသော်လည်း၊ဦးပုညသည်အနုပညာ
သည်တစ်ယောက်ပီပီလွတ်လပ်စွာနေလိုသူဖြစ်သည်။ထို.ကြောင့်မင်းများကိုလိုအပ်သည်ထက်ပို၍ခစားခြင်း၊မင်း
ပါးစိုးခွင်ဝင်လွန်းခြင်းများမပြုပေ။အကယ်၍အနုပညာသည်စိတ်မရှိဘဲ၊ကပ်ပါးရပ်ပါးစိတ်ရှိခဲ့လျှင်၊စာပေအရေးအ
သားကိုအကြောင်းပြု၍ဦးပုညသည်အာဏာစက်ဝန်းအတွင်းဝင်ရောက်နိုင်သူဖြစ်ပေသည်။သို.သော်ထိုခေတ်ထို
အခါ၌၊စည်းစိမ်ဂုဏ်သိန်နှင့်အာဏာကိုမက်မောသူမဟုတ်ပေ။သူရေးလိုသည်ကိုရေး၍လွတ်လပ်စွာနေလိုသော
အနုပညာသည်သာဖြစ်သည်။မင်းတုန်းမင်းမန္တလေးမြို.၌စိုးစံစဉ်ကာလကနယ်ချဲ့ဗြိတိသျှသည်အောက်မြန်မာပြည်
ကိုသိမ်းပိုက်ရလျှင်၊ပြည်သူကိုကျွန်လုပ်ရ၊လွယ်မည်နည်းဆိုသည်ကို၊နည်းမျိုးစုံနှင့်ရှာဖွေနေသည့်အချိန်ဖြစ်သည်။


ဗြိတိသျှအဖို.အောက်မြန်မာပြည်ကိုရခြင်းမှာဆန်အိုးကိုတွေ.ခြင်းသာဖြစ်၍၊အထက်မြန်မာနိုင်ငံရှိရေနံနှင့်ကျွန်း
သစ်များကသွားရည်တများများကျစေလျက်ရှိသည်။ထို.ကြောင့်မန္တလေးသိမ်းရေးကိုအစဉ်အမြဲနည်းလမ်းရှာနေ
ပေမည်။နည်းလမ်းရှာသည့်အခါမြန်မာမင်းအားနည်းအောင်လုပ်သည့်နည်းများ၊မြန်မာဘုရင်အုပ်ချုပ်ရေးက
မောက်ကမဖြစ်အောင်၊လုပ်သည့်နည်းလည်းနည်းလမ်းကောင်းတစ်ခုဖြစ်ပေမည်ကိုဗြိတိသျှကမြင်ပေမည်။ထို.
ကြောင့်မန္တလေးခေတ်အမရပူရခေတ်၌မြို.၀န်ဘိုင်ဆိတ်တို.တွင်ကျယ်မှုအစမြင်းကွန်း၊မြင်းခုံတိုင်အရေးတော်
အဆုံးအောက်ပြည်၌အုပ်ချုပ်နေသောနယ်ချဲ.ဗြိတိသျှ၏ပယောဂမပါဆိုရန်ခက်ပေမည်။ဗြိတိသျှသူလျှိုများသည်
လည်းအမရပူရနှင့်မန္တလေး၌သေသေချာချာကြီးခြေချင်းလိမ်၌ဂိုဏ်းနှင့်ရှိမည်မှာမုချဖြစ်သည်။


မင်းတုန်းမင်းတရားသည်စိတ်နှလုံးအလွန်ပြည့်ဝသည်။သာသနာတော်၌မွေ.လျော်သည်။ညီတော်ကနောင်မင်း
သားကမူတိုင်းပြည်ကာကွယ်ရေးကိုခေတ်မီမီကာကွယ်လိုသည်။ထို.ကြောင့်တိုင်းသူပြည်သားကြည်ညိုသောမင်း
တုန်းမင်းတရား၏မြန်မာနိုင်ငံတော်လုံခြုံရေးအတွက်ညီတော်ကနောင်မင်းသားရှိနေခြင်းသည်နယ်ချဲ.ကိုလိုနီကျွန်
လုပ်ရေးသမားများထွင်းဖောက်မမြင်နိုင်သောတံတိုင်းဖြစ်မည်။ဤတံတိုင်းနှစ်ခုကိုဖြိုလှဲရန်မြင်ကွန်း၊မြင်းခုံတိုင်
မင်းသားနှစ်ပါးကကြံသည်။

