Wednesday, February 13, 2008

အလှတရားမှအမှန်တရားသို.(ဆရာတော်ဦးဇောတိက)

ကိုယ်နှုတ်နှလုံး၊သုံးပါးလုံးယဉ်ကျေးသိမ်မွေ.လှပရမယ်

ခုခေတ်မှာယုတ်ယင်းကြမ်းတမ်းတဲ.အမူအရာတွေလုပ်ကြတာများလာတယ်။
ယုတ်ယင်းကြမ်းတမ်းတဲ.အပြောအဆိုတွေများလာတယ်။ဘာဖြစ်လို.လဲ။
အမူအရာလှပတာလည်းရှိတယ်။ပြောပုံဆိုပုံလှတာလည်းရှိတယ်။ပြောပုံ
ဆိုပုံအသံနေ၊အသံထားကအစလှပအောင်လေ့လာသင့်တယ်။ကိုယ်အမူအရာ
နှုတ်အမူအရာယဉ်ကျေးလှပမှုဟာ၊တန်ဖိုးထားရမယ့်အရာဖြစ်တယ်။
အေးဆေးတည်ငြိမ်ပြီးကျက်သရေရှိတဲ.၊ကိုယ်နှုတ်အမူအရာရှိတဲ.သူဟာချစ်
သူခင်သူပိုများလာတယ်။

ချစ်တာကိုဖော်ပြတဲ.အမူအရာဟာလှပတဲ.အမူအရာဖြစ်တယ်။ကိုယ်အမူအရာ
နှုတ်အမူအရာကြမ်းတမ်းတာမလှပတဲ့အမူအရာဖြစ်တယ်။မောက်မောက်မာမာ
ပြောဆိုတာမလှပတဲ.အမူအရာဖြစ်တယ်။အမူအရာမလှတဲ့သူကိုမဆက်ဆံချင်ဘူး။
ဆက်ဆံရရင်လည်းစိတ်မချမ်းသာဘူး။

လူချစ်လူခင်ပေါချင်ရင်သန်.သန်.ရှင်းရှင်းနေတတ်ရမယ်။ကိုယ်နှုတ်နှစ်ပါးလုံးယဉ်
ကျေးသိမ်မွေ့လှပရမယ်။စိတ်ထားလည်းလှရမယ်။

လောကကိုလေးစားခြင်း

ဖရုသ၀ါစာကြမ်းတမ်းသောစကားကိုမပြောရဘူး။လူတစ်ယောက်ရဲ.အဆင့်အတန်း
ကိုသူပြောတဲ.စကား၊သူသုံးတဲ.စကားလုံးတွေကိုကြည့်ပြီးမှန်းလို.ရတယ်။ကြမ်းတမ်း
တဲ.စကားကိုဂုဏ်ယူပြီးပြောလာရင်၊အဲဒီလူဟာစိတ်ဓာတ်ပါကြမ်းတမ်းလာမယ်။ကိုယ်
ပြောတဲ့စကားဟာကိုယ့်စိတ်ကိုအများဆုံးလွှမ်းမိုးတယ်။
စကားကိုအသံကျယ်ကျယ်နဲ.ပြောတာလည်း၊ယဉ်ကျေးမှုနိမ့်တဲ့သဘောဖြစ်ပါတယ်။
လိုတာထက်ပိုပြီးအသံကျယ်နေရင်မကောင်းဘူး။တကယ်လေးနက်တဲ့စကားကိုပြောချင်
ရင်မတိုးမကျယ်ပြောမှလေးနက်တယ်။

လူတစ်ယောက်ဟာကြည့်မကောင်းလောက်အောင်၊ဆံပင်တွေတွေကို့ရိုးကားယားလုပ်
လိုက်မယ်။အ၀တ်အစားလဲကို.ရိုးကားယားကြည်.မကောင်းလောက်အောင်၊၀တ်လိုက်မယ်
ဆိုပါတော.နော်။အကျီင်္တွေမှာအပေါက်တွေနဲ့၊ဘောင်းဘီမှာလဲ၊အပေါက်တွေနဲ့ဆိုပါတော့နော်။
လုံချည်ဆိုလဲဒီလိုပဲ၊ကို.ရိုးကားယားဝတ်မယ်ဆိုပါတော.။ပြီးတော့လမ်းပေါ်မှာသူလျှောက်သွား
နေတယ်ဆိုပါတော့။သူဘယ်သူ့ကိုမှဘာမှမလုပ်ပေမဲ့၊သူဟာလူတွေကိုအကြမ်းဖက်မှု(violence)
တစ်ခုခုလုပ်လိုက်ပြီလို့ပြောလို့ရတယ်။သူ့ကိုမြင်ရတဲ့သူတိုင်းစိတ်ချမ်းသာမှာမဟုတ်ဘူး။ဒါဟာ
ရိုင်းပျစော်ကားမှုတစ်မျိုးလိုဖြစ်နေတယ်။

ကိုယ်.အိမ်ကိုလာတဲ့သူဟာ၊အ၀တ်အစားကို.ရိုးကားယားဝတ်လာမယ်ဆိုရင်၊ကိုယ့်ကိုမလေးစားဘူး
လို့အဓိပ္ပါယ်ပေါက်တယ်။အိမ်ရှင်ကိုလေးစားရင်ကောင်းကောင်းမွန်မွန်ဝတ်သွားရတယ်။နိုင်ငံခြားမှာ
တချို.စားသောက်ဆိုင်တွေမှာ၊အ၀တ်အစားကိုကောင်းကောင်းမွန်မွန်ဝတ်မထားတဲ့သူကိုဆိုင်ထဲကို
ဝင်ခွင့်တောင်မပေးဘူး။

လူ့အသိုင်းအ၀ိုင်းမှာနေတာ။လူတွေကြားထဲမှာနေတာ။ဒါကြောင့်ပတ်ဝန်းကျင်ကိုလေးစားရမယ်။
ကိုယ့်ကိုယ်ကိုလည်းလေးစားရမယ်။ကိုယ့်ကိုယ်ကိုကိုယ်လေးစားရင်၊သပ်သပ်ရပ်ရပ်ဝတ်ရမယ်။
ဒါမှလည်းသူများရဲ့လေးစားမှုကိုရမယ်။ငါ့ဟာငါဝတ်ချင်သလိုဝတ်တာပဲလို့ပြောလို့မရဘူး။ငါဟာငါ
ဝတ်ချင်သလိုဝတ်ချင်သလိုဝတ်မယ်ဆိုရင်၊ဘယ်မှာသွားနေရင်ကောင်းမလဲ။လူမရှိတဲ.နေရာမှာသွားနေ၊
တောထဲမှာသွားနေနော်။

No comments:

Post a Comment

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်