Thursday, February 28, 2008

သင်သေသွားသော်(ဆရာဇော်ဂျီ)

လူ.ပြည်လောက
လူ.ဘ၀ကား
အိုရနာရ
သေရဦးမည်
မှန်ပေသည်တည့်။



သို.တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို.မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။


သင်၏မျိုးသား
စာစကားလည်း
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏။


သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်ကျန်စေသတည်း။

1 comment:

  1. ဆရာဇော်ဂျီရဲ့ ကဗျာတွေကတော့ အသိဥာဏ်ကို လင်းနေစေမြဲပဲနော်

    ReplyDelete

စကားလုံးလေးတွေအတွက်အထူးကျေးဇူးတင်ပါတယ်နော်