ယင်းသို.ကြံသည့်အခါထိုခေတ်ထိုအခါကစ၍ယနေ.တိုင်မြန်မာတို.ယုံကြည်နေသေးသောဗေဒင်ပညာနှင့်အချိန်
အခါရွေးဖို.ကိစ္စပေါ်လာသည်။ပေါ်လာသည့်အခါဦးပုညသည်သူ.ခေတ်၌အကျော်ဆုံးဗေဒင်ဆရာဖြစ်သည်။ထို.
ကြောင့်စလင်းစုဘုရား၏နားထွင်းမင်္ဂလာသို.လာသည့်ဦးပုညကိုမြင်းကွန်းနှင့်မြင်းခုံတိုင်မင်းသားတို.ကကျိတ်၍
လက်တို.ခေါ်သွားပြီးအရှေ.ပြင်ကျုံးထိပ်အိမ်၌ဗေဒင်မေးကြသည်။သူပုန်ထဖို.အခါပေးရမည်ဟုလည်းဆိုသည်။


ဦးပုညအဖို.မိမိမှာမင်းတုန်းမင်းတရား၏အချစ်တော်၊ကနောင်မင်းသား၏အချစ်တော်ဖြစ်၍မြင်းကွန်းမင်းသားတို.
ဗေဒင်မေးသည်ကိုတွက်မပေးနိုင်ပါ၊အခါမပေးနိုင်ပါဆို၍ဖြစ်သည်မဟုတ်။ပဒေသရာဇ်ခေတ်ဆိုသည်မှာနီးရာဓား
ကိုကြောက်ရမြဲဖြစ်သည်။ထို.ကြောင့်ဟောလိုက်ရသည်အခါတွက်ပေးလိုက်ရသည်။



စင်စစ်ဦးပုညသည်နိုင်ငံရေးအရှုပ်အထွေးရှိသည်ဆိုလျှင်ပါချင်သူမဟုတ်၊မတရားလုပ်နေလျှင်လည်းကြည့်မနေ
ချင်။ထို.ကြောင့်အမရပူရ၌မြို.၀န်ဘိုင်ဆတ်တို.၊မြို.စာရေးမောင်ပိန်တို.၊တံခါးမှူးငရွှေဘော်တို.ရမ်းကား၍လူတွင်
ကျယ်လုပ်ချင်တိုင်းလုပ်နေသည့်ကာလကဆိုလျှင်၊အမရပူရမှာမှာပင်မနေဘဲစလေပြန်ပြီး(၁၃)နှစ်လုံးလုံးရှောင်ရှားနေခဲ့သည်။


ယခုတစ်ချီမရှောင်သာ၍တွေ.ရသည်။တွေ.ရသည့်အခါကနောင်မင်းသားကလည်းချက်ချင်းကြားသဖြင့်ဦးပုညကိုချက်
ချင်းခေါ်မေးသည်။မေးသည့်အခါဦးပုညကသူသည်မင်းတုန်းမင်းနှင့်ကနောင်မင်းသားကလွဲ၍ဘယ်သူ.ကိုမှမခစား။သူ.
ကိုလည်ပင်းဓားတင်ပြီးအာဏာနှင့်ခိုင်းသောကြောင့်၊ဟောပေးခဲ့ရသည်ဟုဖြေဆိုသည်။ကနောင်မင်းသားကမူစိတ်ဆိုး
လွန်း၍နောင်တော်မင်းတုန်းဘုရင်ထံဦးပုညကိုခေါ်သွားပြီးတင်လျှောက်သည်။လျှောက်သည့်အခါမင်းတရားကဦးပုည၏
အခက်အခဲကိုမြင်တော်မူသဖြင့်အပြစ်မယူနှင့်အိမ်ရှေ.မင်းကိုပင်တောင်းပန်၍လွှတ်လိုက်သည်။


ဘုရင်မင်းမြတ်ကဦးပုညသည်ကဗျာပါရဂူလည်းဖြစ်သည်။ဗေဒင်ပညာ၌လည်းတိုင်းသုံးပြည်သုံးမင်းသုံးဆရာတစ်
ပါးဖြစ်ရာမလွတ်ကင်းနိုင်ပါ။ထို.အပြင်ကိုပုညကိုမိမိကဇီဝိတအဘယဒါနပေးထားသည်။မင်္ဂလာစံအိမ်တော်နေရ
စဉ်ကပင်ကိုပုညမိမိကဇီဝိတအဘယဒါနပေးထားသည်။မင်္ဂလာစံအိမ်တော်တွင်နေရစဉ်ကပင်၊ကိုပုညနှင့်ကျွမ်း
ဝင်ရ၍ဆင်းရဲဖက်၊ချမ်းသာဖက်လည်းဖြစ်သည်။ကိုပုညမှာပျော်တော်ဆက်ဖက်ဖြစ်သည်။ကိုပုညကိုခမည်းတော်
ကလည်းအလွန်လေးမြတ်တော်မူသည်။ကိုပုညကိုခမည်းတော်ကလည်းလေးမြတ်တော်မူသည်။ရာဇ၀တ်အပြစ်
ဖြစ်တော်မူသော်လည်းအပြစ်မပေးပါနှင့်။ပညာရှိတစ်ယောက်ဖြစ်၍အလိုရှိသမျှနေပါစေဟုညီတော်ကိုအမိန်.ရှိ
လိုက်သည်။

ဆက်ရန်



No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်